မင်္ဂလာပါ အောင်မြင်ချင်သူ မိတ်ဆွေတို့ရေ...
ခုဆိုရင် ပြည့်စုံသောဘဝကို ရရှိဖို့၊ ဖြစ်မြောက်ဖို့
ကျင့်ဆောင်ရမည့် လမ်းစဉ်တွေကို အခန်းဆက် ဖော်ပြပေးခဲ့ရာမှာ နောက်ဆုံးအပိုင်းသို့ ရောက်ရှိ
ခဲ့ပါပြီ။
ဤအပိုင်းတွင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့
ဆောင်ရွက်ရမည့် အချက် (၁၀) ချက်ထဲမှ
နောက်ဆုံး နှစ်ချက်ဖြစ်သော ဇွဲ ရှိဖို့နှင့် စံပြပုဂ္ဂိုလ်
ဖြစ်ဖို့ ကျင့်ဆောင်ရမည့် လမ်းစဉ်များကို ပြောပြ
ပေးသွားပါမည်။
(9) Persistence - ဇွဲ
မိတ်ဆွေတို့ အနေဖြင့် အောင်မြင်ပြည့်စုံသောဘဝ
သို့ သွားနေခြင်းတွင် နှေးတာ၊ မြန်တာသည်
အခရာ မကျလှပါဘူး။ ရှေ့သို့ သွားနေခြင်းကသာ
အဓိက ကျပါတယ်။ ဟုတ်ပါတယ်...အလုပ်ကိစ္စ
တစ်ခုကို ဆောင်ရွက်ရာမှာ အောင်မြင်မယ်၊
ကျရှုံးမယ် ဆိုတာဟာ ဘယ်လောက် စွဲစွဲမြဲမြဲ ဇွဲ
ရှိနိုင်မလဲ အပေါ် မူတည်ပါတယ်။ အလုပ်ကြီး
အကိုင်ကြီး လုပ်ကိုင်ရာမှာ အခက်အခဲတွေ၊ အရံ
အတားတွေကတော့ တွေ့ကြုံရနိုင်တာပါပဲ။ မိမိရဲ့
ပန်းတိုင်ဟာ ကြီးမားလေ... ခံနိုင်ရည်ရော ဇွဲ ပါ
ရှိဖို့လိုလေပေါ့။
မိတ်ဆွေတို့မှာ အလုပ်တစ်ခု ပြီးမြောက်ဖို့ ဇွဲ ရှိရမယ်
ဆိုပေမယ့် မိမိ ရရှိရောက်ရှိလိုတဲ့ အရာဟာ မိမိ
စွမ်းဆောင်နိုင်မှုနဲ့ ရယူနိုင်စွမ်း ရှိမယ့်အရာ ဖြစ်သင့်
ပါတယ်။ ဗဟုသုတ၊ နည်းပညာ၊ ဆင်ခြင်ဉာဏ်
နည်းပါးစွာ စွဲစွဲမြဲမြဲ ဆက်လက် လုပ်ဆောင်နေတာ
မျိုးကတော့ မဖြစ်သင့်ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့
အနေဖြင့် မှန်ကန်သော ဇွဲ ထားရှိတတ်ဖို့ ပြောပြ
ပေးပါမယ်။
ပထမဦးစွာ မိတ်ဆွေတို့ဟာ မိမိတို့ ရောက်ရှိလိုသော
ခန့်မှန်းဆုံချက် - FOCUS ထားရှိရပါမယ်။ အဲဒီ
FOCUS ကို ထိမှန်ဖို့ရာ လိုအပ်သော ဗဟုသုတ၊
နည်းပညာတွေ သင်ယူလေ့လာရပါမယ်။
ဗဟုသုတ၊ နည်းပညာတွေကို မှန်မှန်ကန်ကန်
ဆင်ခြင်နိုင်စွမ်းရှိသော Wisdom - ပညာဉာဏ်
ဖြစ်အောင် ကျင့်သုံးပြီး Effort - အားစိုက်ထုတ်မှု
လုံ့လ ပြုရပါမယ်။
ဒီအတိုင်း စွဲမြဲစွာ ဆက်လက် လုပ်ဆောင်နေခြင်း
ကိုသာ Persistence - ဇွဲ ရှိတယ်လို့ ဆိုထိုက်
ပြီး အောင်မြင်မှု ရရှိမှာပါ။
ထပ်မံပြောပြရရင် မိတ်ဆွေတို့ရဲ့ ပစ်မှတ်ဆုံချက် -
Focus ကို ပညာဉာဏ် - Wisdom နှင့်
ပေါင်းစပ်ဆင်ခြင်ပြီး Effort - အားထုတ်ကြိုးပမ်း
ရမည်ဟု ဆိုတာပါ။
FOCUS ဆိုတာက Follow One Couse
Until Success....အောင်မြင်မှု ရသည်အထိ
အကြောင်းအရာကိစ္စတစ်ခုတည်းကိုသာ လိုက်ပါ
ဆောင်ရွက်ခြင်းဟု ပြောရမှာပါ။ ဟုတ်ကဲ့ပါ...
မိတ်ဆွေတို့ဟာ ရည်ရွယ်ထားသော ပန်းတိုင်သို့
ရောက်ချင်တယ် ဆိုရင် ပညာဉာဏ်ဖြင့် ဆုံးဖြတ်
ချက် တစ်ခါတည်းချ၊ မရမက ရအောင် လုပ်ဆောင်
ရပါမယ်။ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်နှင့်
ဆက်လက် စွမ်းဆောင်ရပါမယ်။ ဇွဲ မပါရှိဘဲနဲ့တော့
လိုရာခရီးကို ရောက်ဖို့ မလွယ်ပါဘူး။ ဇွဲ ရှိမှ
အောင်မြင်ပါမယ်။
(10) Standard - စံပြ
ခေါင်းဆောင် ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုကို
တည်ဆောက်ပြီး ရှေ့မှ ဦးဆောင်သွားသူပါ။
မျှော်မှန်းချက်တစ်ခုကို လက်တွေ့ အကောင်အထည်
ဖော်နိုင်ဖို့ စုစည်းဆောင်ရွက်ကြသော လူတွေက
မိမိကို အတုယူလိုက်ပါနိုင်စေရန် ရှေ့ဆောင်လမ်းပြ
နိုင်ရပါမယ်။
Initiate as Model - စံပြပုဂ္ဂိုလ် အဖြစ် စတင်
လှုပ်ရှား ပြုမူပြရပါမယ်။ ဆောင်ရွက်နေစဉ် ကာလ
တစ်လျှောက်မှာလည်း မိမိရဲ့ လုပ်ကိုင်ပြုမူနေပုံတွေ
ဟာ Br professional at all time - အချိန်
တိုင်းမှာ နှံ့စပ်ကျွမ်းကျင် ပိုင်နိုင်နေရပါမယ်။ ဒါမှ
လည်း အခြားလူတွေက ပိုမို ယုံကြည်အားထားစွာ
လက်တွဲလိုက်ပါ ကြိုးစားရွက်ဆောင်ကြသော အဖွဲ့
တစ်ခုရဲ့ စံပြခေါင်းဆောင် အဖြစ် အောင်မြင်မှု
ရပေလိမ့်မည်။
ခုဆိုရင် အောင်မြင်ပြည့်စုံသောဘဝကို ရရှိဖို့ ကျင့်ကြံ
ရမည့် အခြေခံ လိုအပ်ချက်တွေကိုလည်း ပြောပြခဲ့
ပြီးပြီ။ စိတ်ကူးအိပ်မက်တွေ မက်တတ်ဖို့၊ အကောင်း
မြင် အပြုသဘောထားတွေ ထားတတ်ဖို့၊ ယုံကြည်မှု
တည်ဆောက်တတ်ဖို့၊ ကတိကဝတ်ပြု လုပ်ဆောင်
တတ်ဖို့တွေကိုလည်း ပြောပြခဲ့ပြီးပြီ။ ခေါင်းဆောင်
ကောင်းတစ်ဦး အနေဖြင့် ရပ်တည်စွမ်းဆောင်နိုင်ဖို့
ပြုကျင့်ရမည့် အချက်အလက်တွေလည်း ချပြခဲ့ပြီးပြီ။
ဒီတော့ အဓိက System ဖြစ်တဲ့ လေ့လာ၊
လေ့ကျင့်၊ လုပ်ဆောင်ရမှာကတော့ မိတ်ဆွေတို့၏
အထူးတာဝန်ပါပဲ။
ဟုတ်ပါတယ်... ဘဝမှာ ဘာပဲ ရချင်၊ ဖြစ်ချင်
Action - လုပ်ဆောင်မှု မပါဘဲနဲ့တော့ ဘာမှ
ရရှိ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ မိတ်ဆွေတို့
မအောင်မြင်ကြသေးဘူး ဆိုရင် တကယ် မလုပ်ကြ
သေးလို့ပါပဲ။ အောင်မြင်ကြီးပွားသူများနှင့် အရှုံးသ
မားများရဲ့ ကွာခြားချက်ကတော့ လုပ်ဆောင်စရာ
ရှိသည်များကို စဉ်ဆက်မပြတ် လုပ်ဆောင်တတ်ခြင်း
ရှိ၊ မရှိပါ။
ဆုံးရှုံးမှာ၊ ပင်ပန်းဒဏ်ခံရမှာ ကြောက်ပြီး၊ မစတင်ဘဲ၊
မလှုပ်ရှားဘဲ ကံကြမ္မာကောင်း ထိုင်စောင့်နေရုံနဲ့
တော့ ဘာမှ ပြည့်စုံလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်
မိတ်ဆွေတို့ အနေဖြင့် မိမိဘာလုပ်ချင်သည်၊ ဘာ
လုပ်နိုင်သည်ကို သိရှိပြီး အပြည့်အဝ လုပ်ဆောင်မှု
ကို စတင်ပါတော့။ ပြုဖွယ်ကိစ္စတို့ကို ဦးစွာချက်ချင်း
လုပ်ဆောင်ပါတော့ ဟု တိုက်တွန်းပြောကြားလိုက်
ရပါတယ်။
ကျေးဇူးတင်ပါတယ်......
............................. ဟိန်းခန့်မောင် ..............
........................ ၁၅. ၀၅. ၂၀၁၅ .................
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....
With Kindness
MSC - 193
Hein Khant Maung ပြုစု ရေးသားသည်။