မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီနေ့မှာတော့ တောတောင်သဘာဝ ရှုခင်းအလှ
ရေတံခွန်လေးတွေ ကို အမှတ်တရ ရိုက်ယူ
တင်ပေးလိုက်ပါတယ်...
ဘယ်နေရာလဲ လို့တော့ မပြောပြတော့ပါဘူး။
အထက်ပါပုံတွင် ရေတံခွန် လေးခု ပါရှိပါတယ်။
မိတ်ဆွေတို့ မြင်ကြပါရဲ့လားဗျာ...
ထိုပုံကို အောက်ဆုံးဆင့် လေးခုမြောက် ရေတံခွန်မှ
အပြန် အတတ်လမ်းမှ ရိုက်ယူထားပါတယ်။
ရေတံခွန် လေးဆင့်လုံး အဆင်းအတတ်ခရီး
ကြာချိန်မှာ ၄ နာရီလောက် ရှိပါတယ်။
တစ်နေရာစီတွင် ၁၅ မိနစ်မျှလောက်သာ အချိန်ယူ၍
ဓာတ်ပုံရိုက်ခဲ့တာပါ။ ဆိုင်ကယ်ကယ်ရီဖြင့်
အဆင်းအတတ် လုပ်လျှင်ကား အောက်ဆုံးဆင့်
ရေတံခွန်သာ ရောက်ရှိပါမည်။
ရေတံခွန်လေးဆင့် ပုံလေးတွေကို တပါတည်း
ဖော်ပြပေးလိုက်ပါတယ်။ အပေါ်ဆုံးပုံတွင် ပါဝင်သော
ရေတံခွန်လေးဆင့် ဘယ်အဆင့်က ဘယ်နေရာမှာ
ဆိုတာကို ဘယ်သူတွေများ ပြောပြနိုင်ကြလေမလဲ။
အဆင့်တိုင်းကို မှန်အောင်ဖြေဆိုနိုင်ရင်
ဆုလက်ဆောင် steem ချီးမြှင့်ပေးပါမယ်ဗျာ😁😁😁
တောတောင်ရေတံခွန် ပုံလေးတွေ တင်ရင်း
စိတ်အပန်းဖြေလိုက်မိပါရဲ့...
စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်
တစ်ကိုယ်တည်း ပျော်မလား မေးက
အဖော်အပေါင်းနဲ့မှ ပိုပျော်ရလို့
ဖြေကာပေးမယ် လာလည့် ချစ်ညီနောင်
တောလည်တောင်တတ် ကျန်းမာလျက်
နေချင်ရက်က လိုက်ပို့ပါ့မယ်
အဆွေတို့ရယ်ဟု ဖိတ်ခေါ်ပါတယ်
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....
MSC - 193