... မင်္ဂလာပါဗျာ ...
ကျွန်တော့် အနေဖြင့် MSC အဖွဲ့ဝင် ဖြစ်ခဲ့ပြီး
ယခင် Steemit ကို မသိခင်ကတည်းက ရေးထားခဲ့သော
ဘာသာပြန်၊ စုတုပြု စာများကို Promotion အစီအစဉ်တွင် တင်နေခဲ့သလို ကဗျာလိုလို စာတိုတိုလေးတွေကိုလည်း
ပို့စ် အဖြစ် တင်နေခဲ့တာ ၈ လကျော် ၉ လထဲ ရောက်ခဲ့လေပြီ။
မိမိသည် ကိုယ်ပိုင် idea ညံ့ဖျင်း၍ သူများစာကို ဘာသာပြန်
ခဲ့သော်လည်း MSC မိတ်ဆွေတွေ နားလည်အောင်
ပြန်ဆိုရေးသားနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
ကဗျာလို စာတိုလေးတွေ ရေးခဲ့တာလည်း သူများ နားလည်
အောင် မရေးနိုင်ခဲ့ပါ။
ခံစားချက်ရသများကို ရေးခဲ့ဖူးသော်လည်း စာလုံးရေတစ်ထောင်
တစ်ပို့စ်တည်း ပြီးအောင် မရေးနိုင်ခဲ့ပါ။
မိမိသည် အခြားသူများ၏ ပို့စ်များအားလည်း အလုံးစုံ ဖတ်၍
Comment ကောင်းကောင်း မပေးနိုင်ခဲ့ပါ။
သို့ဖြစ်ပါ၍ MSC Promotion ကို နေ့စဉ် တင်နေသည်မှာ
ရှက်၍ ရှက်၍ လာခဲ့ပါတော့သည်။
ထို့ကြောင့် Promotion post အား နေ့စဉ် တင်ရဲတော့
မည် မဟုတ်ပါ။
ရေးပြီးသား စာများ မရှိတော့၍ကား မဟုတ်...
ဘာသာပြန် အခန်းဆက်များပင် Typing ရိုက်ပြီးသား
ရှိပါသေးသည်။ သို့သော် Pro တင်ရမည်မှာ ရှက်မိသလို
ဖြစ်သောကြောင့် စဉ်းစားရ ခက်ပေသည်။
Quality ဆောင်းပါး မရေးတတ်ခြင်းကြောင့်
ရှက်မိလေသောအခါ Pro ကို မည်သို့မည်ပုံ လာတင်နိုင်
အံ့တော့နည်း....
မိတ်ဆွေအားလုံးကို ကျေးဇူးတင်လျက်....