ချစ်သူဖြစ်သာ တစ်နှစ်ကျော်လာခဲ့တယ်
အရာရာဟာ ပြောင်းလဲလာပြီလေ
ဖုန်းဆက်ရင်ပြေားစရာစကားတွေနည်းလာတယ်
ချစ်လားဆိုတဲ့ မေးခွန်းကို သုံးနုန်းသာလဲ
အတော်ရှားလာတယ်
သံယောဇဉ်လေးဟာလည်း
လျှော့ရဲရဲနဲ့ပေါ့
ဖုန်းဆက်ရင် 'အင်' 'အွန်'
အရေးမကြီးရင်နောက်မှဆက်လေ
ဒီမှာ ကိုရီးယာကားကောင်းနေလို
online တတ်ရင်လဲ activeဖြစ်နေရင်တောင်
'Hi'ဆိုတဲ့ စကားလုံးလေးကို မသုံးသာအတော်ကြာလှပေါ့
သူလည်းအချစ်တွေလျှော့ လာတယ်
ကိုယ်မှာလဲ အန္တာယ်ဆိုတဲ့ သံတရလူငယ်လေးရယ်
ဒုက္ခဆိုတဲ့ ဆားလေးတစ်ပွင့် နဲ့ ပုခုံးဖက်ပြီး ဦးနောက်
တံခါးဝကို 'ဒေါက်……ဒေါက်'ဆိုပြီးလာခေါက်နေပြီလေ
မဝင်လာပါနဲ့လို အတင်းတံခါးကို ဂျက် ချထားသော်လည်း
မကြာခင်ဘဲ သူအနားရောက်လာတော့မယ်
သူရောက်လာရင် အရင်ချစ်စကလို သာယာနိုင်ပါမလား
သူရေားအရင်လိုစိတ်ဆိုးတိုင်း
ပြန်ချော့ရင် ပြန်အဆင်ပြေနိုင်ပါ့မလား
ဒါမှမို သူကျွန်တော့ကို စိတ်ကုန်နေပြီလား
ကျွန်တော်ရော သူကိုအချစ်တွေလျှော့နေပြီလား
မဝေခွဲနိုင်တဲ့ မေးခွန်းတွေနဲ့ပေါ့
တျဲ လည်း စပယ်ယာရှာထားလေ
ဒီလို စကားလုံးတွေ သူဘက်ကပြေားထွက်လာပြီလေ
သူကိုအရမ်းချစ်ခဲ့သူအဖို သူပြေားတဲ ဒီလို စကားတွေ
နာနာကျင်ကျင်နဲ့ နားထောင်ပြီး
နာကျင်နေတဲ့ကြားထဲက အားတင်းကာ
အပြုံးတွေနဲ့ ခေါင်းညိမ်နေရင်းပေါ့
အရင်ကပြဿနာဖြစ်ပြီးစိတ်ကောက်ကျရင်
တစ်ရက်ထက်မကျော်ခဲ့ပု
အခုဆို တစ်ခါစိတ်ကောက်ရင် နင်နဲ့ငါပြတ်ပြီဆိုတဲ့
စကားက ပွဲ လန့်တုန်းဖျာဝင်ခင်းနေခဲ့ပြီလေ
အဲ့ဒီချိန်ပြေားနေကျစကား က 'နင့်ကိုစိတ်ကောက်သာ မဟုတ်ဘူး စိတ်ကုန်သွားသာတဲ့'
ဒါပေမဲ့ အရမ်းချစ်ရသူအတွက်တော့ အချိန်ပေးပြီးပြန်လျှောရင်း သူစိတ်ဆိုးပြေဖို
တစ်ပါတ်ကျော် ဆိုတဲ့အချိန်ကိုယူနေရပြီလေ
အရင်ကဆို နေတိုင်းတွေချင်နေတဲ့သူမက
အခုဆို 'နင်ငါဆီဘာလာလုပ်မှာလဲ'ဆိုတဲ့စကားက
သူမ နုတ်ဖျားမှာ အချိန်အတော်ကြာ နေရာယူနေပြီပေါ့
မလာရင် ဖုန်း တစ် ဂွန် ဂွန် ဆက်နေတဲ့သူမက
အခုဆို မလာလေ ကောင်းလေဘဲလိုပြေားထွက်ပြီလေ
နေခင်းဖက်သူမ ဖုန်းဆက်ခဲ့တာ အတော်နည်းလာတယ်
ဒါပေမဲ့ ကျွန်တော်တော့ သူမကိုဆက်နေဆဲပေါ့
မနက်မိုးလင်းရင် 'morning'ဆိုပြီးပိုနေတဲ့ စကားစု
လေးက အခုဆို ဘယ်ပျောက်နေလဲ မသိ
တစ်နေ သူမ ဆီက ဖုန်းဝင်လာတယ်
'နင် နဲ့ ငါ လမ်းခွဲရအောင်'တဲ
ကျွန်တော့ရင်ထဲမှာ နာဂတ်တွေ တိုက်
ကန္တာရ မှာ မုန်တိုင်းဝင်သလို နှလုံးခုန်သံတွေက
အရင်ကထက် နှစ်ဆ ပိုပြန်လာတယ်
'ချစ်' တျဲ မှာ ဘာအပြစ်ရှိလိုလဲဟင်
တျဲ ဘာအမှာတွေ 'ချစ်'အပေါ် လုပ်မိလိုလဲ
'ချစ်' တျဲ အပေါ် တကယ်ဘဲရက်စက်တော့မှာလား
ချစ် မရှိရင် တျဲတျောက်ထဲ ဘယ်လိုနေရမှာလဲ
စတဖြင့် ရင်ထဲက ခံစားချက်တွေကို သူမဆီ
အစီရင် ခံနေခဲ့တယ်
နောက်ဆုံးတော့ သူမစိတ်ချမ်းသာဖို
ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို
အချိန်ယူပြီး ချနိုင်ခဲ့တယ်
'သူမ ကို လမ်းခွဲပေးပါမယ်'ပေါ့
ဒါပေမဲ့ ကျွန်တော်တစ်ခုပြန်တောင်းဆိုခဲ့တယ်
ချစ် တျဲ အတွက် နောက်ဆုံးအနေ နဲ့
အချိန် ၅ရက်ပေးပါ
အဲ့ဒီ ၅ရက်မှာ
(၁) ပထမတစ်ရက်
ချစ်နဲ့ တျဲနဲ ပထမဆုံး စပြီးချိန်းတွေတဲ့ အချိန်က
အဝတ်စားလေးနဲ့ အရင်က လိုအလှပြင်ပြီးလာပေးပါ
(၂)ဒုတိယတစ်ရက်
ချစ် ပါးလေးကို ဖွဖွလေး နမ်းခွင့်ရတဲ့ ရက်ကို မှတ်မိမှာပါ အဲ့နေက အဝတ်အစားတွေ ပြန်ဝတ်လာပေးလား ပြီးတော့
အဲ့ဒီနေရာလေးကိုသွာကျသာပေါ့
(၃)တတိယရက်
ချစ် ကတျဲနဲ့ ဓာတ်ပုံ မရိုက်ချင်ဘူးဆိုပြီး
စိတ်ကောက်တဲ့ရက်ကို မှတ်မိသေးလား
အဲ့နေက အတိုင်းပြန်တွေ ချင်တယ် ချစ်
(၄)စတုတ္ထရက်
ချစ်ကလေ တျဲနဲ့ တွေ ဖို အိမ်မှာ အဖေရှိတဲ့နေ့
အိမ်ထဲကနေ ဘုရားသွားမယ်ဆိုပြီး ဆွယ်တာလေး
ရုံပြီးခိုးထွက်ခဲ့တဲ့နေကိုမှတ်မိသေးလား
အဲ့နေက အတိုင်း လာပေးပါနော်
😭😭😭😭😭
(၅)ပဉ္စမရက်
အဲဒီရက်ကနောက်ဆုံးနော်
နောက်ဆုံးဆိုတော့ပိုအရေးကြီးတယ်
တျဲရဲ့မွေးနေ့မှာ ချစ်ချက်ကျွေးခဲ့တဲတိုင်း
ပြန်ချက်ကျွေးပါလား
😭😭😭😭😭
ဆက်ရန်
အလင်္ကာ