ရေမြင့်လျှင်ကြာတင့်မည်တဲ့ ကြာတင့်စေရန်ရေမြင့်နေဖို့တော့လိုပါတယ် ကြာပန်းလေးဘယ်လောက်လှလှ မျိုးဘယ်လောက်ကောင်းကောင်း သူရှင်သန်ရာကန်ရေပြင်လေးကတော့သူ့အတွက်အလွန်အရေးကြီးပါတယ် ဒီကန်ရေပြင်လေးကြောင့်သာသူ့အတွက် လှပစွာရှင်သန်ခွင့်ရနေတာပေါ့
ကန်ရေပြင်လေးက သူ့အတွက်အလိုအပ်ဆုံးသော အထောက်အပံ့တွေရစေတယ်လေ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့ အဟာရတွေကိုပေးတယ် ဘေးကင်းစွာနဲ့ လှပရှင်သန်နေစေဖို့
သူ့အတွက်တော့ မရှိမဖြစ်လိုအပ်ချက်ပါဘဲ ကန်ရေပြင်လေး ကြီးကျယ်မြင့်မြတ်သလောက် ကြာပန်းကလေးလဲလိုက်ပါ ဖွံ့ဖြိုးလို့နေမယ် လှပလို့နေမှာဘဲပေါ့
ကြာလေးတင့်စေဖို့ ရေမြင့်အောင်လုပ်ကြပါစို့လေ
ဒီကန်ရေပြင်ကြီးထက်မှာ လှပစွာဖူးပွင့်နိင်တဲ့ ကြာပန်းလေးတွေဖြစ်ကြပါစေလေ