အားလုံးမင်္ဂလာပါခင်ဗျာ
ကျွန်တော်စာရှည်ရှည်ရေးလို့ အဆင်မပြေဖြစ်နေပါတယ်။ အဲ သို့သော်လည်း ပို့စ်လဲမတင်လို့ကမဖြစ်တော့
ခပ်တိုတိုလေးဘဲ ရေးလိုက်ပါရစေဦးခင်ဗျ
ဒီအကြောင်းအရာလေးက ဖေ့ဘုတ်မှာဖတ်ခဲ့ဖူးတယ်ပေါ့ မိတ်ဆွေတစ်ယောက်ဝေါထဲမှာပါ မူရင်းပိုင်ရှင်တော့
မသိဘူးဗျ မှတ်မိသလောက်လေးနဲ့ သူပြောချင်တာလေးကိုတော့ ပေါ်လွင်အောင် ဖော်ပြပါရစေခင်ဗျ
တစ်ခါတုန်းက လူတစ်ယောက်ပေါ့ ဈေးထဲမှာယောင်လည်လည်နဲ့ ဘာဝယ်ရမှန်းမသိဖြစ်နေတဲ့ပုံဘဲဗျ
ဈေးတန်းကိုနှံ့အောင်လျှောက်တယ် တစ်ပါတ် လျှောက်တယ် မေးတယ် ကြည့်တယ် ဘာမှမ၀ယ်ဘူးဗျ]
နှစ်ပါတ်လျှောက်တယ် အဲ့ဒီအတိုင်းဘဲလုပ်တယ် ဘာမှမ၀ယ်ဘူး အဲ သုံးပါတ်လျှောက်ပြန်တယ်ဗျ
ဒီတစ်ကြိမ်တော့သူဝယ်တယ် ပန်းသီးသုံးလုံး ၀ယ်လိုက်တယ် ပြီးတော့သူ ဈေးထဲကနေ ခပ်သုပ်သုပ်လေးထွက်သွားတယ်ဗျ
အချိန်ကညပိုင်းရှစ်နာရီလောက်ပေါ့ မနက်ကဈေးက၀ယ်လာတဲ့ ပန်းသီးလေးကို အိတ်ထဲကနေ တယုတယ
ထုတ်ပြီး သူဟာစားဖို့ပြင်ဆင်ပါတယ်။ ပန်းသီးကိုရေတွေဘာတွေ ဆေးတယ်ပေါ့ ဒါပေမယ့်သူအခွံမနွာဘူးဗျ
သူဟာပန်းသီးကို ရေဆေးပြီးတော့ တစိမ့်စိမ့်ကြည့်နေတယ် ပြီးတော့သူရုတ်တရက်ဆိုသလိုဘဲ ပန်းသီးလေးကို
ခွပ်ကနဲနေအောင်ကိုက်လိုက်ပါတယ် သူဗိုက်ဆာနေတဲ့ပုံစံပါဘဲဗျ ပန်းသီးကိုကိုက်လိုက်တာဟာ တကယ့်အားမာန်
အပြည့်နဲ့ပါ သို့သော်လည်း ပန်းသီးကိုကိုက်လို့သာပြီးသွားတယ်ခွပ်ကနဲ ဆိုတဲ့ပန်းသီးကိုက်တဲ့အသံကထွက်မလာ
ပါဘူး သူဝယ်လာတဲ့ပန်းသီးက ရက်နဲနဲလွန်နေပြီလေ နွမ်းနေတဲ့ပန်းသီးဖြစ်ပါလိမ့်မယ် ဟုတ်ပါတယ် ပန်းသီးစားနေ
တဲ့သူဟာ တကယ်တော့ ထမင်းအတွက် ပန်းသီးကို အစားထိုးအစားအစာ သို့မဟုတ် သူ့ရဲ့ညစာအဖြစ် စားနေတာ
ဖြစ်ပါတယ်။သူက ဆင်းရဲချို့တဲ့ပြီး အလုပ်စီးပွား အဆင်မပြေဖြစ်နေခဲ့သူပါ။ ပန်းသီးကိုတောင် ဈေးအပေါဆုံးပန်းသီး
ကိုတစ်ဈေးလုံးအနှံ့လျှောက်ပြီးဝယ်လာတာပါ။
သူ့ရဲ့ပန်းသီးစားနေတဲ့အကြောင်းဆက်ပြောပါရစေဦး
ပန်းသီးကိုက်လိုက်ပြီးတော့ ချက်ချင်းဆိုသလိုဘဲ သူဟာပန်းသီးကိုထွေးထုတ်လိုက်ပါတယ် လက်ထဲကကိုက်လက်စ
ပန်းသီးအပဲ့ကိုလဲ အမှိုက်တောင်းထဲပစ်ထည့်လိုက်ပါတယ် ဘာလို့လဲ သူဟာရွံတက်တဲ့သူမဟုတ်ပါဘူး ဒါပေမယ့်
သူ့လက်ထဲကပန်းသီးဟာ စားမဖြစ်လောက်အောင် ပုတ်နေတာဘဲဖြစ်ပါတယ် အထဲကအကောင်တွေတောင်မြင်
နေရတယ်လေ ဒီလိုနဲ့သူဟာ ဗိုက်အလွန်ဆာနေလို့ ပန်းသီးနောက်တစ်လုံးကို အမြန်ယူပြီးကိုက်ပြန်ပါတယ်
ပထမပန်းသီးလိုပါဘဲ စားလို့မဖြစ်ပြန်ပါဘူး တတိယပန်းသီးကိုထပ်ယူပြန်ပါတယ် ဒီတစ်ကြိမ်မှာတော့သူ ပန်းသီးကို
ချက်ချင်းမကိုက်ပါဘူး ပန်းသီးကိုသေချာစိုက်ကြည့်နေပြန်ပါတယ် ပြီးတော့သူဟာ ထိုင်ရာမှဖြေးညင်းစွာထပြီး သူ့ရဲ့
အခန်းမီးကိုပိတ်လိုက်ပါတာ့တယ်...................................................
ဟုတ်ကဲ့ခင်ဗျ အခုပြောတဲ့အကြောင်းအရာလေးလိုပေါ့ဗျာ
နိမ့်တစ်ခါမြင့်တစ်လှည့်နဲ့သံသရာလည်နေရတဲ့ဘ၀တွေမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ သူ့လိုဘဲ မီးထပိတ်လိုက်ရတဲ့ အချိန်တွေရှိပါတယ် ဆိုတာလေးကို ဖော်ပြရင်းဒီနေရာတွင်ရပ်နားပါရစေ။
Author :
Photos credit; Google Image
MSC- 060