Apple ID ပြုလုပ်နည်းလေးပြောပြချင်ပါတယ်။ မလုပ်တတ်သူတွေအဖို့ရည်ရွယ်ပါတယ်။သိပီးသားဆိုရင်တော့ ကျော်သွားပေးပါဗျ။
တကယ်တော့ Apple ID ပြုလုပ်ရတာလွယ်ပါတယ်။ အကောင့် lock တွေကျတယ်ဆိုတာကလည်း မိမိအနေနဲ့ ဖုန်းမှာရှိတဲ့ icloud ကို email နဲ့ password ကို မှတ်မိနေရင် ဘာမှစိတ်ပူစရာမရှိပါဘူး။ မိမိအကောင့်ရဲ့ password ကိုမမှတ်မိရင်တော့ အကောင့် lock ကျတာတွေဖြစ်ပါတယ်။အဲ့ဒီလို lock ကျတယ်ဆိုရင်လည်း မိမိရဲ့ ပေါ့ဆမှုကြောင့်လို့ပဲ ပြောချင်ပါတယ်။ မိမိနှင့်အတူ အမြဲရှိနေတဲ့ iphone ရဲ့ email password ကိုတောင်မှ မမှတ်သားထားဘူးဆိုရင်တော့ သူ့ရဲ့ပေါ့ဆမှုကို lock ကျတာလေးနဲ့ အသိအမှတ်ပြုပေးရတာပေါ့။ ကျွန်တေယ်ကတော့အဲ့လိုပဲမှတ်ယူပါတယ်။ ကိုယ့်အကောင့် ကို မိမိကိုယ်တိုင်မထိန်းသိမ်းရင် ဘယ်သူမှလာထိန်းသိမ်းပေးမှာမဟုတ်ပါဘူး။
ဟုတ်ကဲ့ အခုကျွန်တော်အကောင့် ပြုလုပ်ပုံကို စပြောပါမယ်။ မပြောခင် အရင်ရှေ့တွေမှာ apple id နဲ့ပတ်သက်ပီး တစ်ယောက်ယောက်က တင်ပြထားတာရှိတယ်ဆိုရင် အခုကျွန်တော်ရေးတဲ့ post က အဲ့ဒီပို့ကို မှီငြမ်းတာလည်းမဟုတ်ပါ။ ကော်ပီလည်းမဟုတ်ပါ။ ကိုယ်တိုင်ရှာဖွေတွေ့ရှိထားတာကို ရေးပြပေးတာဖြစ်ပါတယ်ဆိုတာ ကြိုတင်အသိပေးအပ်ပါတယ်ဗျ။
ပထမဆုံး ကျွန်တော်တို့ရဲ့apple device iphone မှာရှိတဲ့ app store ကို ဖွင့်ပါ။
ဖွင့်လိုက်တယ်ဆိုရင် app လေးတွေကို တွေရပါမယ်။
အဲ့ဒီလို တွေရတဲ့ app ကလေးတွေကိုမှ ''free'' ပေးတဲ့ app ကို ရွေးပေးလိုက်ပါ။
ပီးရင် "get"ဆိုတာကို နှိပ်ပေးပါ။
အဲ့ဒီအခါ apple id ဝင်ခိုင်းပါလိမ့်မယ်။ မိမိမှာ apple id မရှိသေးတဲ့အတွက် အသစ်ပြုလုပ်ရန် create new ကိုနှိပ်လိုက်ပါ။
ပီးရင် အကောင့်အသစ်ပြုလုပ်ဖို့ form လေးကျလာပါလိမ့်မယ်။
Email နေရာမှာ မိမိရဲ့ email address ဖြည့်ပေးရပါမယ်
Password နေရာမှာတော့ မိမိ ထားရှိလိုသော password ကို ထားပေးရမှာဖြစ်ပါတယ်။ password ပေးတဲ့နေရာမှာ capital letter အနဲဆုံး ၁ လုံးပါရပါမယ်။ ပီးရင် small letter ။ ပီးရင် @#!$%^& စတဲ့ သင်္ကတ တစ်ခုခုထည့်ပေးရပါမယ်။ပီးရင် နံပါတ်ပါဝင်ရပါမယ်။ password စာလုံးပေါင်း ၈ လုံးအနည်းဆုံးရှိရပါမယ်။
Verify ဆိုတဲ့နေရာမှာ အထက်က ရေးထားတဲ့ password ကိုထပ်ထည့်ရပါမယ်။
Country နေရာမှာတော့ united state ပဲ ထားပေးပါ။
Terms & Conditions နေရာမှာ အမှန်ခြစ်လေးထည့်ပေးရပါမယ်။
အားလုံးပီးသွားရင်တော့ ညာဘက်အောက်ထောင့်မှာရှိတဲ့ continue ကိုနှိပ်ပေးပါ။
Personal information ဆိုတဲ့ form လေးထပ်ကျလာပါမယ်။
Title နေရာမှာ Mr, Mrs, Ms, Dr တစ်ခုခုမိမိရဲ့ title ကိုထည့်ပေးပါ။
First Name နေရာမှာ မိမိရဲ့ ပထမနာမည်ကိုထည့်ပေးရပါမယ်
Last Name နေရာမှာ မိမိရဲ့ နောက်နာမည်ကိုထည့်ပေးရပါမယ်။
Birthday မှာ မိမိ ရဲ့ မွေးသက္ကရာဇ်ကို ရွေးချယ် ထည့်ပေးရပါမယ်။
Security information နေရာမှာတော့ မေးခွန်း ၃ ခု အဖြေ ၃ ခုရေးပေးရမှာဖြစ်ပါတယ်။
အဲ့ဒီမေးခွန်းနဲ့ အဖြေကို မိမိတစ်ဦးတည်းပဲ သိထားရမှာဖြစ်ပါတယ်။
ပီးသွားရင်တော့ အောက်စာကြောင်းမှာရှိတဲ့ subscribe to apple emails နေရာကတော့ apple ကနေထုတ်ပြန်တဲ့ ကြေငြာချက်တွေ အသိပေးစာတွေကို email နဲ့ လက်ခံမလား လက်မခံဘူးလားဆိုတာကိုရွေးပေးရတာဖြစ်ပါတယ်။ လက်ခံမယ်ဆိုရင်တော့ အမှန်ခြစ်လေး ထည့်ပေးရပါမယ်။လက်မခံဘူးဆိုရင်တော့ အမှန်ခြစ်ထည့်ပေးစရာမလိုပါဘူး။
အားလုံးပီးသွားရင်တော့ ညာဘက်အောက်နားက "continue" ကိုနှိပ်ပီး ဆက်သွားပေးရမှာဖြသ်ပါတယ်။
Payment method ကိုရောက်ပါလိမ့်မယ်
Payment type မှာ ကဒ်မျိုးစုံရှိပါမယ် ဒါပေမဲ့ "None" ကိုရွေးပေးပါ။
ပီးရင်တော့ အောက်မှာ Billing Address ရှိပါတယ်။
Street နေရာမှာ Washinton Ave ထည့်ပေးပါ
နောက်တစ်ကြောင်းမှာတော့ 329 ကိုထည့်ပေးပါ
City နေရာမှာ Bohemia ထည့်ပေးပာ
State နေရာမှာ NY ထည့်ပေးပါ Zip နေရာမှာ11716 ထည့်ပေးပါ
Phone number နေရာမှာတော့ area code ကို 631 ထည့်ပီးတော့ နောက်ကနံပါတ်ကို 3334444
ဆိုပီးထည့်ပေးလိုက်ပါ။ အားလုံးပီးရင်တော့ Verify ကိုနှိပ်ပေးလိုက်ရင်ရပါပီ။ မိမိရဲ့ gmail ထဲကို ဝင်ကြည့်ပါ apple မှပို့ထားသော verify link ရောက်နေပါလိမ့်မယ်။ အဲ့ဒီ link ကိုနှိပ်ပီး ဝင်လိုက်ရင် login page ကိုတန်းရောက်ပါတယ်။ အထက်က ဖြည့်စွပ်ခဲ့သော email နဲ့ password ကို ထည့်ပေးပီး အကောင့်ကို login ပြုလုပ် အသုံးပြုလို့ရပါပီဗျ။ အဆင်ပြေ ကြပါစေ ။ ကျွမ်းကျင်ပညာရှင်မဟုတ်သည့်အတွက် လိုအပ်သည်များရှိက သည်းခံခွင့်လွတ်ပေးကြပါဗျ။
(ဆိုင်မှာသွားလုပ်ရင် ၁ ကောင့် တစ်သောင်းပေးရတယ်ဆိုလို့ပါ)
Writer caesarsupaimin
MSC-025