Crusader of Light သည် RPG ဂိမ်းအမျိုးအစားဖြစ်ပါသည်။ သူ့မှာ Warrior, Fighter, Archerနဲ့ Mage ဆိုပီး အဓိက class ကြီး ၄ မျိုးပါဝင်ပါတယ်။
Paladin ကတော့ လက်တစ်ဖက်ကဓားကိုင်ပီး ကျန်လက်တစ်ဖက်က ဒိုင်းကို ကိုင်ကာ တိုက်ပွဲဝင်ပါတယ်။ သူ့မှာထိခိုက်စေတဲ့ ability တွေပါပါတယ်။ နောက်ပီး မိမိအဖွဲ့ဝင်တွေအတွက် သွေးပြန်ဖြည့်ပေးတဲ့ ability လည်းပါဝင်ပါတယ်။ အမာခံတဲ့ ability လည်းပါဝင်ပါတယ်။ သူကတော့ အဖွဲ့လိုက်တိုက်ခိုက်တဲ့အခါ အရှေ့ကနေအမာခံတိုက်ခိုက်မလား ဒါမှမဟုတ် damage များများနဲ့တိုက်ခိုက်အုံးမလား ၊ အဖွဲ့ဝင်တွေကိုတိုက်ခိုက်ရင်းသွေးပြန်ဖြည့်ပေးချင်လား စတဲ့ မိမိကြိုက်နှစ်သက်ရာ ability တွေကိုအပြောင်းအလည်းလုပ်ပီး ကစားလို့ရပါတယ်။
နောက်တစ်ခုက Warriorပါ သူကတော့ အကြမ်းခံတိုက်ခိုက်ရေးသမားပါ။ သူ့မှာပါဝင်တဲ့ability တွေအားလုံးကတော့ ရန်သူကို ထိခိုက်စေတာတွေကြီးပဲပါဝင်ပါတယ်။ သူ့ရဲ့ကြီးမားလှတဲ့ ပုဆိန်ကြီးကို လက်နှစ်ဖက်နဲ့ကိုင်ပီး အားရပါးရ ရန်သူကိုတိုက်ခိုက်ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်နေတာကနေမှ ရန်သူရဲ့ သွေးပြန်ပြည့်နှုန်းကို နှေးစေတာတွေ ၊ ရန်သူရဲ့ တိုက်ခိုက်မှုမြန်နှုန်း ရွေ့လျားမှုမြန်နှုန်းတွေကိုလျော့ကျစေတာတွေ ၊ထပ်ဆင့်ထပ်ဆင့်တိုက်ခိုက်တဲ့အခါ ပိုမို damage များတာတွေစတဲ့ ability များပါဝင်ပါတယ်။ ရန်သူကို တိုက်စစ်ပြင်းပြင်းနဲ့တိုက်ခိုက်တဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။
Ranger ကတော့ လေးသည်တော်ပါ။ သူ့ရဲ့ လေးနဲ့ ရန်သူတွေကို ထိခိုက်မှုပြင်းပြင်းနဲ့တိုက်ခိုက်ပါတယ်။ ရန်သူကို ရပ်တန့်သွားစေတဲ့ effect တွေ ဆက်တိုက်ပစ်ခတ်နှုန်းမြန်တာတွေ ၊ ရန်သူကိုအဆိပ်လူးထားတဲ့မြှားနဲ့ပစ်တာတွေ၊ မြှားမိုးရွာချတာတွေ၊ မိမိပစ်ချက်ကို ၂ဆ ၃ဆ မြှင့်တင်ပီးရန်သူကိုထိခိုက်စေတာတွေစတဲ့ ability များပါဝင်ပါတယ်။ critical damage များများနဲ့တိုက်ခိုက်နိုင်ပါတယ်။
Mystic ကတော့ အဝေးပြစ်ဖြစ်ပီး မိမိရဲ့ အဖွဲ့ဝင်တွေကိုထိခိုက်မှုလျော့ချပေးတဲ့ spell တွေ၊ တစ်ဦးချင်းသွေးပြန်ဖြည့်တဲ့ spell တွေ၊ အဖွဲ့လိုက်သွေးပြန်ဖြည့်တဲ့ spell တွေ၊ automatic သွေးပြန်ပြည့်တဲ့spell တွေ ၊ထိခိုက်မှုကိုကာကွယ်ပေးတဲ့ ဒိုင်းကာတွေ၊ စစ်ကူသတ္တဝါကြီးကိုခေါ်ယူတိုက်ခိုက်စေတဲ့ spell တွေ၊ တစ်နေရာမှ တစ်နေရာသို့ ခုန်ကူးနိုင်တဲ့ ability စတာတွေပါဝင်ပါတယ်။ မိမိအဖွဲ့ဝင့တွေတိုက်ခိုက်တဲ့အခါ အနောက်ကနေ သွေးပြန်ဖြည့်ပေး စစ်ကူအနေနဲ့တိုက်ခိုက်ပေးတာဖြစ်ပါတယ်။
မိတ်ဆွေတို့ဆော့ကစားချင်တယ်ဆိုရင်တော့ google play store ဒါမှမဟုတ် apkpure ကနေ download ဆွဲယူကစားနိုင်ပါတယ်။ wow နဲ့ ဆင်တူပါတယ်။ professional skill အနေနဲ့ မိုင်းတူးခြင်းနဲ့ အဝတ်အစားပြုလုပ်ခြင်း skillများပါဝင်ပါတယ်။
Writer caesarsupaimin
MSC-025