မင်္ဂလာပါဗျ။ စာမရေးဖြစ်တာလည်း နည်းနည်းကြာသွားပါတယ်။ အလုပ်တွေရှုပ်နေတာရယ် Over Time တွေဆင်းနေရတာတွေကြောင့် မရေးဖြစ်တာပါဗျ။ ခုတော့ ရေးဖြစ်အောင်ရေးလိုက်ပါတယ်။ ကို စိုင်းပန်ဖ ရေးသားထားတဲ့ပို့စ်လိုပဲ ကျွန်တော်တို့တွေအနေနဲ့ အင်တာနက်ကနေမှ ပညာတွေ လေ့လာသင်ယူလို့ရတဲ့ဆိုက်တစ်ခုကို လမ်းညွှန်ပေးချင်ပါတယ်ဗျ။ ဆိုက် အမည်ကတော့ “Alison” ဖြစ်ပါတယ်။ အင်တာနက်ကနေ ကျွန်တော်တို့တွေအနေနဲ့ သင်ကြားသင်ယူမှုတွေပြုလုပ်လို့ရပါတယ်ဗျ။ ပညာရပ်မျိုးစုံကို လေ့လာသင်ယူလို့ရပါတယ်ဗျ။ အင်တာနက်သုံးပီး အချိန်တွေ အလကားမဖြစ်အောင်လို့ မိမိ ဝါသနာပါတဲ့ဘာသာရပ်ကို လေ့လာသင်ယူလို့ရပါတယ်။ သင်တန်းကြေးက လည်း Free ဖြစ်ပါတယ်။ မိမိအနေနဲ့ Certificate ဒါမှမဟုတ် Diploma ရယူလိုတယ်ဆိုရင်တော့ သူတို့ ရဲ့ Exam တွေကို ဖြေကြားပီး ရယူနိုင်ပါတယ်။ Exam ကြေးတော့ သွင်းပေးရပါတယ်ဗျ။ Exam မဖြေပဲနဲ့ မိမိဘာသာ လေ့လာသင်ယူမယ်ဆိုလည်း ရပါတယ်ဗျ။ မိမိအနေနဲ့ အပြင်လုပ်ငန်းနယ်ပယ်မှာ လိုအပ်မဲ့ ပညာရပ်တွေကို လေ့လာပီး Certificate သို့မဟုတ် Diploma ရယူပီး ဆက်လက်တိုးတက်အောင်ပြုလုပ်လို့ရပါတယ်ဗျ။
ဘာသာရပ်များကလည်း အစုံအလင်ရှိပါတယ်ဗျ။ နည်းပညာ ဘာသာရပ်၊ ဘာသာစကား ဘာသာရပ်၊ သိပ္ပံပညာ ဘာသာရပ်၊ ကျန်းမာရေး ဘာသာရပ်၊ လူသားအကျိုးပြု ဘာသာရပ်၊ စီးပွားရေး ဘာသာရပ်၊ အတွက်အချက် ဘာသာရပ်၊ ဈေးကွက်ပညာ ဘာသာရပ်၊ နေထိုင်မှုဘဝပုံစံ ဘာသာရပ် စတဲ့ဘာသာရပ်တွေကို လေ့လာသင်ယူနိုင်ပါတယ်ဗျ။
register ပြုလုပ်မယ်ဆိုရင်လည်း facebook , google plus, yahoo, outlook, linkin စတဲ့ social media platform များနှင့်လည်း register ပြုလုပ်နိုင်ပါတယ်ဗျ။
Certificate Course Type နဲ့ Diploma Course Type ဆိုပီးရှိပါတယ်ဗျ။
သင်ခန်းစာတွေရဲ့ သင်ကြားမှု ကြာချိန်နဲ့ အဆင့်သတ်မှတ်ချက်တွေ ပါဝင်ပီးတော့ ရုပ်သံဖိုင်တွေလည်း ပါဝင်ပါတယ်ဗျ။
မိမိတို့အနေနဲ့ အင်တာနက်လေးသာ ရရှိနေမယ်ဆိုရင်တော့ ဘယ်ပညာရပ်မဆို အလွယ်တကူ သင်ယူလေ့လာနိုင်ပါပီဗျ။ ယခုခေတ်ကြီးကလည်း အင်တာနက်ခေတ်ဆိုတော့ လူငယ်တွေရော လူကြီးတွေပါ အင်တာနက်ကိုအသုံးပြုပြီး အကျိုးရှိတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပါပီဗျ။ website link ကတော့ https://alison.com ဖြစ်ပါတယ်။
အင်တာနက်ကနေ နောက်ထပ် free ရရှိနိုင်တဲ့နေရာတစ်ခုကို ပြောပြပေးချင်ပါတယ်ဗျ။ ကွန်ပျူတာ အသုံးပြုသူများအနေနဲ့ ဝင်ရောက်လေ့လာသင့်တဲ့ ဆိုက်တစ်ခုပါပဲဗျ။ ဒီဆိုက်ကတော့ free software တွေကို ပြန်လည် မျှဝေပေးထားတာဖြစ်ပါတယ်။ လူငယ်အရွယ်ကနေမှ လူကြီးအပိုင်းထိ အသုံးပြုမှုများတဲ့ software တွေကို မျှဝေပေးထားတာဖြစ်ပါတယ်။
download ဆွဲလို့ရတဲ့ software တွေကို သက်ဆိုင်ရာ ခေါင်းစဉ်ရဲ့ အောက်မှာ ဆက်လက် ဝင်ရောက် ရှာဖွေနိုင်ပါတယ်ဗျ။ free ပေးထားတာဖြစ်တဲ့အတွက် တစ်ချို့ license key ထည့်သွင်းရတဲ့ software အမြင့်တွေတော့ ပါဝင်မှာမဟုတ်ပါဘူးဗျ။
နည်းပညာ လေ့လာ လိုက်စာသူတွေအတွက်တော့ အထူးသင့်တော်ပါတယ်ဗျ။ website link ကတော့ https://www.freewarefiles.com ဖြစ်ပါတယ်။
writer caesarsupaimin
MSC-025
(စာနည်းနေတော့ pro တော့မတင်တော့ပါဘူးဗျ။ စာများများ ရေးဖြစ်မှပဲတင်ပါတော့မယ်ဗျ)