
ဟာကြူလီ(Hercules)ကိုတော့ လူတိုင်းသိပီးသားဖြစ်ပါလိမ့်မယ်။ ရောမရဲု့သူရဲကောင်းကြီးပါ။ ဂရိအခေါ်အဝေါ်ကတော့ (Heracles or Herakles) ဖြစ်ပါတယ်။ လူတစ်ဝက် နတ်ဘုရားတစ်ဝက်ဖြစ်ပါတယ်။ ဘာလို့လိုတစ်ဝက်နတ်ဘုရားတစ်ဝတ်လို့ဆိုတာလည်းဆိုရင်တော့ သူ့ရဲ့မိခင်ကလူသားဖြစ်ပီး သူ့ရဲ့ဖခင်ကတော့ Zues ဆိုတဲ့ရောမ နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။သူက Olympus တော်ပေါ်က နတ်ဘုရားတွေကိုအုပ်ချုပ်တဲ့သူဖြစ်ပီး လူသားတွေရဲ့အရှင်သခင်လည်းဖြစ်ပါတယ်။ Zues က လူ့ပြည်ကလူသားမိန်းကလေး Alcmene ကိုချစ်ကြိုက်ပီးတော့ Hercules ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။
ဟာကြူလီရဲ့မိသားစုအသိုင်းအဝိုင်းကရှုပ်ထွေးတယ်လို့ဆိုနိုင်ပါတယ်။ဘာလို့လည်းဆိုတော့ လူသားနဲ့နတ်ဘုရားကနေဆင်းသက်လာလို့ဖြစ်ပါတယ်။ လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းဖြစ်ပါတယ်။ ဟာကြူလီ မမွေးဖွားလာခင်မှာ Zues’ ရဲ့မိဘုရား Hera က သူ့ယောက်ျားကလူ့ပြည်ကမိန်းကလေးကို သားယောက်ျားလေးရစေတယ်ဆိုတဲ့သင်းကြားသိလိုက်ပါတယ်။ အဲဒီအခါမှာ မနာလိုဝန်တိုစိတ်တွေဖြစ်ပွားလာပါတော့တယ်။ အဲ့ဒီအခါမှာ သူ့ရဲ့စွမ်းအားတွေကိုအသုံးပြုပီး ဟာကြူလီကို မွေးဖွားလာတဲ့အခါမှာ နတ်ဘုရားရဲ့အစွမ်းသတ္တိတွေမရှိအောင် ပြုလုပ်လိုက်ပါတယ်။ ဟာကြူလီမွေးဖွားလာခဲ့တဲ့နောက်မှာတော့ သူ့ရဲ့ အခိုင်းအစေ မြွေနှစ်ကောင်ကို စေလွှတ်ပီး ဟာကြူလီကိုသတ်ခိုင်းပါတယ်။ ဒါပေမဲ့ ဟာကြူလီက အင်မတန်ကြီးမားတဲ့ခွန်အားကိုပိုင်ဆိုင်ပီး ကြောက်လည်းမကြောက်တတ်တာကြောင့် အဲ့ဒီ မြွေနှစ်ကောင်ကိုပြန်သတ်လိုက်နိုင်ပါတယ်။ ဟာကြူလီကမွေးပီးစ ပုခတ်ထဲမှာနေရတဲ့အရွယ်မှာပဲ ခွန်အားတွေကြီးနေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် Hera ရဲ့အကြံအစည်တွေက မအောင်မြင်ပဲဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် နောက်ထပ်ယုတ်မာညစ်ပတ်တဲ့ အကြံအစည်ကိုပြုလုပ်ပါတော့တယ်။ အဲ့ဒါကတော့ ဟာကြူလီအရွယ်ရောက်လာပီး ကလေး၂ယောက်ရတဲ့အချိန်မှာ ဟာကြူလီကို ကြိမ်စာတိုက်လိုက်ပါတယ်။ အဲ့ဒီကြိမ်စာကတော့ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကို သတ်ပြစ်အောင် ကြိမ်စာတိုက်လိုက်တာပါ။ ဟာကြူလီလည်း Hera ရဲ့ကြိမ်စာကြောင့် သူ့ရဲ့မိန်းမနဲ့ ကလေး၂ယောက်ကို သတ်မိခဲ့ပါတယ်။ ကြိမ်စာပြယ်ပီး သူအသိပြန်ရလာတဲ့အချိန်မှာတော့ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Apollo နတ်ဘုရားဆီကို သွားခဲ့ပါတယ်။ သူ့ရဲ့အပြစ်အတွက် အပြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Apollo အနေနဲ့ ဒီလိုဖြစ်တာက ဟာကြူလီလုပ်တာမဟုတ်ဘူးဆိုတာ နားလည်လိုက်ပါတယ်။ ဒါပေမဲ့ ဟာကြူလီကတော့ သူသတ်မိခဲ့ပါတယ်ဆိုတာကို အခိုင်အမာပြောနေလို့ ဟာကြူလီကို အမိန့်ချမှတ်ဖို့စီစဉ်လိုက်ပါတယ်။
Apollo က ဟာကြူလီကို သူရဲကောင်းလုပ်ရပ် ၁၂ ခုလုပ်ဆောင်ဖို့အမိန့်ပေးလိုက်ပါတယ်။ အဲ့ဒီ၁၂ချက်သာလုပ်ဆောင်နိုင်မယ်ဆိုရင် သူ့ရဲ့အပြစ်ကို ခွင့်လွတ်ချမ်းသာပေးမှာဖြစ်ပါတယ်။ အရင်ဆုံး Apollo က ဟာကြူလီကို Nemea တောင်ကိုပို့ခဲ့ပါတယ်။ အဲ့ဒီ Nemea တောင်ပေါ်ကခြင်္သေ့ကို သတ်ခိုင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီခြင်္သေ့က အဲ့ဒီ နယ်တစ်ဝိုက်က လူသားတွေကို အန္တရာယ်ပြုနေတာကြောင့်ဖြစ်ပါတယ်။ ခြင်္သေ့ကြီးက သာမာန်ခြင်္သေ့တွေထက် အင်မတန်ကြီးမားပီးခွန်အားလည်းကြီးမားပါတယ်။ အဲ့ဒီခြင်္သေ့ကြီးကို ဟာကြူလီတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုင်အောင်မြင်ပီးသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ခြင်္သေ့အရေခွံနဲ့ ဝတ်ရုံပြုလုပ်ဝတ်ဆင်ခဲ့ပါတယ်။
အဲ့ဒီနောက်တော့ Lerna မြို့ကိုသွားရောက်ခဲ့ပီး ဦးခေါင်း၉လုံးရှိတဲ့ အဆိပ်ပြင်းတဲ့ မြွေနဂါးကိုတိုက်ခိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ သူ့ရဲ့တူလေးတစ်ယောက်ဖြစ်တဲ့ Lolaus ရဲ့အကူအညီနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီမြွေနဂါးရဲ့ဦးခေါင်းတွေအကုန်လုံးကိုဖြတ်တောက်ခဲ့ပါတယ်။ ပီးတော့ သူ့ရဲ့တူက ဦးခေါင်းတွေကို မီးရှို့ခဲ့ပါတယ်။ အဲဒီနောက်တော့ Erymanthean တောင်ပေါ်က လူတွေကိုအန္တရာယ်ပြုနေတဲ့ တောဝက်အကြီးကြီးကိုလည်း တိုက်ခိုင်နိုင်ခဲ့ပါတယ်။ တော်ဝက်ကြီးကိုတော့ ဟာကြူလီအနေနဲ့ လွယ်လွယ်ကူကူသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် Symphalosမြို့ကိုသွားရောက်ခဲ့ပါတယ်။အဲ့ဒီမြို့မှာ အသားစားငှက်ကြီးတစ်ကောင်ရှိပါတယ်။ ဟာကြူလီလည်း အဲ့ဒီငှက်ကြီးရှိတဲ့သစ်ပင်ကြီးဆီကိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ နတ်ဘုရားမ Athena ရောက်ရှိလာပါတယ်။ ထူးခြားတဲ့အသံဖြစ်ပေါ်စေတဲ့ကြေးဝါရောင် မှော် ခရာကို ပေးခဲ့ပါတယ်။ ဟာကြူလီလည်း အဲ့ဒီ မှောခရာနဲ့ အသားစားငှက်ကြီးကို မောင်းထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်Crete မြို့ကိုသွားခဲ့ပီး လူတစ်ပိုင်း နွားခေါင်းတစ်ပိုင်းရှိတဲ့ သတ္တဝါကြီးကို ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီသတ္တဝါကြီးက Crete မြို့ကြီးမှာ သောင်းကျန်းနေတာကြောင့်ဖြစ်ပါတယ်။
ရှစ်ခုမြောက်သူလုပ်ဆောင်ရမဲ့အရာကတော့ လူသားစား မြင်း၎ကောင်ကိုဖမ်းဆီးပီး သူတို့ရောက်ရှိလာတဲ့နေရာဆီကို ပြန်လွတ်ပေးတာဖြစ်ပါတယ်။ ကိုးခုမြောက်လုပ်ဆောင်ချက်ကတော့ Amazon ဘုရင်မ Hippolyte ရဲ့ ခါးပတ်ကိုရယူရတာဖြစ်ပါတယ်။ ဟာကြူလီရောက်လာတော့ Hippolyte က ဟာကြူလီကို ကြည့်ကြည့်ဖြူဖြူ သူ့ရဲ့ခါးပတ်ကိုဘာတိုက်ခိုက်မှုမှမပြုလုပ်ပဲ ပေးဖို့ပြင်ဆင်ပါတယ်။ ဒါပေမဲ့ Hera ကတော့ Hippolyte ရဲ့စိတ်ကိုပြောင်းအောင်ပြုလုပ်ပီး ဟာကြူလီကိုတိုက်ခိုက်စေပါတယ်။ အဲ့ဒါနဲ့ ဟာကြူလီလည်း မတတ်သာတော့ပဲ Hippolyte ကိုသတ်ပီးခါးပတ်ကိုယူခဲ့ရပါတယ်။အဲ့ဒီနောက် Africa ကိုထွက်ခွာလာခဲ့ပီး ခေါင်း၃လုံး ခြေထောက်၆ချောင်းရှိတဲ့ Geryon ကို ဖမ်းဆီးဖို့ရောက်လာခဲ့ပါတယ်။ Hera ကတော့ ဟာကြူလီရဲ့လုပ်ဆောင်ချက်တွေမအောင်မြင်အောင် နည်းမျိုးစုံနဲ့ ဟန့်တားပါတယ်။ ဒါပေမဲ့ ဟာကြူလီအောင်အောင်မြင်မြင်နဲ့ထွက်ခွာသွားတာကိုပဲထိုင်ကြည့်နေခဲ့ရပါတယ်။
နောက်တစ်ခုကတော့ ဟာကြူလီကို Hera’s ရဲ့ လက်ဆောင်ကိုပြန်ယူပီးသူ့နေရာသူထားခိုင်းတာဖြစ်ပါတယ်။ Hera က Zues ကို မင်္ဂလာလက်ဆောင်အနေနဲ့ ရွှေရောင်ပန်းသီးတွေကို အစောင့်တွေနဲ့ ပေးပို့ဆပ်သတာဖြစ်ပါတယ်။ အဲ့ဒီပန်းသီးတွေကိုပြန်ယူရမှာဖြစ်ပါတယ်။ အစောင့်အကြပ်တွေနဲ့မို့ ခက်ခဲ့ပါတယ်။ဒါပေမဲ့လည်း အခြားအစေခံတွေရဲ့အကူအညီနဲ့ သူပန်းသီးတွေကိုရခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ပန်းသီးတွေကို သူ့နေရာဖြစ်တဲ့ god’s garden မှာပြန်ထားခဲ့ပါတယ်။ Hades နတ်ဘုရားဆီကိုသွားပီးတော့ Cerberus ကိုပြန်ပေးဆွဲဖို့ဖြစ်ပါတယ်။ အဲ့ဒီကိုသွားတဲ့ဝင်ပေါက်ကိုတော့ ခေါင်းသုံးလုံးရှိတဲ့ခွေးကြီးကစောင့်ကြပ်တာဖြစ်ပါတယ်။ ဟာကြူလီလည်း သူ့ရဲ့စွမ်းအားတွေကိုသုံးပီး Cerberus ကိုဖမ်းဖို့ကြိုးစားပါတယ်။ အဲ့ဒါနဲ့သူ့ရဲ့ခွန်အားတွေကိုအသုံးပြုပီး ဦးခေါင်း၃လုံးနဲ့ခွေးကြီးကို နပန်းလုံးပီးတိုက်ခိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ခွေးကြီးကို တိုက်ခိုက်အနိုင်ယူလိုက်ပီး Cerberus ကိုခေါ်ဆောင်သွားခဲ့ပါတယ်။
ဟာကြူလီရဲ့ နောက်ပိုင်းသက်တမ်းတွေမှာတော့အခြား ခရီးစဉ်တွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ Troy မင်းသားကို ကယ်တင်တာတွေ၊ Olympus တောင်မှာတိုက်ပွဲဆင်နွဲတာတွေ ရှိခဲ့ပါတယ်။ ဟာကြူလီသေဆုံးခဲ့တဲ့အချိန်မှာတော့ Athena က သူ့ကို Olympus တောင်ပေါ်မှာခေါ်ဆောင်သွားပီးလဲလှောင်းစေခဲ့ပါတယ်။
Writer caesarsupaimin
MSC-025