(ဗုဒ္ဓဝင်အကျဉ်း)
အမှားများပါခဲ့လျှင် ကြိုတင်ပြီးတော့ တောင်းပန်ပါတယ်။သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံမဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံမဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ(ထက်၊အောက်)အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်းအလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်းအလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်းအလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ်(၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။ ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ အာဠာရ၊ဥဒက ရသေ့နှစ်ဦးတို၏ ဈာန်သမာပတ်များသည် မသေရာအမြိုက်နိဗ္ဗာန်ကို ရောက်နိုင်သည်မဟုတ်ဟု သိမြင်တော်မုပြီး မိမိခန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင်နိုင်ရန်ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင် မှားယွင်းစွာကျင့်တော်မူပုံ ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ ဘုရားအလောင်းတော်၏ ချက်တော်မှထွက်ပေါ်လာသောမြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ၊။အရပ်လေးမျက်နာမှ ပျံသန်းလာသော ညို၊နီ၊ ရွှေရောင်ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ဖြူဆွတ်သွားပုံ၊။ကိုယ်လုံးဖြူပြီး ဦးခေါင်းမဲးသောပိုးရွများ ဒူခေါင်းအထိတက်လာာကပုံ။မစင်အညစ်အကြေးများ ရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ လူးလည်းပေကျံမူမရှိပုံ တိုကိုအိမ်မက် မြင်မက်တော်မူပုံ ။ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံမဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ထပ်မံ၍ မြတ်ဗုဒ္ဓရဲ့ ဗုဒ္ဓဝင်အကျဉ်းချုပ်ရလျှင်ဖြင့် အောက်ပိုင်း အတိုင်းသာ ဖြစ်ပါသည်။
၁။လူအမည် =သိဒ္ဓတ္ထ ၂။ဘုရားဘွဲ့= ဂေါတမ ၃။မိဘအမည်= သူဒ္ဓေါဒနမင်းနှင့်မာယာဒေဝီ ၄။ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ) ၅။ရင်သွေးတော် = ရာဟုလာ ၆။ယောက်ဖတော် = ဒေဝဒတ် ၇။မိထွေးတော် = ဂေါတမီ ၈။နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊မဇ္ဈိမဒေသ) ၉။ဖွားရာဌာန= လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား) ၁၀။နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ) ၁၁ ။နိမိတ်ကြီးများ= သူအို၊သူနာ၊ သူသေ၊ရဟန်း ၁၂။ဗျာဒိတ်ခံယူသောဘဝ= သုမေဓာရသေံဘဝ ၁၃။ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ၁၄။ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း) ၁၆။ပါရမီဖြည့်ရာကာလ= လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ) ၁၇။ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုး ဆောင်ရွက်ရန် ၁၈။ဒုက္ကရစရိယာကျင့်ရသောကာလ = ၆နှစ်ကြာ(၉၇ မှ ၁၀၃အထိ) ၁၉။ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော ၂၀။ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ် ၂၁။ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း ၂၂။အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး(ဒုက္ကရစရိယာ ကျင့်ခိုက်) ၂၃။တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော ၂၄။ပထမဆုံးသာဝက= ပဉ္စဝဂ္ဂီငါးဦး ၂၅။နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ် ၂၆။လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ၂၇။လက်ဝဲရံအဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန် ၂၈။အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ပဋိဝေဓ ၂၉။ကျင့်စဉ်သိက္ခာ = သီလ၊သမာဓိ၊ပညာ ၃၀။ချမှတ်သောလမ်းစဉ်= မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်) ၃၁။သန္ဓေယူသောနေ့= မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ ၃၂။ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ကဆုန်လပြည့်၊ သောကြာနေ့ ၃၃။တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ ၃၄။ဘုရားဖြစ်သောနေ့= မဟာသက္ကရာဇ်၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ ၃၅။ဓမ္မစကြာဟောသောနေ့= မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့ ၃၆။ပရိနိဗ္ဗာန်စီသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ၃၇။တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့
မှတ်ချက်..... ဂေါတမမြတ်စွာဘုရားကို ကုလားဆိုပြီးပြောနေကြတဲ့သူတွေ (အထူးသဖြင့်)ဖတ်တဲ့သူတွေ အထောက်အကူရမယ်ထင်လို့ပါ။"သတ္တဒ္ဓဂေါတမ" ဆိုတဲ့ ဗုဒ္ဓဘာသာ ဘုရားက အာရီယာန်အနွယ်တွေကနေဆင်း သက်လာတဲ့ ဝေသာလီလူမျိုး။အသားဖြူတယ်။ အရပ်အမောင်းကောင်းတယ်။အတိုက်အခိုက်ကျွမ်းကျင်တယ်။ဒရာဗီးဒီယန်းလို့ခေါ်တဲ့အသားမည်းတဲ့ ရှေးအရင်အိန္ဒိယတိုက်ငယ်မှာ(အခုအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊နီပေါတဝိုက်) နေတဲ့သူတွေနဲ့ မတူဘူး။ဟိန္ဒူ ဇာတ်ခွဲတာအဲဒီအပေါ်အများကြီး မူတည်ပါတယ်။ အာရီယာန်နွယ်တွေကဇာတ်မြင့်ပြီးဒရာဗီးဒီးယန်းတွေကဇာတ်နိမ့်တယ်။အခုမြန်မာတွေ ခေါ်နေကြတဲ့ ကုလားဆိုတာ အကုန်လုံးကို ပေါင်းခေါ်တာ(ဘင်္ဂလီ၊ ဆင်ဟာလီ၊အီန္ဒိယနွယ်၊နီပေါ၊ အာရပ်၊ပါရှန်း၊ပထန်၊ ပါကစ္စတန်အကုန်ပါတယ်)။ ပါရှန်းနဲ့ ပါကစ္စတန်ဖက်က သူတွေကလည်း အာရီယာန်နွယ်တယ်။ဒီတော့ကုလားလို့သိမ်းကျုံးခေါ်တဲ့ အထဲမှာပါသွားတယ်။ဒါပေမယ့် မြန်မာတွေအများစုက ကုလားလို့ခေါ်နေကြတဲ့ သူတွေနဲ့မတူဘူး။ကုလား ဆိုတာကူးလာဆိုတဲ့စကားကလာတာ။ အသားမည်းသူလို့အဓိပ္ပါယ်ရတယ်။လူမျိုးက အရေးမကြီးပါဘူး။အကျင့်သီလ၊ခံယူချက်၊ သဘောတရားတွေကပိုအရေးကြီးတယ်။မြန်မာတွေကမူဆလင်ကိုမကြိုက်တာက လုံးဝသဘောတရားချ င်းမတူလို့ပဲ။အဓိက အချက်က ကုသိုလ်၊ အကုသိုလ်ကို အဓိပ္ပါယ်ဖွင့်တာ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။ ကုလား မဟုတ်ကြောင်းကိုသိစေအပ်ပါသည်ခင်ဗျာ။
ဗုဒ္ဓဝင် ပုံတော်များအား(Photos Credit:google images)ကနေတစ်ဆင့် ရသလောက် စုဆောင်း၍ ပြန်လည် မျှဝေ လှူဒါန်းပါသည်။
စာအညွန်းရေးချင်ပါသောလည်း ဗုဒ္ဒဝင်ပုံတော်များ ဖြစ်သောကြောင့်လွှဲချော်သွားမည်စိုးပါသဖြင့် ပုံစာညွန်း မရေးတော့ပါ။ဗုဒ္ဓဘာသာဝင်များ အားလုံးလည်း သိကြလိမ့်မည်ဟု ထင်ပါသည် အမှားများပါရှိပါက သည်းခံ ခွင့်လွတ်ပေးကြပါခင်ဗျာ.....။
(လာရောက်ဖက်ရှု့ပေးမှု့ကို အထူးပင်ကျေးဇူးတင်ပါသည်)