မဆိုင်ဂလိုင်လာမခေါက်နဲ့ မယ်ကတုံး
mama gatone
ကတုံး ဖက်ရှင်ဆိုတာ ကျုပ်တို့ရဲ့
ဘုရားပေးသော မူပိုင်ဖက်ရှင်
========
ကေသမဿုံ သြဟာရေတွာ
ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ
အဂါရသၼာ အနဂါရိယံ ပဗၺေဇယ်
ဆံပင် မုတ်ဆိတ် ကျင်စွယ်နှတ်ခမ်းမွှေးတို့ကို ရိတ်ပယ်ဖယ်ရှား၍ ဖန်ရည်းဆိုး အဝတ်
သင်္ကန်းကိုဝတ်ဆင်ကာ ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ရာ၏
အခုခေတ်ဖက်ရှင်တွေက
သူများထက် အဆန်းတွေလုပ်ပြ
ဝတ်ပြမှ ဖက်ရှင်ကျတယ်
စတိုင်လ်ကျတယ် စမတ်ကျတယ်
ပြောကြတာပေါ့
တရုပ်ကထုတ်တဲ့ အသားရောင်
အစွပ်ကတုံးကြီးဝတ်ပြီး
ကတုံးဖက်ရှင်လုပ်နေသေးတယ်
=======
ကတုံးဖက်ရှင် ဖြစ်တာ
ကျုပ်တို့ ဘုန်းကြီးတွေဗျ
ဘာကြောင့် ???
ခေါင်းလေးကို ပြောင်းနေအောင်တုန်း
နှတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးများကို ရိတ်ပယ်ကာ
အရောင်တူသင်္ကန်းလေးကို
အဝန်းညီစွာ ဝိနည်းနှင်အညီ စမတ်ကျအောင် ရုံရမ်းလိုက်သော
ထိုရှင်ရဟန်းရဲ့ မြင်ကွင်းကိုကြည့်လိုက်စမ်းပါ
သင့်ရဲ့အမြင်အာရုံမှာ
ဘယ်လောက် ပသာဒဖြစ်လိုက်မလဲ
ရင်ထဲမှာ အေးမြသွားစေမယ်
သင့် စိတ် သန္တာန်မှာ ငြိမ်းချမ်းသွားစေမယ်
ကျုပ်တို့ကသာ ကတုံးဖက်ရှင်ဖြစ်တာပါဗျာ
ကတုံးဖက်ရှင်နဲ့ စမတ်ကျတာပါဗျာ
==========
ဒကာမ မင်းသမီးလေး
သတ္တိရှိရင် အမှန်တကယ်
ကတုံး တုန်းလိုက်ပါ
ကတုံးအတုကြီးနဲ့ ပရိတ်သတ်ကို
မလှည့်စားပါနဲ့
ကတုံးအတုကြီးနဲ့
ဟန်ပန်အမူအရာ အလိမ်အညာတွေ
မပြုလုပ်ပါနဲ့တော့လား ~~
ပရိတ်သတ်အမြင်ထူးဆန်းအောင်
်မလုပ်ပါနဲ့လား မင်းသမီးတို့ရယ်
=====
ကတုံးအစစ်နဲ့ ကျုပ်တို့ကိုလည်း
အားနာပါဦးဗျာ
ကတုံးအစစ်နဲ့ ကျုပ်တို့သာ
ကတုံးဖက်ရှင်ဖြစ်တာပါ
ကတုံးနဲ့စမတ်ကျတာပါလို့
ပြောလိုက်ပါရစေ
=====
ကတုံးအစစ် မတုန်းရဲ
{ခေါင်းမတုန်းရဲ } ဘဲနဲ့
ကတုံးဖက်ရှင်လာမလုပ်နဲ့
ဗိုလ်အောင်ဒင် ဒေးဗစ် ရီချင်တယ်
မင်းသမီးလေးရယ်
========
ဒေးဗစ် ဝိမလ {ဘာဏက}