နေကြတ် လကြတ် အဟောစာတမ်း
=======================
အဇဋာ- ကောင်းကင်ပုံတောင်ရည်လျက်၊ အစည်ထွက်ကြွ နေနှင့်လတို့ ကမ္ဘာဓမ္မတာ၊ သုရာဖမ်းလတ်၊ ကြတ်သည့် ရောင်ခြည် ၊အတည်မရှိ၊ ဝိပရိသဘော ၊အဟောစေုငု၊ စုံစွာရှု၍ ၊ယခုအကန့် ၊တသန့်တပါး ၊ပိုင်းခြားပြသအံ့သော နေကြတ် လကြတ် အကျဉ်းဟော။
နေ လတို့ကို ရာဟု ကြတ်သောအခါ၊ နီသောအဆင်းရှိမူ၊ (မီးဘေး, ငတ်မွတ်ဘေး, မိုးကြိုးလောင်မီးဘေး၊ မီးနှင့်စပ်သည့် အလုပ်သည်တို့အား နှိပ်စက်ခြင်းဖြစ်အံ့၊ မိုးသည်းထန်စွာရွာအံ့ , သားငှက်တို့ပျက်စီးအံ့။ )
ချိုရင်းမွေး ခိုခြေ၏အဆင်းတို့ကဲ့သို့ နီပြေသော အဆင်းရှိမူကား (သူဆင်းရဲတို့အား နာဖျားဆင်းရဲခြင်းဖြစ်အံ့၊ )
ကြာပဒုမ္မာကဲ့သို့ ဖြူသောအဆင်းအရောယှက်၍နီသောအငွေ့သန်းမူ ၊(ကုန်သည် လူမျိုးတို့ရောင်းရေးဝယ်မှု ညံ့ခြင်း ၊သတ္တဝါအပေါင်းတို့ နာဖျားတက်ခြင်း ၊အစားဆန်ရေ ပေါများခြင်း၊ မီးဘေးရောက်ခြင်းတို့သည် ဖြစ်အံ့)
နေအရုဏ်တက်သကဲ့သို့အဆင်းရှိမူ ၊(ငတ်မွတ်အံ့)
ဂွေ့နီအဆင်းရှိမူ( စစ်ဖြစ်အံ့)
မီးရောင်ကဲ့သို့ရှိမူ ၊(မီးဘေးများအံ့)ဟုဆိုရာသတည်း။
ဆေးဒန်းအဆင်း၊ရွှေသောအဆင်း နေဇာအဆင်းကဲ့သို့ရှိမူ ၊(အသေအပျောက်များအံ့)။ သို့မဟုတ် စစ်ထွက်ဖြစ်အံ့။
ဖြူသောအဆင်းရှိပါက ၊(သာယာဝပြေားအံ့)ပုဏ္ဏားလူမျိုးတို့အားနှိပ်စက်အံ့(ပညာရှိတို့နိတ်စက်ခံရအံ့)။
ဖြောတော့သောအဆင်းရှိမူ ၊(ငတ်မွတ်ကုန်အံ့)မိစ္ဆာအယူမကောင်းသူတို့ပျောက်ပျက်အံ့။
ကြောင်သောအဆင်းရှိမူ (သစ်သီးမျိုးပျက်အံ့, ခရီးသွားသူ, အမျိုးယုတ်သူတို့ ပျက်စီးကုန်အံ့)။
အရောင်မည်းမူ ၊(သူဆင်းရဲတို့ အနာရောက်ကုန်အံ့၊)
မီးခိုးရောင်ရှိမူ ၊(ဘေးကင်းအံ့) ဖြည်းညှင်းစွာမိုးရွာအံ့) ** ကိတစိန္တကျမ်းအလို-မိုးနည်းအံ့။
ရှေးသရကျမ်းအလို.........
သဗ္ဗကြတ်မူ (အလုံးစုံကြတ်မူ)မွတ်သိပ်အံ့။ နံတောင်ဖောက်ကြတ်မူ (အနာနိတ်စက်အံ့)။အန်မူ(ဝပြောအံ့) ကြတ်သောအရောင်နီမူ( မင်း)။ ကြောင်မူ(ရဟန်းပုဏ္ဏားပညာရှိ)။ ရွှေမူ(သူဌေး,သူကြွယ်) ။ညိုမူ(စစ်သူကြီး)၊ မည်းမူ(သူဆင်းရဲသားနှင့် အခြေလေးခုသတ္တဝါတို့)။ ဖြူမူ (ဝပြော)အဆိုတည်း။
အစိအားဖြင့် အဆင်းကား
လကြတ်နှိုက် ထက်ဝက်အောက်ကြတ်မူ (မီးခိုးအဆင်း)
ထက်ဝက်အလွန်ကြတ်မူ (မည်းနတ်သောအဆင်း)
လွတ်စ၌ (အညို,အနီရောသောအဆင်း)
အလုံးစုံကြတ်မူ (ကြောင်သောအဆင်း) တို့ဖြစ်ကုန်၏။
နေကြတ်ရာ၌ အခါခပ်သိမ်း မည်းသောအဆင်းသာတည်း။ သူရိယသိဒ္ဓကျမ်းအလို...ဆဌမမြောက် ဆေဒကပိုင်း၌တွေ့နိုင်သည်။
လေးစိတ်ကြတ်မူ (နီသောအဆင်း)
သုံးစိတ်ကြတ်မူ ( ဆေးဒန်းကဲ့သို့ ဝါသောအဆင်း)
ထက်ဝက်ကြတ်မူ (ဖြူသောအဆင်း)
တစ်စိတ်ကြတ်မူ (မည်းသောအဆင်း)တို့ ဖြစ်ကုန်၏။
ထိုအစိတ်တို့၌ ဝေဘန်ခြင်းကား,
လေးစိတ်ကြတ် ,(ချိုရင်းမွေး ,ကြာပဒုမ္မာ,နေအရုဏ်တို့ကဲ့သို့ နီသောအဆင်း )ဖြစ်ကုန်၏။
သုံးစိတ်ကြတ်,(ရွှေသောအဆင်း ,နနွင်းကဲ့သို့ဝါသောအဆင်း,ဖန်ခါးသီးမှည့်ကဲ့သို့ ဝါရင်သောအဆင်း)တို့ဖြစ်ကုန်၏။
နှစ်စိတ်ကြတ် ,(ဖြော့တော့သောအဆင်း, ကြောင်သောအဆင်း)တို့ဖြစ်ကုန်၏။
တစ်စိတ်ကြတ်,( မြေဇာမြက်ကဲ့သို့ စိမ်းညိုသောအဆင်း မြက်သီးကဲ့သို့ ညိုသောအဆင်း ,မီးခိုးကဲ့သို့မည်းညိုသောအဆင်း) တို့ဖြစ်ကုန်၏။ တစ်စိတ်တစ်စိတ်၌ သုံးပါးစီပွား၍ (၁၂)ပါးအဆင်းအရောင်ဖြစ်သည်ကို ဆိုသည်။
လကြတ်ခြင်း နေကြတ်ခြင်းတို့သည် များသောအားဖြင့် မည်းသောအဆင်းသာရှိရမည်,ထိုအရောင်တို့သည်ထူးခြားမှုတည်း။ ဒေသတိုင်းအရောင်တူရန်ရှိသည်။ မိမိတို့မြင်ရာဒေသ၌ အရောင်ကွဲပြားမှုကိုကြည့်၍ (ကောင်းသောနိမိတ် မကောင်းသောနိမိတ်) ဆိုကြရသည်။
လနေတို့သည် တစ်လတည်း၌ (၂)ကြိမ်ကြတ်သော် ပါပဂြိုလ်မြင်သော်၄င်း ပညာရှိသုခမိန်တို့ မင်းတို့ ပျက်စီးခြင်းဖြစ်အံ့။ အလုံးစုံကြတ်သောအခါ ပါပဂြိုလ် မြင်သည်ရှိသော် (ရှားပါးငတ်မွတ်ကုန်အံ့)။ဘောက်ပြန်ကွေကွင်း ခန္ဓာကင်းအံ့။
ရာဟု လွတ်သောရက်မှ (၇)ရက်အတွင်းအောက်ပါအချက်တို့ထူးကဲစွာဖြစ်ပါက
===================================================
(၇)ရက်အတွင်း မြူမှုံများစွာကျကုန်အံ့။ သတ္တဝါတို့များစွာပျက်စီးအံ့။
(၇)ရက်အတွင်း မိုး (၂)ကြိမ်ရွာပါက (အနာနိတ်စက် ဘေးတွေ့အံ့ )။မြေငလျှင်လှုပ်အံ့ ၊မင်းကောင်းမင်းမြတ်သေအံ့ ။
(၇)ရက်အတွင်း ဉက္ကာကျပါက (မင်းသား ပျက်စီးသေအံ့)
တခဲနက်မည်းသောအဆင်း အထူးထူးသောနိမိတ်ကျပါက (ဘေးဆိုးကြီးစွာကျကုန်အံ့)။
မိုးသည် ပြင်းထန်စွာချိန်းလျှင် ကိုယ်ဝန်ပျက်ကျကုန်အံ့၊ လျှပ်စစ် လက်မှုများစွာဖြစ်ပါက (ရေမြေသနင်းမင်း မင်းသားတို့အား အစွယ်ရှိသော သတ္တဝါတို့ နှိတ်စက်ခြင်းဘေးဖြစ်အံ့။
နေ လအိမ်ဖွဲ့မူ (အနာရောဂါနှိပ်စက်ကုန်အံ့)
လေပြင်းမုန်တိုင်းထမူ (ခိုးသူဘေးထကြွကုန်အံ့) လွန်စွာရပ်ရွာဆူပွတ်ကုန်အံ့။
မိုးကြိုးကျပါက (ရှားပါမွတ်သိပ်ကုန်အံ့) သတ်တန့်ကိုင်းပေါက်မူ (မိမိအတွင်းရန်တွေ့ရကုန်အံ့) အဖြောင့်သတ်တန့်ပေါက်မူ (အပြင်ရန်တွေ့ရကုန်အံ့)၊ဂြိုလ်ချင်းထိခိုက်မူ (မင်းတို့ စစ်ဖြစ်ကုန်အံ့)။
အထက်ပါတို့ (၇)ရက်အတွင်း တစ်ခုမှမဖြစ်ပဲ မိုးရွာသွန်းမှုဖြစ်ပါက သာယာဝပြေားစည်ကားကုန်အံ့
ကျမ်းကိုးကားများ-------
လောကသုတဝုဎ္ဍနကျမ်း
ကိတစိန္တကျမ်း
သံယုတ္တအဌကထာ ၊ပထမဝဂ်-စန္ဒိမ, သူရိယသုတ်
အရှင်သြဘာသ ##$ chirstonawba5