“ဆုံးမစာ”
လောဘ ဒေါသ ၊မောဟသူပျက်
နေ့တိုင်းဖျတ်၍ ၊အမျက်သည်းလွန်
တဖျင့်သန်လျက် ၊ပြေးဝှန်ဖင်ဖင်
အာရုံမြင်က ၊ ခင်ခင်မွတ်မွတ်
လိုက်လံတက်သား၊ ထူးပွတ်မဆိုင်
စိတ်ဆင်ရိုင်းကို ၊ ထူးပိုင်မချာ
ယဉ်စိမ့်ငှာလျှင်၊
ပညာထိန်း၍ မိန်းစေမင်း။
လောကသားသတို့ လောဘ ဒေါသ မောဟတည်းဟူသော သူပျက်နှင်တူသည့်တရားသည် သင့်အား နေစဉ် နေ့တိုင်း ဖျက်ဆီးလျှက်ရှိပေသည်။ အမျက်ဒေါသ ထွက်ခဲ့လျှင် မညီမညွတ် ကိုးယို့ကားယားဖြစ်ကာ တရှုးရှုးထိုး ထင်ရာကိုသာ ပြုတက်သည် ။ အာရုံမြင်တိုင်း ခင်မင် စုံမက် မွတ်သိပ်ဆာလောင်စွာ လိုက်လံတက်သော စိတ်ကို ပြေးထွက်သွားလခြင်း မပြုနိုင်အောင် ထူးခတ်၍ ထားရမည်။ ဆင်ရိုင်းသည် အစဉ်မပြတ်ဒေါသ အမျက်ထွက်လျက်သာ ရှိသဖြင့် တစ်စုံတစ်ရာကို တွေ့မြင်လျှင် ရပ်နားခြင်းမရှိဘဲနှင့် ပြေး၍ရန်မူတက်၏ ။ ထိုဆင်ရိုင်းနှင့်တူသော စိတ်ကို အမြဲ မပြတ်ပင်လျှင် ယဉ်ကျေးသိမ်မွေ့စေအံ့သောငှာ ဉာဏ်ပညာတည်းဟူသော ချွန်းတောင်းဖြင့် ထိန်းကျောင်း၍ ငြိမ်းသက်စေရမည်။
နားမလည်မှာစိုးလို့ တက်နိုင်သလောက်ဘာသာပြန်ထားတာ .....
တစ်ချို့က ဖင် ဘဲမြင်နေကြတယ်၊
တစ်ချို့က ခင် ဘဲမြင်နေကြတယ်
ကဲ...ပေါင်းပြေားတော့
ဖင်မြင်ခင် ဇာတ် အတော်ရှုတ်တဲ့ကောင်တွေ .....
ထူး = ခြေထောက်ကိုခတ်ရသော ထိတ်တုံး သို့မဟုတ် (သံကြိုးနှင့် ခြေထောက်နှစ်ခုကို တွဲခတ်ထားတဲ့အရာ)
chirstonawba