ယနေ့ 18-3-2019 ယနေ့အလွန်ပျော်စရာလည်းကောင်း စိတ်လည်းကြည်နူးရတဲ့နေ့ဆို မှားနိုင်မည်မထင် ....
ဒီနေ့ စစ်ကိုင်းတောင်ရိုး သာသနာအဓိပတိ သက်တော်ရှည်ဆရာတော် အရှင်ဉာဏ်ဏိဿရ သီတဂူဆရာတော်ဘုရားကြီး၏ သက်တော် ၈၂ နှစ်ပြည့်မွေးနေ့မင်္ဂလာတွင် သာသနာတော်အတွက် ကြိုးပန်းအားထုတ်နေကြသော သံဃာတော် ၁၀၀၀ ကို ဆွမ်းလောင်းလှူပွဲတွင် ပါဝင်ဆင်နွဲခွင့်ရလို့ ၀မ်းသာပီတိနှင့်တကွ ဆရာတော်လို သာသနာတော်အတွက် ထူးချွန်ပြောင်မြောက်တဲ့ ဆရာတော်တစ်ပါး ဖြစ်ခွင့်ရချင်လိုက်တာဆိုတဲ့အတွေး ပေါ်ပေါက်လာခဲ့တယ်..
သီတဂူ ဗိမာန်တော်တွင် သံဃာတော်များကို သဂြိုလ်ထောက်ပံ့လှူဒါန်းသူများကလည်း မြန်မာပြည်အနှံ့ လာရောက်ကြလှူဒါန်းကြနဲ့အလွန်ကို ပျော်စရာလည်းကောင်းပြီး ၀မ်းမြောက်ဝမ်းသာလှူဒါန်းနေကြသော ဒါယကာ ဒါယိကာမတို့၏ ပီတိနှလုံးဂွမ်းဆီထိကဲ့သို့ ပြုံးပျော်ကခုန်နေကြတဲ့ ရှမ်းတိုင်းရင်းသူးတွေကိုလည်း တွေ့ခဲ့ရတယ် တစ်ချို့က ကကြ တစ်ချို့က မုန့်တွေကို စတုဒီသာကျွေးကြနဲ့အလွန်ကို ပျော်စရာကောင်းတဲ့နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရပြီ ...
နက်ဖြန် 20-3-2019 နေ့ မှာဆိုလျှင် စစ်ကိုင်းမြို့ရဲ့ အထင်ရှားဆုံး ကောင်းမှုတော်စေတီမှာ သံဃာတစ်ထောင် ဆွမ်းလောင်းလှူပွဲနှင့်အတူ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ဖွင့်ပွဲအခန်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့်အခါတွင်လည်းလာရောက်ဆင်နွဲနိုင်ကြစေရန် သတင်းကောင်းပါးအပ်ပါသည်။
monk
sitagu