မေတ္တာသူ
ငါ့ကောင်းမှုအား
အမျှပါးသည်
မင်းကြားပါစေ မေတ္တာသူ။
မင်းဝိညာဉ်မှာ ညနက်ပါသော်
ပို့ရာအမျှ အလင်းခသည်
လမင်းဖြစ်စေ မေတ္တာသူ။
မင်းဝိညဉ်မှာ ပူလောင်ပါသော်
ဝေရာအမျှ အအေးခသည်
စမ်းမြဖြစ်စေ မေတ္တာသူ။
မင်းဝိညာဉ်ပျံ အထီးကျန်သော်
ပျံဖော်ဖြစ်စေ အမျှဝေသည်
ငှက်ဖြစ်စေသား မေတ္တာသူ။
မင်းလိုရာ' တ'
မင်း 'တ'ရာဖြစ်
အမျှသစ်သည်
မေတ္တာသူသို့ မေတ္တာသူ။
မေတ္တာသုတ်တော်ကို
တခေတ်ဆန်းလို့
ပို့သအပ်ပါသည် ။
ကုသိုလ် အမျှအမျှအမျှ