Steemit Friends တို့ရေ မင်္ဂလာပါလို့
အာရုဏ်တက်အလင်းကို က်ြဖကြီးတွေက ၄၅မိနစ် ကြိုမြင်နေရတယ်လို့ကြားဘူးမိပါတယ် အဲတာကြောင့် မနက်၎နာရီထိုးတိုင်း ကြက်ဖ ကြီးတွေက အသံသာများနှင့် အိမ်ရှင် ကျေးဇူးရှင်တို့ကို တွန်မြူးပေးကြတယ် ထင်ပါရဲ့
အဆိုတော်ကြီးများ သိချင်းစာရေးကြသူများကပါ တေးသွားအဖြစ် တင်စားကြတာ အခုချိန်ထိ ကြားယောင်မိနေပါတယ်
လင်းကြက်ကဲ့ တွန်သံ သာ ဟဲ့ ငရွှေဝါ ငညိုပြာ ထကြစမ်း အလုပ်ခွင် ဆင်းဖို့သာ
အဆိုတော် ကိုထွန်းရွှေ ဆိုခဲ့ပါသေးတယ်
လုသားတိုင်းလိုလို နေမင်းကြီး မိုးဃ်ကုတ်စက်ဝိုင်းက ထွက်လာတာနဲ့ လုပ်ငန်းတွေ စီစဉ်လုပ်ကိုင် ကြရတာ ရှေးယခင် ထဲကပါနော်
စိုက်ပျိုး သစ်ပင်များဟာလည်း နေရောင်ခြည်ရမှ လန်းဆန်းကြီးထွားလာကြရသလို အဖျက်ပိုးတွေကိုယ်ပါ နေရောင်ခြည်က ကာကွယ်ပေးနေလျက်ပါ
နေမင်းကြီး ကပူတော့ နေ့ခင်းမယ် ပနားယူ ကြရ နေအေးမှ အလုပ်ခွင်ပြန်ဆင်းကြနဲ့ နေ့တိုင်း လုပ်နေကြရတာ အသက်မွေးအလုပ်တခု လိုပါလေ
ညနေဆည်းဆာ နေမင်းကြီးလည်းပြန်ဝင် အလုပ်တွေသိမ်း ကြ အိမ်မွေးတိရစ္ဆာန်တွေ အိပ်တန်းဝင်ကြ လူသားအားလုံးတို့လည်း အနားယူ အိပ်စက်ရင်း ကမ္ဘာကြီးကို အလှဆင်သူတွေ မဟုတ်ပါလော
steemit team သူငယ်ချင်းတို့လည်း နေမင်းကြီးနှင့်အတူ အလုပ်လုပ် အနားယူ အပြန်အလှန်အောင်မြင်မှုတွေ ရယူနိုင်ပါစေလို့