Steemit Friends အားလုံး မင်္ဂလာညချမ်းပါ
ဒီနေ့မနက် ကားအော်တာနဲ့ ၅နာရီမှ ပျဉ်းမနား ဘဲကုန်း ဆည်မြောင်းမှ ပဲခူးသို့ ဆည်မြောင်းသင်တန်းကျောင်း သို့ အသိတွေ လိုက်ပို့ခဲ့ရတာပါ။ နေပြည်တော်-ရန်ကုန် high way အမြန်လမ်းမှကြီးမှ ဘုရားကြီး ၃၉-၆ဖာလုံသို့ ဆင်းပြီး ဘုရားကြီး-ပဲခူးမြို့သို့ ၄နာရီလောက် မောင်းနင်ခဲ့ရတယ်ပေါ့လေ။ရာသီဥတုကတော့ သာယာပေမယ့် ပဲခူးသို့ရောက်သော် အုံ့မှိုင်း ပြီး မိုးက စွေနေလေတော့သည်။ကိနော်နှင့် probox ကားလေးမယ် ၄ယောက်ဆိုတော့ မောင်းကောင်းရုံလေးပါဘေ။သင်တန်းကျောင်းသို့ ရောက် ပစ္စည်းလေးတွေချကြ အခန်းတွေယူပြီး နေ့လည်စာ စားဖို့နှင့် ဘုရားဖူးဖို့ စီစဉ်ပါတော့တယ် ။ပဲခူးရွှေသာလျောင်းသို့ အရင်သွား ရွှေလမင်း ထမင်းဆိုင်မယ် ဆာဆာနဲ့ ငါးမြင်းဟင်းနဲ့ ငပိချက်တို့စရာ အစုံဖြင့် စားလို့အလွန်ကောင်းခဲ့ပါတယ်လေ ။ထမင်းစားပြီးမှအေးအေးဆေးဆေး လျောင်းတော်မူကြီးကို ကန်တော့ ဆုတွေတောင်းဖြင့် ပုံတွေရိုက်ဖြစ်ခဲ့ပါတယ်။
မြန်မာပြည် အရပ်ရပ်မှလာရောက်ကြသော ဘုရားဖူးကားများ အပြည့်ပါ ဘုရားပေါ်တွင်လည်း လာရောက်ဖူးမျှော်သူများ စည်ကားနေတာတွေ့ရတော့ ကြည်းနူးပီတိဖြစ်မိပါတယ်လေ။
ဘုရားလျောင်းတော်မူကြီးကို ပုံအပြည့်ရိုက်ဖို့ မလွယ်ကူလှပါပေ ။ကင်မရာ နှင့် မဆန့်အောင် ကြီးမားလွန်းလို့ပါလေ
ဘုရားကန်တော့ ဆုတောင်းကြသူများဖြင့် တော်တော် စည်ကားနေတာ တွေ့ရပါတယ်
ဘုရားကြီး၏နောက်ကျောဘက်မယ် သမိုင်းအကျဉ်း ရုပ်လုံးပေါ်တွေပန်းချီသဖွယ် တင်ပြထားတာ တွေ့ရလို့ မှတ်တမ်းရိုက်ယူခဲ့မိပါတယ်လေ။
ပုံတွေများနေလို့ ဒုတိယပို့စ်ကြမှတင်ပြခွင့်ပြုပါ steemit friends များ ပဲခူးရောက်ရင် ဘုရားဖူးရင်း ငါးချဉ်ပေါပါတယ်လို့ တင်ပြလိုက်ပါတယ်။