Steemit Friends အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေဗျာ. . . . . . . . . . . .။
နွေရာသီဆို အပူချိန်တကယ်ပြင်းတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ ရွှေ-
ကြာပင်ရပ်ကွက်မယ် ကျနော်တို့ မိသားစု ကျနော်ရယ် ဇနီးရယ် သားသားနဲ့ သားအမိသားဖ ၃ယောက် အတူတူ နေခဲ့ကြတာ ၄နှစ်လောက်ရှိပြီထင်ပါတယ် ။
ကျနော်တို့ ဇာတိက ရမည်းသင်းရွှေဒါး ကပါ ကွမ်း စပျစ် နံနံ ဟင်းသီးဟင်းရွတ် ကုန်စိမ်း ထွက်တဲ့ ဒေသမလို့ တော်တော်များများ လူသိများတာတွေ့ရပါတယ်။သားသားက ခတ်ငယ်ငယ် နေပြည်တော်မယ် seagame က 2013မယ် ကြတော့ ကျနော်လည်းဟနေပြည်တော်ကို taxiဆွဲရင်းနဲ့ မပြန်ဖြစ်သေးဘူးလို့ ဆိုရမယ်ပေါ့ လေ။
သားသား နာမည်က မောင်ပိုင်စိုးဦးပါ မိတ်ဆက်ပေးပါရစေဗျို့။
အခုနှစ်ဆို ဒုတိယတန်း ရွှေကြာပင် အထက (14)မယ် ကျောင်းတင်နေပါပြီလေ။သားသား အရမ်းကြိုက်တာ အချိုရည် နေ့တိုင်းသောက်ရမှ မဝယ်ပေးရင် စိတ်ကောက်တယ် စကားမပြောတော့ဘူး အိမ်မယ်က ဆော့စရာ ခလေးမရှိ အပြင်ပတ်ဝန်းကျင်ကြတော့လည်း ခလေးတွေနဲ့ ပေးဆော့ဖို့ စိတ်မချနဲ့ ဆိုးချင်တိုင်းဆိုးနေတယ်ထင်ပါရဲ့ဗျာ။အခုခေတ် အချိုရည်တွေက ကျန်းမာရေးနှင့် မညီညွတ်တာ များတော့ သူ့အမေက ပေးမတိုက်ဘူး သားသားကြိုက်တာက အချိုရည် နေ့တိုင်းငို နေ့တိုင်း ကောက်နေလို့ ကားtaxi သိမ်းလို့ အိမ်ပြန်လာရင် အအေးဆိုင်ဝင်ရတာက အလုပ်တစ်ခုလိုဖြစ်လေတော့တယ်လေ။
အအေးဆိုင် ရောက်တဲ့အခါ အရောင်ပါတာ ကျနော် ဝယ်မတိုက်ပါ ဘာ့ကြောင့်လည်းဆိုတော့ အချိုရည်အစား ဓါတုဆိုးဆေးတွေက တမျိုး ဆေးသကြား ပါဝါခဲတွေ သုံးထားမှန်းမသိနဲ့ ခလေး ငိုမှာထက်
ဘေးဖြစ်မှာ စိုးရိမ်လာမိတာပါလေ။မြန်မာနိုင်ငံfdaကတော့ စီမံချက်ဖြင့်တော့ စစ်ဆေးတာ တွေ့ရပါတယ် သို့သော်လည်း အမျိုးအမည် အရေအတွက်က များတာက တမျိုး dateလွန်တွေကတဖုံ စုံနေတာပါဘဲလေ မည်သူ့မှ အပြစ်မပြောလိုပါ ကိုယ့်ကိုယ်ကိုယ် အသိသတိနဲ့ ကာကွယ်မိတာတော့ မှားမယ်မထင်မိပါလေ။ဈေးကွက်မယ် အပေါဆုံး ကတော့ ရေကို အရောင်အမျိုးမျိုး ဆိုးဆေးတွေကြောင့် မလို့
ကျန်းမာရေး သံသယ ဖြစ်မိတာ မိဘတိုင်းလိုလိုလို့ ထင်မိပါတယ်။
ကျနော်ကတော့ သားသားကို အဖြူရောင် စပါကရင် စပရစ် ဘဲအမြဲဝယ်ဖြစ်တယ်လို့ ဆိုရမယ် ပေါ့လေ။ကျနော်က ခလေးကို အအေးအချိုရည် လုံးဝမတိုက်ချင်ပေမယ့် သားသား အချိုကို တကယ်ကြိုက်နေလေတော့ နေ့တိုင်းဝယ်ပေးနေရတယ် ငွေကုန်တာ မနမျှောပေမယ့် ရောဂါ ဘေးထွက်ဆိုးကြိုးတော့ ငွေနဲ့ မဝယ်ယူတာအမှန်ပါလေ ။
ကျောင်းပို့ ကျောင်းကြို အလုပ်က သူ့အမေ နေ့တိုင်းလုပ်နေရသေး မိသားစုစားဖို့သောက်ဖို့ ချက်ပြုတ်တာက တဖုံ ဝတ်ပြီးသား အဝတ် လျှော်ဖွတ် မီးပူတိုက်နဲ့ သံသရာလည်နေတဲ့ သူ့အမေကလည်း တမျိုး ကျနော်ကလည်း taxiထွက်မောင်းမှ ငွေရမယ် ငွေရမှ မိသားစု အဆင်ပြေမည့် စိတ်နဲ့ ငွေရှာ ဆရာကြီးပေါ့လေ။
ခလေးက အိမ်ပြန်နောက်ကြရင် သူ့အမေဖုန်းနဲ့ အဖေပြန်လာရင် အချိုရည်ဝယ်ခဲ့ဖို့က တစာစာနဲ့ တကယ်ကို ကြိုက်နေတယ်ဗျာ။steemit friendsတို့လည်း အခုpostလေး ဖတ်ဖြစ်ရင် အကြံလေးပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ် ။အိမ်မယ် ရေခဲတ္တောရှိနေလို့ များများလည်း ဝယ်ထည့်မထားရဲ ခလေးကျန်းမာရေးကြောင့် ထိမ်းထားနေရတယ် ကျောင်းသွားရင် သူ့အမေလိုက်ပို့ ပေးတဲ့မုန့်ဖိုးလေးနဲ့ ခလေးသားရေစာဆိုတော့ သိတဲ့အတိုင်းဘဲ ကျောင်းမယ်ရောင်းတာက ၁၀၀မယ် ၈၀%က ရောဂါဖြစ်ဖို့များတော့ မုန့်ဖိုးမပေးလို့ကလည်းမရ ခလေးဆိုတော့ သူများစား စားချင်မယ် လေ
steemit မိတ်ဆွေများလည်း ကျနော်နှင့်သာသားအချိုရည် ခေါင်းစဉ်ဖြင့် ဆောင်ရန်ရှောင်ရန်လေးများ ဝေမျှပေးကြပါလို့ တင်ပြအပ်ပါတယ်။