SteemitFriends All Mingalarpar
ကျွန်တော် နေပြည်တော် မြို့မ ကားဝန်းသို့ အစောရောက်၏။
မနက်စောစော ကတည်း က မြို့မှဈေးမှ ဝန်ထမ်းအိမ်ယာသို့ ကားဖြင့်လိုက်ပို့ ဈေးဦးပေါက် မြန်မာကျပ်ငွေ ၃၀၀၀(သုံးထောင်)ရလို့ နံနက်စာအတွက်တော့ မပူပင်ရတော့ဘူးလေ သို့သော် coffeeလေးသောက်လိုက် စီးကရက်လေး ဖွာလိုက်ရင်း ကိုယ့် ကားလုပ်ငန်းအကြောင်း တွေးလိုက် express highway ကားကြီးတွေအကြောင်း စဉ်းစားနေမိတာပါ။express highwayကားကြီးတွေက ကားဂိတ်တွေနဲ့ လက်မှတ်တွေရောင်းကြ တချို့ ဂိတ်ဆို onlineဖြင့်ရောင်းကြခြင်းဖြင့် နေ့စဉ်နှင့်အမျှ ပြေးဆွဲနေကြတယ် တခါတလေမယ် ခရီးသွားနည်းပြီး လူမပြည့်လည်း ထွက်ရတာ ကို စိတ်ကူးထဲ ပေါ်လာမိတာကို တွေ့ကြည့်ဖြစ်မိပါတော့တယ်ဗျာ။သြော် ကားကြီး မောင်းပြီး အရင်းအနှီးတွေ အများကြီး ဂိတ်အပိုင်တွေနဲ့ သေချာအောင် စီစဉ်ထားတာ တောင်မှ အရှုံးဆိုတာ ရှိတာပါဘဲလားလို့ သတိဝင်မိပါတယ်။ ကိုတွေtaxiဆိုတာ အိမ်က ထွက်လာတဲ့ ဆီလေးရင်းထားပြီး ကားဝန်းမယ် ရပ်ထားရတယ် လူရမှထွက်ရတယ် မရ ရင် မထွက်တာကို သတိမူကြည့်တော့ တွက်ကြည့်တော့လည်း တစ်ရက်စာဝင်ငွေက ကိုက်နေတာပါလားလို့ သိလာမိတယ်အမှန်ပါလေ။
ဘယ်အလုပ် ဖြစ်ဖြစ် အလုပ်တစ်ခုကို စတင်နေဖို့ အရေးကြီးတယ် အလုပ်ကြီးတာ သေးတာ မဆိုင်ပေ ဝင်ငွေဆိုတာ ကိုရင်းနှီးထားတဲ့ အပေါ်မယ် မူတည်ပြီး အကျိုးအမြတ် ဆိုတာ ဝင်နေမည်မဟုတ်ပါလော။
အလုပ်တွေ လုပ်ကြတယ် လုပ်ငန်းခြင်းတော့ မတူနိုင်ပေ ကိုယ်တတ်သည့် အလုပ် ကိုကျွမ်းကျင်သောအလုပ် ကိုရင်းနှီးမြုပ်နှံထားမိသော အလုပ်ကို နေ့တိုင်းအချိန်တိုင်း စတင်နေမှအောင်မြင်မှုဆီရောက်နိုင်သော လမ်းပေါ်မယ် ရှိနေပါမည်မဟုတ်ပါလော။ပန်းချီဆရာတွေဟာ ဆေးစက်ကြရာမယ် ပုံဖော်နိုင်သလို ဆေးစက်ကြဖို့ စတင်မှုလုပ်ဖို့လည်း လိုပြန်တာကို သတိမူမိပါတယ်လေ။
steemit မယ် ကိုယ်ပိုင် ဘလော့တစ်ခုဖြစ်လို့ နေ့တိုင်းpost(4)ခုတင်လို့ ရတာမှန်ပေမယ့် စာဖတ်ဖြစ်အောင် စတင်ရမယ် အတွေးတွေကို လက်တန်းရေးဖြစ်ဖို့ စတင်နိုင်မှ postကောင်းတစ်ခုဖြစ်လာမည် မဟုတ်ပါလော။express hightway ကားတွေလည်း ဘယ်အချိန်မယ် ထွက်မယ် ငွေဘလောက်ကြမယ် ဘယ်မြို့ရောက်မယ် ဆိုတာကို ကြိုတင်ပြီးစတင်ထားလို့ ခရီးသည်များ အလွယ်တကူ သွားလာနိုင်ကြတာလည်းဖြစ်သလို ခရီးသည်များကလည်း လက်မှတ်ကို စတင်ပြီး ကြိုတင်ဝယ်ယူထားကြလို့ ခရီးဆက်ဖြစ်ကြတာလည်း မမှားပါလေ။
ကျွန်တော်လည်း ချမ်းသာချင်တာ အမှန်ပါ။သို့သော် ဘယ်အလုပ်တွေမယ် invest လုပ်ထားတာ ဘယ်နှစ်ခုရှိလည်း taxiမောင်းတာလည်း invest လုပ်ထားသလိုပါဘဲ
(၁)ကားတစ်စီးရှိရမယ် ဝယ်ထားသူရှိသလို ownaကျေးဖြင့်ယူထားသူလည်းရှိ
(၂)ယာဉ်မောင်းလိုင်စင်ရှိကိုရှိရမယ် taxiဆို (ဃ)လိုင်စင်တော့ရှိမှ
(၃)ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကျွမ်းရမယ် အိမ်တွေ စူပါမာကက် hotelတွေ တည်းခိုခန်းတွေ စားသောက်ဆိုင်တွေ အကုန်သိနေမှ ထိခိုက်မှုမရှိအောင်ကို ထိမ်းသိမ်းနိုင်ဖို့ ကျွမ်းကျင်မှုတွေပေါ့
(၄)အမြဲတမ်း ကိုယ့်ကို ယုံကြည်ပြီး စီးနှင်းသူ မိတ်ဆွေတွေလည်း ပေါဦးမှ တချို့ဆို စာပို့ခိုင်း ပါဆယ်အထုတ်ရွေးခိုင်းနဲ့ ပေါ့
အထက်ပါအချက်တွေကို invest လုပ်ထားတာ မှန်ပေမယ့် ကျနော့်ရဲ့ဝင်ငွေ တစ်ရက် ၃သောင်းဘဲရမယ်ဆိုတာ အမြ်းအားဖြင့်တွက်ထားပြီး နေ့တိုင်းအလုပ်ကိုစတင်နေခြင်းမဟုတ်ပါလော။ မိသားစုတိုင်းလိုလို ပညာရေး ကျန်းမာရေး လူမှုရေး စားဝတ်နေရေးတွေက ကျနော့် အခုလုပ်ထားတဲ့ invest က လမ်းတမ်းရုံပါဘဲ တစ်လတလေ မယ် အနုတ်ပြပြီး အကြွေးတောင်တင်ပါတယ်လေ ။
အဲတာတွေကြောင့် ကိုယ်ကိုယ်တိုင် လုပ်မှရမည့် အလုပ် ကို စတင်ထားပြီးပြီနေ့တိုင်းလည်း လုပ်နေပြီ ချမ်းသာဖို့ နောက်ထပ် ကိုယ်ကိုယ်တိုင် မလုပ်ရဘဲနဲ့ invest ကိုရှာနေရပြန်ပြီလေ။
ကျွန်တော် ကိုယ်ကိုယ်တိုင်မလုပ်ရဘဲ ငွေ အမြဲတမ်းဝင်နေဖို့အတွက်
အခွင့်အလမ်းတွေရှာတဲ့အခါမယ် onlineအလုပ်ကို သဘောကြလာမ်ပါတယ်။steemit ကို အကောင့်ဖွင့်တယ် steem$လိုချင်လို့
သို့သော် ကိုယ်ကိုယ်တိုင် အလုပ်အားမှ လုပ်ရတဲ့ အလုပ်ဖြစ်နေပါတယ် ။ coinတွေ scam မဖြစ်တာလေ့လာတယ် တိုင်ပင်တယ် tradeတယ် invest လုပ်တယ် မိတ်ဆွေတွေမိတ်ဆက်တယ် team ကြီးလာလေ အောင်မြင်ဖို့ လမ်းပေါ်ရောက်မယ်ထင်ထားလို့
ကျွန်တော့အိမ်မက်ကို now work startလို့ ခေါင်းစဉ်ဖြင့် စတင် လိုက်ခြင်းဖြစ်တာပါ။
အလုပ်တွေနေ့တိုင်း စတင်လုပ်နေရတော့ ပင်ပမ်းတာမှန်ပါသော်လည်းအိမ်ရောက်ရင် ရောဘက်တီကီယိုဇာကီ စာအုပ်တွေဖတ်ဖြစ်အောင်ဖတ်တယ် အောင်မြင်ဖို့ စတင်ချင်လို့ပါ လေ။
ကျွန်တော်လည်း လုပ်ရင်းလုပ်ရင်း အသက်တောင် ၃၈ဖြစ်လာပြီ မနားရပေမယ့် ရင်းနှီးဖို့တောင် အနိုင်နိုင်ဆိုတော့ အောင်မြင်ချင်တာစတင်နိုင်ဖို့ နည်းလမ်းကောင်းစာအုပ်တွေလိုလာပြီထင်လို့ ငွေရှာနည်း ဝယ်ဖတ်မိတယ်။active incomeနှင့် passive income ကွဲကွဲပြားပြားသိလာတယ် active incomeမယ် မနေချင်ပါ passive income သွားဖို့ အလုပ်စတင်နေပါပြီလေ အသက်ရှင်နေသမျှ စတင်နေပြီး steemit friendsများလည်း အတူတူအောင်မြင်ဖို့ စတင်ပါတော့လို့ ဆန္ဒပြုလျက်ပါ။