SteemitFriends All မင်္ဂလာညချမ်းပါ
ညနေဆို မိုးကရွာ ညနေဆို မိုးကရွာနှင့် မိုးရာသီရဲ့ အနေအထားက မြန်မာပြည်ရဲ့ လူသားတွေကို အေးမြလန်းဆန်းစေတာထက် အလုပ်လုပ်ဖို့ အချိန်တွေပေးဆပ်နေရ ခြင်းဖြစ်နေသလိုပါ။မနက်အစောထ
ကားအော်တာလေး မောင်းလိုက် coffeeပူပူလေး သောက်ရင်း သူငယ်ချင်းများဖြင့် အလုပ်ကြောင်း ကားအကြောင်း သတင်းများ စုံနေအောင် ပြောပြီး နာရီကြည့်လောက်တော့ ၁၀နာရီက ထိုးနေလေတော့သည်။ နေ့စဉ်နေ့တိုင်း အိမ်ပေါ်က ဆင်း ကားပေါ်တက် အော်တာမောင်းနဲ့ အလုပ်တွေနေ့တိုင်းလုပ်လာခဲ့တာ အခုလို မိုးရာသီမယ်တော့ ညနေဆို မိုးက မှိုင်းညို့ပြီး ရွာနေလိုက်တာ နေ့တိုင်းလိုလို ပါလေ။
ညနေရောက်လို့ မိုးရွာရင် ကားမောင်းဖို့ အလုပ်မဖြစ်တော့ ကားစီးပြီး သွားလာကြသူတွေကလည်း အညာဒေသလိုဖြစ်နေတော့ မိုးကြောက်တယ် ထင်ပါမိ။အသက်မွေးအလုပ် ကားမောင်းခြင်းဖြင့် စီးပွားရှာရတာကလည်း မလွယ်ကူလှပါပေလေ။လူတိုင်း စီးပွားရေး အဆင်ျပြကြမှ အသွားအလာ ပေါများတာလေ ။ကားဝန်ဆောင်မှုအလုပ်ကတော့ ပွင့်လင်းရာသီ သီတင်းကျွတ်နောက်ပိုင်းမှ အဆင်ပြေမယ် နှစ်တိုင်းလိုလိုပါလေ။
မိုးကရွာ ကားကို ရေဆေးခုံတင်ရတာကလည်း တစ်ကြိမ်တင်တိုင်း မြန်မာကျပ်၃၀၀၀ပေးရ မဆေးလို့ကလည်းမရ လေ။အောက်တိမ်းဆီကလည်း တစ်လီတာ 700ရဲ့အထက်မယ် နောက်ဆုံးတော့ ဆီcompany ကို ဆီဖြုန်းပေးနေသလိုပါဘဲလို့ စိတ်ထဲမယ် မြနေထင်နေမိပါတော့တယ်။ကားတာယာကလည်း ၆လ တစ်ကြိမ် လဲပေးရသေး တာယာတစ်လုံး ၄၀၀၀၀ကျပ် တစ်လတစ်ခါ အင်ဂျင်ဝိုင်က
မလဲပေးလို့ကမရ ကီလိုကြည့်လိုက် ကွက်တိကြည့်ဖြစ်နေတယ်လေ။
ယဉ်စည်းကမ်း လမ်းစည်းကမ်း ကလိုက်နာရသေး ကီလို 100 ကျော်မောင်းလို့ကမရ လိုင်စင် လည်း ပြည့်စုံမှ တစ်မှုဆို ၅သောင်း ရွာလည်သွားမယ်ဗျို့ ကားမောင်းပြီးအသက်မွေးအလုပ်ကလည်း မလွယ်ပါလားလို့ အဖြစ်မှန်လေး တင်ပြလိုက်မိပါတယ် အားလုံး အဆင်ပြေကြပါစေလို့ ဆန္ဒပြုလျက်ပါ။