Steemit Friends အားလုံး ဝါကျွတ်ရက်မှ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုလျက်ပါ။
သီတင်းကျွတ်လပြည့်ရက်မယ် နေပြည်တော်မြို့မဈေးမယ် ကားTaxiဆွဲကြသော သူငယ်ချင်းများ နေပြည်တော် ဘုရားအစုံ တိုင်းရင်းသားကျေးရွာ( နေပြည်တော်အမျိုးသားဥယျာဉ်) ဆာဖာရီ အစုံလိုက်ပို့ပေးကြရလို့ ပျော်ရွှင်ပြီး အမှတ်တရ ပုံလေးတွေရိုက်ဖြစ်ခဲ့ပါတယ် ။ နေရာတိုင်းလိုလို အနယ်နယ်မှ လပြည့်ရက်ကို လာရောက်ကြသည်မှာ မရေတွက်နိုင်အောင်ပါ လေ။ ခလေး လူငယ်လူလတ် လူကြီးများပါ အစုံ ဘုရားဖူး လာရောက်တာကို တွေ့ရလို့ ပျော်စရာရက်လပြည့်ရက်မှာ အားလုံး ကြည်နူးနေကြတာ ကို တွေ့ရလို့ စိတ်ကြည်နူးမိပါတယ် လေ။
နေပြည်တော် ဘုရားကြီးမယ် ကားတွေအထူးကြပ်ပြီး စည်ကားခဲ့ပါတယ်။ ဘုရားကြီးရဲ့ မုဒ်၎ခုစလုံး အပြည့်အလျှံ လာရောက် ဖူးမျှော်သူတွေ အထူးများပြားလှပြီး ဝါကျွတ် လပြည့်မယ် ဘုရားသို့ ပန်းကပ်သူက ကပ် ဆီမီး လှူဒါန်းသူက လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကြသူတွေ အများအပြားတွေ့ရတော့ ကြည်နူးအေးမြစေပါတယ်။
နေပြည်တော် ရုံးဝန်ထမ်းမိသားစုများလည်း ပိတ်ရက် (၅)ရက် ဆက်တိုက်ဆိုတော့ မိမိတို့ နယ် အရပ်သို့ ပြန်သွားကြသူများကလည်း expressကားများကို မတင်နိုင်အောင်ဖြစ်ခဲ့ပါတယ်။
နေပြည်တော်သို့ အထူးလာရောက်ကြတဲ့နေရာကတော့ ဗုဒ္ဓဂါယဘုရားများ ဖွားပွင့်ဟောစံ မယ် အများကြီး လာရောက်ကြတာလည်းတွေ့ရပါတယ် လေ ။အိန္ဒိယ နိုင်ငံမယ် ကဲ့သို့ တည်ထားကိုးကွယ်ထားသောကြောင့် လူတိုင်းရင်ထဲမယ် ပြောမဆုံးနိုင်သော ပီတိများဖြင့် ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်လေ။သူငယ်ချင်း ကားတွေကလည်း မြို့မဈေးကားဂိတ်မယ် တစ်စီးမကျန် အကုန်ထွက်ရလို့ ပျော်ရွှင်နေကြပါတယ်လေ။ညနေရောက်တော့ နေပြည်တော်ရေပန်းဥယျဉ်မယ် ရေးပန်းအလှဓါတ်ပုံရိုက်ကြ မျှော်စဉ်ပေါ်တက်ကြ ရေချိုးကြဖြင့် နေရာလပ်မရှိအောင် ပြည့်လို့နေပါတော့၏။
steemit က မိတ်ဆွေများ သူငယ်ချင်းများ နိုင်ငံအသီးသီးမှ steemit friendsများ မြန်မာနိုင်ငံရဲ့ ဝန်ကြီးရုံးများစိုက်ရာ နေပြည်တော်က မရောက်ကြသေးသော မိသားစုများအားလုံး ဘုရားဖူးမျှော်ရင်း အပန်းဖြေလာရောက် နိုင်ပါစေလို့ ကြိုဆိုနေလျက်ဖြင့် သီတင်းကျွတ်လ မယ် အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့
ဆန္ဒပြုလျက်