မိဘ
မိဘဆိုတာ သားသမီးတွေရဲ့ ခေါင်းဆောင်တွေပါ သားသမီးတွေရဲ့ ဒုတိယ ခေါင်းဆောင်တွေကတော့ ဆရာတွေပော့ လောကကြီး အကြောင်း ဘာဆိုဘာမှ မသိခင်မှာ စကားပြောတက်အောင် လမ်းလျှောက်တက်အောင် တွေးခေါ်တက်အောင် သင်ယူတက်အောင် စတင်သင်ကြားပေးတာကတော့ မိဘနှစ်ပါးပါ မိဘ နှစ်ပါးမှာတော့ သားသမီးနဲ့ အထိအတွေ့အများဆုံးကတော့ အမေပေါ့
အသက် တစ်နှစ်သားလေးက စပြီး အမေရဲ့ အပြုအမူ အပြောအဆိုတွေကို စတင် တွေ့ရှိ သင်ယူနေပါပြီ အဲ့အချိန်ဟာ သားသမီးတွေအတွက် မိဘတွေရဲ့ အပြောအဆို အမူအရာတွေ ကို စတင်ပြီး ဆင်ခြင်ပြောဆိုသင့်ပါပြီ
နောက်ဆုံး ရန်ဖြစ်ရင်တောင် သားသမီးရှေ့ မဖြစ်သင့်တော့ ပါဘူး ရန်ဖြစ်ပြီ ဆိုရင်တော့ လူတိုင်းဟာ ဒေါသတွေ ပါလာမယ် ကြမ်းတမ်းတဲ့ အပြောအဆိုတွေ ပါလာကြစမြဲပါ
အဲ့လို ကြမ်းတမ်းတဲ့ အပြောအဆို အပြုတွေကို ငယ်ရွယ်တဲ့ သားသမီးတွေကို တွေ့စေလိုက်မယ် ကြားစေလိုက်မယ် ဆိုရင်တော့ အဲ့သားသမီးတွေဟာ မိဘတွေရဲ့ ကြမ်းတမ်းတဲ့အပြောအဆို အပြုအမူတွေ အတိုင်း ထပ်ကြပ်မခွာ သင်ယူနေပြီဆိုတာကတော့ မလွဲ ဧကန်ပါပဲ
တချို့လူတွေ ကပြောကြတယ် မိဘရဲ့ စရိုက်လက္ခဏာကို သိချင်ရင် သားသမီးကိုကြည့်လို့ပြောကြတယ် မှန်ပါတယ်
သားသမီးတွေ အပြောအဆို အပြုအမူတိုင်းဟာ မိဘရဲ့ သွန်သင်ဆုံးမမှုပေါ် 70%သက်ရောက်နေတက်ပါတယ်
သို့ပေမယ် ကျမမြင်ဖူးတဲ့ မိသားစု တစ်စုရှိတယ် မိဘက အေးဆေးတည်ငြိမ်ပေမယ့် အဲ့ဒီ သားသမီး အတော်လေး စရိုက်ကြမ်း အပြောကြမ်းတဲ့ သားသမီးတွေမြင်ဖူးတယ် အဲ့လို သားသမီးတွေကြ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းတဲ့ အပေါင်းသင်းကြောင့် ဆိုးသွမ်းကြတာတွေလည်း မြင်ဖူးပါတယ်
အရွယ်မရောက်ခင်မှာတော့ မိဘရဲ့ အပြုအမူ အပြော ဆိုတွေကြောင့် လိမ္မာယဉ်ကျေးနေပေမယ့် အရွယ်ရောက်တဲ့အချိန် ပေါင်းသင်းဆက်ဆံ ရမယ့်သူတွေ များလာတဲ့ အချိန်ကြတော့ အပေါင်းအသင်းရဲ့ အကျင့်ဆိုးတွေကို လည်းသင်ယူလာကြတယ်
တချို့ မိသားစုတွေမှာတော့ မိဘ ကြမ်းတမ်းသလောက် သားသမီး က အေးဆေးတည်ငြိမ်တဲ့သူတွေလည်း ရှိကြတယ် သူတို့လည်းပဲ ကောင်းတဲ့ အပေါင်းအသင်းရဲ့ ကောင်းတဲ့ အရာလေးတွေ ကို သင်ယူမှုတွေကြောင့် ကောင်းတဲ့ စရိုက်လေးတွေ တွေ့နေရတာပါ
အားလုံးချုံပြီးပြောရမယ် ဆိုရင်တော့ သိတက်လာတဲ့ သူတစ်ယောက် ဆိုးတယ် ကောင်းတယ် ဆိုတာ ကိုယ့် စိတ်နဲ့ တိုက်ရိုက်ကြတယ်လို့ ယူဆပါတယ်
အပေါင်းအသင်းကြောင့်လည်း အပြည့်အဝ ပြောလို့ မရသလို မိဘကြောင့် လို့ လည်းအပြည့်အဝပြောလို့ မရပါဘူး အားလုံးဟာ ကိုယ်နဲ့ပဲ ဆိုင်တာပါ
ဒါပေမယ့် မသိနားမလည်သေးတဲ့ အချိန် ငယ်ရွယ်စဉ်မှာတော့ အပေါင်းအသင်းကောင်းနဲ့ တွေ့ဖို့က အင်မတန် အရေးကြီးပါတယ်
ဒီစာလေး ရေးသားရတာကတော့ ကိုယ်သာ တစ်ေ့ မိဘ နေရာ ရောက်လာရင် ဆင်ခြင်နိုင့်ရေးသားထားခြင်းဖြစ်ပါတယ်
MSC 231
Photo by Thandar