Cryptocurrency ဆိုတာ peer to peer တစ်ဦးနဲ့ တစ်ဦး ကြားခံမပါဘဲ
ပေးပို့နိုင်တဲ့ digital currency ဖြစ်ပါတယ် ငွေကြေးကို ထိန်းသိမ်းဖို့
ငွေပို့ငွေလွှဲဖို့ ကြားခံ ဘဏ် အဖွဲ့အစည်း မလိုပါဘူး ပေးပို့လိုက်တဲ့
ငွေဟာ လက်ခံသူဆီကို ရောက်ဖို့ nodes တွေကနေ စိစစ်ပေးရတယ်
nodes တွေအားလုံးရဲ့ ထက်ဝက်ကျော်က ငွေပေးချေမှုကို
အတည်ပြုပေးရင် လက်ခံသူဆီ ငွေရောက်ပါတယ် ဒီလိုမျိုး
အတည်ပြုပေးဖို့ network ထဲက ကွန်ပြူတာတွေက mining
လုပ်ပေးရပါတယ်။ mining လုပ်ရတာက ကွန်ပြူတာရဲ့ တွက်ချက်မှု
စွမ်းရည် အများကြီး လိုအပ်ပါတယ် ရှင်းရှင်း ပြောရရင်တော့ စျေးများများ
ပေးရတဲ့ အမြင့်စား cpu တွေ gpu တွေ လိုအပ်ပါတယ် အားနည်းတဲ့
cpu တွေနဲ့ mining လုပ်မယ်ဆိုရင် အပူလွန်ကဲလာပြီး ပျက်ဆီးမှုကို
ဖြစ်စေနိုင်တယ် ပြီးတော့ လျှပ်စစ် ဓါတ်အားလည်း စားပါတယ်
ဒီဆောင်းပါးမှာတော့ dogecoin ကို mining လုပ်ဖို့ လိုအပ်ချက်တွေကို
ဖော်ပြသွားပါမယ် ပြီးတော့ dogecoin mining လုပ်ရင် မြတ်နိုင်သလား
ဆွေးနွေးသွားပါမယ် မြန်မာနိုင်ငံမှာက 4gb ရှိတဲ့ gpu တစ်ခုကို ဝယ်ရင်
ကျပ် တစ်သိန်းခွဲ နီးနီး ကျနိုင်တယ် cpu ကလည်း အနည်းဆုံး ဒီလောက်တန်ပဲ
ရှိပါတယ် ပြီးတော့ အခုခေတ်မှာ မီတာခတွေကလည်း တိုးမြင့်လာတော့
အမြတ်ထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ ဒါပေမဲ့ coin စျေးတွေ
တက်လာရင်တော့ တစ်မျိုးတစ်မည် ဖြစ်နိုင်ပါတယ် ကျွန်တော်ကတော့
အမြတ်ရဖို့ထက် ဝါသနာပါလို့ mine ဖြစ်ပါတယ်။ cpu သို့မဟုတ် gpu နဲ့
Mine လို့ရတဲ့ coin ဖြစ်တဲ့ monero ကို mine တာပါ bitcoin ကတော့
Gpu နဲ့ mine ရင်တောင် gpu လေးငါးခြောက်လုံးလောက်ပါတဲ့
Mining rig တွေနဲ့မှ အဆင်ပြေမယ် ဒါမှမဟုတ် ASIC miner လို
Crypto mining အတွက် သီးသန့်သုံးတဲ့ စက်တွေနဲ့ mine မှ အမြတ်
ထွက်နိုင်မယ် ဒီစက်တွေက USD 1500 ကနေ 2000 နီးနီး ပေးရပါတယ်
ဒါ့ပြင် မီတာလည်း မတရားစားပြီး ဆူညံသံလည်း ထွက်ပါတယ်
ကျွန်တော် mine တဲ့ monero ကတော့ ASIC resistant coin ပါ
ASIC နဲ့ mine ရင်လည်း ဘာမှ ပိုမထူးခြားအောင် လုပ်ထားတဲ့ coin ပါ
Dogecoin ကတော့ cpu, gpu, ASIC အားလုံးနဲ့ mine လို့ ရပါတယ်
ဒီတော့ ကိုယ်က အားနည်းတဲ့ cpu, gpu လောက်နဲ့ mine နေရင်
ASIC နဲ့ mine တဲ့ လူတွေကို မယှဥ်နိုင်ပါဘူး ပြန်ရတဲ့ ငွေက နည်းမှာပါ
Minine ဆိုတာက ထီထိုးသလိုပါပဲ ကိုယ်က mine နေရင် ထီထိုးခွင့်
ရနေတာနဲ့ တူပါတယ်။ mine နေတဲ့ ကွန်ပြူတာတွေထဲက block ကို
ရှာတွေ့သူကိုသာ block reward ပေးပါတယ် ဒါက solo mining ကို
ပြောတာပါ ထီထိုးသလို မဟုတ်ဘဲ ပုံမှန်ဝင်ငွေ ရချင်တယ် ဆိုရင်တော့
Mining pool တစ်ခုမှာ တခြား miner တွေနဲ့ ပေါင်းပြီး mine နိုင်ပါတယ်
ဒီ အဖွဲ့ထဲက တစ်ဦးဦးက block ကို တွေ့ရှိသွားရင် block reward ကို
Mine တဲ့ ကွန်ပြူတာတွေ လုပ်ဆောင်ပေးတဲ့ hash power အလိုက် ညီတူညီမျှ
ခွဲဝေယူကြရတာပါ solo mining ကတော့ ခုခေတ်မှာ သီတင်းပတ် သုံးလေး
ပတ်လောက် Mine ရင်တောင်မှ block တွေ့ရှိရဖို့ မသေချာပါဘူး mining လုပ်ဖို့
Software လည်း လိုပါသေးတယ် ကိုယ်အသုံးပြုတဲ့ hardware အလိုက်
Cudaminer, CGminer, EasyMiner နဲ့ MultiMiner တွေကတော့ free ရနိုင်တဲ့
Software တွေပါ ပြီးတော့ mining လုပ်ဖို့ internet connection လည်း လိုပါတယ်
Dogecoin စတဲ့ cryptocurrency တွေကို mining လုပ်သင့်၏ မလုပ်သင့်၏
ကျွန်တော် အကြံပေးနေခြင်း မဟုတ်ပါ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လိုအပ်တာတွေ
သိရှိနိုင်အောင် ရေးသားဖော်ပြခြင်းသာ ဖြစ်ပါတယ် နောက်ထပ် post တွေမှာ
Gpu မရှိတဲ့ ကွန်ပြူတာတွေအတွက် cpu နဲ့ mine လို့ရတဲ့ coin တွေအကြောင်း
ဆွေးနွေးသွားပါမယ်
Please follow crypto.myanmar
I will follow you back without fail
Please upvote crypto.myanmar post
I will upvote back without fail
Please resteem crypto.myanmar post
I will resteem back without fail
Lets make money together with steem