ငှက်ပျောသီးရဲ့ စိတ်ဝင်စားစရာ အချက်များကို post တင်ပေးပါ့မယ်။
ငှက်ပျောသီးဆိုတာ လူတိုင်းရင်းနှီးနေတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် သူရဲ့ အရေးပါတဲ့ အချက်တွေကို တော်တော်များများ သိနေရင်လည်း သိနေပါ့မယ်။ မသိသေးသော သူများအတွက် ဒီ Post ကို ရည်ရွယ်ပြီး ရေးထားပါသည်။
(၁) ငှက်ပျောသီးသည် သင့်၏ နှလုံး ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော အသီးတစ်မျိုးဖြစ်သည်။ ငှက်ပျောသီးတွင် ပိုတက်ဆီယမ် ဓာတ်များ အလွန်ကြွယ်ဝပါသည်။ ငှက်ပျောသီးထဲတွင် သံဓာတ်တစ်မျိုးပါဝင်သည်။ သံဓာတ်သည် ခန္ဓာကိုယ် နေရာအနှံသို့ စီးဝင်နိုင်ပါသည်။ မိမိခန္ဓာကိုယ်တွင် သံဓာတ်မရှိပါက နှလုံးသည် ကောင်းစွာ အလုပ် မလုပ်နိုင်ပါ။ ဒါကြောင့် ငှက်ပျောသီး စားသုံးခြင်းသည် နှလုံးကျန်းမာရေးအတွက် ကောင်းသဖြင့် ကျန်းမာပျော်ရွှင်မှု့ကို ရစေပါသည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးပင် ဖြစ်ပေသည်။
(၂) ငှက်ပျောသီးသည် ပိုတက်ဆီယမ် ပါဝင်သော ပမာဏ များပြားသော်လည်း ဆိုဒီယမ် ပါဝင်သော ပမာဏမှာ အလွန်နည်းပါသည်။ ဒါဟာ မကောင်းဘူးလားဟု မေးလျှင် မဟုတ်ပါ။ ပိုတက်ဆီယမ် ပမာဏ များပြီးတော့ ဆိုဒီယမ် ပမာဏ နည်းပါခြင်းသည် ခန္ဓာကိုယ်တွင်း သွေးဖိအား မြင့်မားလာခြင်းကို လျှော့ကျစေရာတွင် ကူညီမှု့ပေးပါသည်။ နှလုံးကြွက်သားများဆိုင်ရာ ရောဂါဖြင့် သေဆုံးခြင်းကို ကာကွယ်ရာလည်း ရောက်ပါသည်။
(၃) ငှက်ပျောသီးတွင် သဘာဝအတိုင်းဖြစ်နေသော ရေဒီယိုသတ္တုကြွစေသော ဓာတ်များပါဝင်သည်။ ငှက်ပျောသီးထဲတွင် ပိုတက်ဆီယမ်ကို တွေ့ရှိရပြီးတော့ ပိုတက်ဆီယမ် 40 အိုင်ဆိုတုပ် ( အဘိဓာန်တွင် အိုင်ဆိုတုပ် ဖော်ပြချက် ဒြပ်စင်တစ်ခုတည်းမှ ခြားနားသော အဏုမြူ အလေးချိန်နှင့် ခြားနားသော နျူကလီးယားသတ္တိများ ရှိသော ပုံသဏ္ဌာန်နှစ်ရပ် (သို့) နှစ်ရပ်မက အနက် တစ်ခုခု။ အိုင်ဆိုတုပ်။ ) ပါရှိသည်။ ထူးခြားချက်မှာ ငှက်ပျောသီးတွင် ရေဒီယိုသတ္တုကြွဓာတ်များ ပါဝင်သောလည်း ခန္ဓာကိုယ်အတွက် ထိခိုက်နစ်နစ်မှု လုံးဝမရှိပါ။ ဘေးထွက်ဆိုးကျိုး မရနိုင်ပါဘူး။
(၄) သင့်တွင် ညဘက် အိပ်မပျော်စေသော ပြသနာတစ်မျိုးရှိနေလျှင် ငှက်ပျောသီးကို စားသုံးပါလို့ အကြံပေးပါရစေ။ ငှက်ပျောသီးတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည် ဗိုက်တာမင် B6 ပါဝင်မှု့ များပါသည်။ ဒါကြောင့် သင့် (သို့) လူတစ်ယောက် အိပ်ပျော်စေရန်အတွက် အလွန်ကောင်းမွန်ပါသည်။
(၅) ကြွက်သားများ နာကျဉ်ခြင်းကြောင့် စိတ်ဖိစီးမှု့များ ကြုံတွေ့နေရလျှင် ငှက်ပျောသီးကို စားသုံးသင့်ပါသည်။ ငှက်ပျော်သီးတွင် မဂ္ဂနီဆီယမ်ဓာတ်များ ပါဝင်သောကြောင့်ဖြစ်သည်။ မဂ္ဂနီဆီယမ်ဓာတ်သည် ကြွက်သားများကို သဘာဝအတိုင်း ပြေလျော့စေပါသည်။ ကြွက်သားများ ပြေလျော့သောအခါ စိတ်ဖိစီးမှု့ကို လျော့နည်းစေပြီး အိပ်ပျော်စေရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ပျော်ရွင်စွာ အိပ်စက်နိုင်တဲ့ ညများကို ပိုင်ဆိုင်စေနိုင်ပါသည်။
(၆) စိတ်မရွှင်မပျ ဖြစ်ခြင်းနှင့် ထိုင်းမှိုင်းလေးလံနေခြင်းဖြစ်နေပါက ငှက်ပျောသီးကိုသာ စားသုံးပါလို့ ထပ်ပြောပါရစေ။ ငှက်ပျောသီးတွင် tryptophan ပါဝင်မှု့ ပမာဏ များသောကြောင့်ဖြစ်သည်။ tryptophan သည် စိတ်အာရှုံ ရှုပ်ထွေးစေခြင်းမှ စိတ်အာရုံကြည်လင် ရွှင်ပျခြင်းကို ပေးစွမ်းနိုင်ပါသည်။ ဒါကြောင့် သင့်ရဲ့စိတ် မရွှင်မပျ ဖြစ်နေခြင်းမှ စိတ်အာရုံ ရွှင်ပျလာစေနိုင်သည်။
(၇) ငှက်ပျောသီးတွင် ကယ်လ်ဆီယမ် ပါဝင်မှု့ ပမာဏ နည်းပါးပါသည်။ ဒါပေမဲ့ သင့်၏ အရိုး ကျန်းမာရေးအတွက် အလွန်ပင် ကောင်းမွန်ပါသည်။ ငှက်ပျောသီးတွင် ပါဝင်သော ကယ်လ်ဆီယမ်ကြောင့် အရိုးကျန်းမာခြင်းသည် နွားနို့သောက်ခြင်းကြောင့် ကယ်လ်ဆီယမ် ပမာဏ မြင့်မားလာပြီး အရိုးကျန်းမာခြင်းနှင့် မတူညီပါဘူး။
(၈) မုန်လာဥနီသည် မျက်လုံးအတွက် အလွန်ပင် ကောင်းမွန်စေပါသည်။ ငှက်ပျောသီးသည်လည်း မုန်လာဥနီကဲသို့ပင် မျက်လုံးအတွက် အလွန်ကောင်းမွန်စေပါသည်။ ငှက်ပျောသီးတွင် ဗီတာမင် A ပမာဏ အနည်းငယ် ပါရှိပါသည်။ ဗီတာမင် A သည် ညအမြင်နှင့် သာမာန်အမြင်တို့ကို ထိန်းသိမ်းပေးပါသည်။
(၉) ဗီတာမင် အေသည် အမှန်တကယ်တော့ ခန္ဓာကိုယ်ထဲတွင် အသားဓာတ်အဖြစ် တွေ့ရသော ဒြပ်စင်တစ်မျိုးပင်ဖြစ်သည်။ ၄င်းသည် အလင်းရောင်ကို မျက်ကြည်လွှာဆီသို့ ဖြောင့်တန်းစွာ ရောက်ရှိစေရန် တာဝန်ယူ လုပ်ဆောင်သည်။ ဒါ့အပြင် မျက်လုံးအနီးတစ်ဝိုက်တွင် ရှိသော အမြှေးပါးများကို မှုလအခြေအနေအတိုင်း ထိန်းသိမ်းရန် အတွက်လည်း တာဝန်ယူထားသည်။ ဒါကြောင့် ငှက်ပျောသီးသည် မျက်လုံးကျန်းမာရေးအတွက် အလွန်ကောင်းမွန်သည်ကို မမေ့ပါနှင့်။
Thanks for reading and for your support.
I have not perfect and not a good post . If mistakes for my post then I hope you will be forgave. Please.
translator < >
source < www.factslegend.org >
Photo credit < Google >