စာလေးရေးဖို့ ပြင်လိုက်တိုင်း ဘာတွေမန်းမသိ ဖြစ်နေမိသည် ။ ကိုယ်တွေ့ဖူးမြင်ဖူးများသည်လည်း ကုန်သလောက်ဖြစ်နေပြီး အသစ်တစ်ခုတစ်ခု ဖန်တီးရန်မှာလည်း အခက်တွေ့နေမိသည် ။ လူကြီးများလိုလည်း ပေါက်ပေါက်ရောက်ရောက် မတွေးတောတတ်ပေ ။ သို့သော် အသက်တော့ မကြီးချင်သေးပါ ။ မကြီးချင်သော်လည်း မရ တစ်ဖြည်းဖြည်း သူ့ဖာသူ ကြီးသွားမည်ပင် ။ ငယ်စဉ်ကတော့ ဘာလေးညာလေး စိတ်က အမျိုးမျိုး တောင်ရောက်မြောက်ရောက် ရောက်တတ်ရာရာတွေ ပေါများလှသည် ထင်မိပါသည် ။
ထို့ကြောင့်လဲ သစ်ရွှက်လှုတ်တိုင်း လေတိုက်တိုင်းဆိုလား ပြောကြသည် ။ မည်သို့ပင်ဖြစ်စေ သစ်ရွှက်လှုတ်ရင်းနှင့်လည်း post တစ်ခုဖြစ်သွားနိုင်သည် မဟုတ်ပါလား ။ လေတိုက်ရင်းနှင့်လဲ post တစ်ခု ဖြစ်သွားနိုင်လေသည် ။ ယခုပင်ရေးရင်း မိုးလေးအုံ့မိုင်းမိုင်းနှင့် လေလေး နည်းနည်း တိုက်လာတာကြောင့် အဝတ်ကလေး အပြေးအလွှားသွားရုတ်လိုက်ရသေးသည် ။
ယခုလဲ ဘာတွေ ဖြစ်လို့ဖြစ်နေသည်မသိပါ စာကလေးရေးမလို့ကြံစည်လိုက်တိုင်း ဘာတွေ ရှုတ်လို့ရှုတ်နေသည်မသိ ပို့စ်ပင် မတင်နိုင်ကာ ကြိုကြားကြိုကြား ဖြစ်နေချေပြီ ။ ပို့စ်လေး ရေးရမည့် အချိန်ဆိုလျှင်လည်း ရောဂါတစ်မျိုး ဖြစ်ချေပြီ ။ အချိန်ကျလာလို့ steem လေးများ မတက်လာလျှင်လည်း ရောဂါတစ်မျိုးက ထပ်တိုးလာပြန်သည် ။ တစ်ပုဒ်တစ်ပုဒ်ဖြင့် အနားယူရင်း တစ်ဖြည်းဖြည်းနဲ့ အချိန်ကြာလာပါက များစွာသိသာလာမည် ။ ယခုအချိန်လေး ကြိုးစားထားပါမှ ဘာမန်း သေချာ မသိရသေးသော အချိန်တွင် အဆင်ပြေပေလိမ့်မည် ။ ဒါကြောင့် ဒီနေ့လဲ ဖြစ်သလိုလေး ရေးတင်လိုက်ရပြန်ပြီလေ ။
Vote မှ မန့်မှ ရယ် မဟုတ်ပါဘူး ဗို့တယ် မဗို့ဘူး မန့်တယ် မမန့်ဘူးက ကိုယ်တိုင်ဆုံးဖြတ်ကြတာဘဲ ဖြစ်ပါသည် ။ မန့်မလုပ်လို့ လာရိုက်မည်မဟုတ်သလို မမန့်လို့လဲ ဘယ်သူ့မှ ထောင်မကျသွားပါဘူး ။ ဆရာများ မမြင်လိုလျှင် ကျော်ခွသွားပေးကြပါ ခင်ဗျာ ကန့်လန့်ကန့်လန့် ဖြစ်နေလျှင်လဲ mute လုပ်ထားကြပါနော် ။
MSC - 9