Steemit တွင် ဝင်ရောက်ကာ ရေးသားကြသူများ အနေဖြင့် မည်မျှမျှော်မှန်းထားကြသည်ကို မသိပါ ။ အချို့မှာ SP အတော်များများပိုင်ဆိုင်ထားနိုင်ကြပြီး ကျွန်တော်တို့တွင်တော့ အားရလောက်သော အခြေအနေဟူ၍ မဆိုနိုင်သေးဘူး ထင်ပါတယ် ။ အခြားနိုင်ငံများမှ account များတွင် သိန်းချီသော power များကို တွေ့မြင်နိုင်ပြီး ကျွန်တော်တို့တွင် ကိုဟင်နရီ တစ်ဦးသာ sp အင်အားတောင့်တင်းသော အခြေအနေကို မြင်တွေ့ရပါသည် ။ အချို့သော သူများမှာ Steem များကို မသုံးလိုက်ရမည် စိုးရိမ်၍ လားမသိ MSC မှပင် တဖြည်းဖြည်း ထွက်ခွာသူများများလာပါသည် ။ အခက်အခဲမှာ လူတိုင်းကိုယ်စီရှိတတ်ကြသော်လည်း Steemit တွင် အရင်းများ ထည့်ထားသူ မရှိသလောက် ရှားမည် ထင်ပါသည် ။ ထို့ကြောင့် Steemit အတွက် ကုန်ကျမည်မှာ ဖုန်းဘေဖိုးလောက်သာ ဖြစ်မည်ထင်ပါသည် ။ ထိုဖုန်းဘေ လောက်ကိုဖြင့်လည်း Steem များမှ ရနိုင်လိမ့်မည်ထင်ပါသည် ။
ထို့ပြင် Steemit ဆိုတာကြီး မရှိခင်အချိန်က ထို အခက်ခဲများကို ဘယ်လို ဖြေရှင်းခဲ့ ပါသလဲ ။ Steemit မရှိခဲ့ရင်ရော ထိုတွေ့ကြုံနေရသော အခက်အခဲများ ရှိမလာနိုင်ဘူးလား တွေးမိပါသည် ။ သို့သော် အခြားတစ်ယောက်၏ အခက်အခဲကို ကျွန်တော်တို့ မဝေဖန်လိုပါ ။ ဆင်းရဲသားလေးဖြစ်တဲ့ ကျွန်တော့်မှာတော့ ယခင်က အိပ်မက်များသဖွယ် ဖြစ်သော အရာများအတွက် Seemit သည် လုပ်ဆောင်ပေးနိုင်မည်ဟု ထင်မိပါသည် ။
ထိုအိပ်မက်တွေအတွက် Steemit ဖြင့် ပြုလုပ်မည်ဆိုသော်လည်း ထိုအရာတို့သည် တခဏတွင်း ဖြစ်လာမည့် အရာများတော့ မဟုတ်နိုင်ပါ ။ သရက်ပင် တစ်ပင်စိုက်လျှင်ပင် အသီးစားရဖို့ အသီးရောင်းစားဖို့ လေးငါးနှစ်ခန့် စောင့်ရပါသေးသည် ။ ကြားအချိန်ကာလများတွင် ထိုအပင်လေး အကြောင်းအမျိုးမျိုးကြောင့် မသေသွားဖို့လဲ လိုအပ်ပါသည် ။
ယခုချက်ချင်းမရနိုင်သော်လည်း နောင်တစ်ချိန်ဆိုတာကို မျော်မှန်းနေမိပါသည် ။ ကျွန်တော်တို့ရှေ့မှ လုပ်ဆောင်သွားသူများ Steemit တွင် အဘယ်မျှခရီးရောက်နေသည်ကို ထိုသူများ Account ရှာဖွေကြည့်လျှင်သိနိုင်ပါသည် ။ ထို့ကြောင့် Steemit နှင့် နောင်တစ်ချိန်တွင် ဆိုတာ ရည်ရွှယ်မိပါသည် ။ ယခုပင် Steem များဖြင့် အချို့အတော် အဆင်ပြေနေကြပြီ ထင်ပါသည် ။ ခရီး အနီးလေးတော့ မဟုတ်ပါ သို့သော် အဝေးကြီးလဲ မဟုတ်ပါ ။ တစ်ရွှေ့ရွှေ့ သွားရင်းဖြင့် တစ်နေ့နေ့တော့ ထိုခရီး တစ်ခုအား ရောက်လာမည်ပါလိမ့်မည် ။ အားလျှော့ပြီး ရောက်သလောက်နဲ့ မရပ်ကြဘဲ ဆက်လက် ကြိုးစားကြပါဦး ခင်ဗျာ ။
MSC . 9
Photos credit; Google Image