မြားနတ်မောင် ကျွှန်တော့အနားဝဲလို့
လေးနဲ့မြား တပြင်ပြင် ။
မလုပ်နေနဲ့အရှင်
မြားတစ်ထောင်ကုန် လက်ပမ်းကျလို့
လေးကြိုးရယ် အကြိမ်ကြိမ်လဲရပြီး
ငိုဖို့သာပြင် ။
လေးမြားရယ် အသာချလို့
တစ်ကြိမ်မှာ ကျဉ်တစ်သောင်းထွက်တဲ့
လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ဆော်တောင်မှ
စွန်ဖို့လမ်း မမျော်မှန်းရဲသေးသမို့
မြားနတ်မောင် လေးရယ်သေးတယ်
ရယ်လိုက်ချင်သေး ။
MSC . 9
Photos credit; Google Image