Internet ဆိုတာကြီးကို အသုံးပြုခွင့်ရခဲ့တာ ကျွန်တော့်အတွက် သိပ်မကြာသေးဘူးလို့ ဆိုနိုင်မည်ထင်ပါသည် ။ သုံးနှစ်ကျော်ခန့်သာ ရှိလိမ့်ဦးမည်ထင်ပါသည် ။ ဖုန်းကလည်းတော်တော်နှင့် ၀ယ်မသုံးနိုင်ခဲ့သလို ကျွန်တော်တို့ဒေသတွင် လိုင်းများလဲ မကောင်းခဲ့ပါ ။ လိုင်းလေးနည်းနည်းကောင်းလာပြီး ဖုန်းလေးလဲရှိလာတော့ ဟိုသုံးဒီသုံးပေါ့ ။ Chatting လေးလုပ်လိုက် Game လေး ဆော့လိုက်နဲ့ နည်းနည်း ပျင်းလာပါတယ် ။ ဒီလိုနဲ့ စာအုပ်လေး ကိုယ်မသိတာလေးတွေ တစ်ခုခုတော့ သိလာရအောင် ဆိုပြီး ရှာဖွေခဲ့တယ် ။ ရှာရင်းနဲ့ Online မှာ ငွေရှာတယ်ဆိုတာလေးတွေကို တွေ့လာပါတယ် ။ လုပ်ကြည့်တော့ အဆင်မပြေ Bill ဖိုး မရသည့်အပြင် အတော်များများမှာ အရှုံးများနဲ့ပါ ။ ဒါပေမဲ့ အလုပ်ကလည်း မယ်မယ်ရရ မရှိဆိုတော့ ယောင်လည်လည်နဲ့ပါဘဲ ။ ခုတော့ Steemit နဲ့ တွေ့ဆုံနေပါပြီ ။
အတော်များများက Internet လေးဖွင့်ပြီး တစ်ခုခု လုပ်နေရင် သူတို့စိတ်ထဲ မကောင်းမြင်တတ်ကြပါတယ် ။ နေရာတစ်ကာမှာ ဟုတ်ချင်မှတော့ ဟုတ်ပါလိမ့်မည် ။ လူတစ်ချို့က ပြောကြတယ် Online ဒီလောက်သုံးနေပြီး ကောင်မလေးလဲ မရသေးဘူးတဲ့ ကိုယ်ဘဲ အသုံးမကျသလို ။ အဆိုးမြင်ကြသူတွေလဲ နေရာတစ်ကာ ရှိနေဦးမှာဘဲလေ ။ မြင်လဲ မြင်စရာ အကြောင်းတွေကလည်း အများအပြား သာဓကတွေနဲ့ ရှိနေသည်ကို ။ ဟုတ်ပေသားဘဲ Internet ဆိုသော အရာ ကြီးထဲတွင် မဟုတ်မမှန် သတင်းများ လိမ်လည်မှုများ များစွာ ကြားနေရပါသည် ။ အချို့မှာ ထိုအရာများကို Steemit ပေါ်သို့ပင် သယ်ဆောင်လိုကြသည် မဟုတ်ပါလား ။ 18 + ဆိုသော အရာများနှင့် အခြား အပျော်ရှာစရာများကလည်း ပေါများလှသည် ။ ထို့ကြောင့် Internet အား မကောင်းမြင်သူတို့ မြင်ချင်စရာပင် ဖြစ်နေသည်လည်းထင်ပါသည် ။
Internet ကို တီထွင်သူများမှာ ထိုသို့ မကောင်းသော အရာတို့ ဖြစ်ပေါ်လာပါစေဆိုသော ရည်ရွယ်ချက်တော့ရှိမည် မထင်ပါ ။ Internet ကြောင့် အဆင်ပြေနေသည်လည်း များစွာရှိနေပါသည် ။ အဝေးရောက်နေသော မိသားစုများ အလွယ်တကူ ဆက်သွယ်နိုင်သည် ။ နေရာဝေးသူတို့ အချင်းချင်း စီးပွားရေးများ ပြေလည်စွာ လုပ်နိုင်သည် Data များကိုလည်း လွယ်တကူ ပို့ဆောင်နိုင်ပါသည် ။ Online shopping များဖြင့် အဆင်ပြေနေသူများလဲ များစွာ ရှိနေပါသည် ။ အစရှိသဖြင့် အများကြီးပါဘဲဗျာ ။ ဒါပေမဲ့ Internet ဖိုးကတော့ ဈေးကြီးပါတယ်နော် ။
Internet ဆိုသော အရာသည် ကျွန်တော်မသိသော အရာတို့ကို သင်ပြပေးသော ဆရာတစ်ယောက်သဖွယ်လဲ ဖြစ်ပါသည် ။ အချို့အရာများဆိုလျှင် အချိန်ကုန်ခံကာ လိုက်မေးနေစရာမလို google မှာရှာလိုက်ရုံဖြင့် သိနိုင်လေသည် ။ စာအုပ်များကို download လုပ်ပြီးဖတ်နိုင်သည် ။Steemit နှင့် တွေ့ဆုံခဲ့သည် ။ မိတ်ဆွေကောင်းများ ကိုလည်း ရရှိစေခဲ့ပါသည် ။ ၀င်ငွေများ လဲ ရရှိလာသည် ။ စာများလဲ တဖြည်းဖြည်း ရေးတတ်လာပါပြီ ။ ကျွန်တော့်အတွက်ကတော့ Steemit နှင့်တွေ့ခဲ့ခြင်းက ပိုကောာင်းခဲ့ပါသည် ။ ဒါကြောင့် သုံးတတ်ရင် ကိုယ့်အတွက် ကောင်းပါတယ်ဆိုတဲ့ အကြောင်း မသိသေးသူများ သိစေချင်ပါသေးသည် ။
MSC . 9
Photo credit; Google Image