အလှူရေစက် လက်နှင့်မကွာ ဟူ၍ ဗုဒ္ဓဘာသာဝင်တို့ဟာ အလှူအတန်းများကို သဒ္ဓါတရား ထက်သန်စွာ လှူကြတန်းကြပါသည် ။ အလှူလုပ်ခြင်းသည် အလွန်မှလည်း အကျိုးကြီးပါပေသည် ။ ဘုရားရင်လက်ထက်က လင်မယား နှစ်ယောက်ပေါင်းမှ ခြုံထည်တစ်ခုသာ ရှိသော ပုဏ္ဏား လင်မယားအကြောင်းအားသိကြပေလိမ့်မည် ။ အလှူနှင့် ပတ်သက်သော အဖြစ်အပျက်များမှာ များစွာ ရှိလေသည် ။အလှူတစ်ခုသည် လူချမ်းသာ နတ်ချမ်းသာတို့အပြင် နိဗ္ဗာန်ချမ်းသာသို့ပါ ပို့ဆောင်နိုင်ပေသည် ။ အလှူတစ်ခု၏ အစွမ်းသည် အလွန်ကြီးမားပါပေသည် ။
ဘုရားမှာသိမ် အလှူမှာ ကထိန်ဆိုပြီး ကထိန်အလှူသည် အလှူတို့တွင် အမြတ်ဆုံးဟူ၍ အဆိုရှိပါသည် ။ ယခုအချိန်ခါတွင် သီတင်းကျွှတ်အပြီးဖြစ်၍ သီတင်းကျွှတ် လပြည့်ကျော် တစ်ရက်မှစ ဝါဆိုလပြည့်နေ့အထိ ကထိန်အလှူများ ပြုလုပ်နိုင်ကြပါသည် ။ ကထိန်ခင်းကြသည်များကိုလည်း များစွာတွေ့မြင်ကြရပါသည် ။ ကထိန်ခင်းခြင်းမှာ ရဟန်းတို့သာ ပြုလုပ်ရသော်လည်း ထိုကထိန်ခင်းနိုင်ရန် သင်္ကန်းကို အလှူ အခြံအရန်နှင့် တကွသော သင်္ကန်းအလှူတို့ကို လှူဒါန်းကြပါသည် ။ ကထိန်ခင်းသည့် အတွက် ရဟန်းတို့မှာ ကထိန်အကျိုး ငါးပါး
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့ သွားနိုင်ခြင်း၊
၂။ အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊
၃။ အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ ထားနိုင်ခြင်း၊
၎။ ထမင်းစားကြွပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
၅။ ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအား လှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း
အစရှိသည့် အကျိုးတို့ကိုရရှိပါသည် ။ ထို့အတူ လူတို့တွင်လည်း တူညီသော အကျိုးတရားများ များစွာရှိကြပါသည် ။ တူသောအကျိုး ဆိုသော်လည်း နောင်သံသရာ ဘဝများစွာတို့တွင် မရေမတွက်နိုင်သော အကျိုးများ များစွာ ရှိနိုင်ပါသည် ။
ကထိန်ခင်းသူ အလှူ့ ဒကာတို့၏ စေတနာ အရလည်းပဒေသာပင်များ လှူဖွယ်ဝတ္ထုများ များစွာပါလာပြီး အခြံအရန်နှင့် လှူဒါန်းကြပါသည် ။ ကထိန်အလှူလုပ်လျှင် ကထိန်အချိန်ခါတွင် ရှင်ပြုခြင်း သားရတနာများကို သာသနာ့ဘောင် သွတ်သွင်းခြင်းများလည်း ပြုလုပ်ကြပါသည် ။ ရှေးယခင်ကတော့ အဘယ်သို့ရည်ရွှယ်ချက်ဖြင့် သာသနာ့ဘောင် သွတ်သွင်းသည် မသိ ယခုအခါ တစ်ပတ် အစရှိသဖြင့် ချိန်စေ့လျှင် လူပြန်ထွက်ရန်အတွက် ဝတ်ကြသည်ကသာ များပါသည် ။ အလှူလှည့်လည်ခြင်း ကို ရှေးယခင်က ရပ်ကွက်အတွင်း မြို့နယ်အတွင်း နေထိုင်ကြကုန်သော ရပ်ကွက်သူ ရပ်ကွက်သား မြို့သူမြို့သားများ လူဖွယ်ဝတ္တုတို့အားတွေ့မြင်ကာ သာဓုခေါ်ဆိုနိုင်စေရန် ရည်ရွှယ်၍ ပြုလုပ်ခဲ့သည်ဟု ထင်မိပါသည် ။ ထို့နောက်တွင် သင်္ကန်းများအား ကပ်လှူပြီး ရေစက်ချ အမျှဝေကြပါသည် ။
ပုံတွေက ဒီနှစ် အောက်ဆုံးက တစ်ပုံဘဲ ပါပါတယ် ကျန်နာတော့ အဟောင်းတွေ ပေါ့နော်
MSC . 9
Photos credit; Google Image