ကျွှန်တော့မှာ ငါးလက်မ လို့ ခေါ်တဲ့ ငလက်မ လေးတစ်ကောင် ရှိခဲ့ဖူးပါတယ် ။ အားလုံးမယုံကြဘူးမဟုတ်လား မယုံရင်လဲ ပုံပြင်လို့သာ မှတ်ပေရောဗျာ ။ ကျွှန်တော်တို့ ငယ်ငယ်က ငလက်မလေးတစ်ယောက်အကြောင်းကို သင်ဖူးခဲ့ကြပါတယ် သူက ကြယ်သီးကို ဒိုင်းလုပ်ပြီး အပ်ကိုလှံသဖွယ် ကိုင်ဆောင်ထားတဲ့သူလေးလေ နောက်ပြီး ဂါလီဘာနဲ့ ငလက်မလေးတွေ အကြောင်းရောပေါ့ ။
ခုကျွှန်တော့ရဲ့ ငလက်မလေးက သူတို့တွေထက်ထူးခြားတဲ့ ငလက်မလေးပါ သူ့ အရပ်က ငါးလက်မတိတိသာရှိတဲ့အတွက် ကျွှန်တော်သူ့ကို ငါးလက်မလို့ဘဲခေါ်ပါတယ် ။ သူ့မှာပျံသန်းလို့ရတဲ့ တောင်ပန်တစ်စုံပါရှိပါတယ် ။
အတော်မြင့်မြင့်ကို ပျံသန်းနိုင်ပြီး သူက ပန်းဝတ်ဆံတို့ကို အရန်းနှစ်သက်ပါတယ် ။ သူ့မှာ သာမန်တို့နဲ့မတူတဲ့ အစွမ်းများလဲ ရှိနေပါသေးသည် ။ သူ့ရဲ့ သေးသွယ်လှတဲ့ ခန္တာကိုယ်အနေအထားအရ ထိုအစွမ်းများရှိပါမှလဲ အဆင်ပြေပြေ နေထိုင်နိုင်လိမ့်မည်ထင်ပါသည် ။ သို့မဟုတ်ပါက ငှက်များ နှင့် အခြားတိရိစ္ဆာန်များရဲ့ ရန်ပြုခြင်းကို အများအပြားခံစားကြရမည်ဖြစ်ပါသည် ။
ကျွှန်တော်သူနှင့် တွေ့ဆုံခဲ့သည်ကား ဆောင်းရာသီတစ်ခုရဲ့နံနက်ခင်း အချိန်တွင်ဖြစ်သည် ။ အလွန်မှ အအိပ်မက်လှတဲ့ကျွှန်တော် နံနက်ခင်းရဲ့ ဇာတ်ထုတ်တစ်ခုအားကြည့်ရှုရန် လမ်းပေါ်သို့ရောက်ရှိခဲ့လေပြီ ။ ရောင်နီကလေးသန်းစအချိန် အချို့ လက်ဖက်ရည်ဆိုင်လို နေရာမျိုးကလေးတွေ မီးမွှေးလို့နေပြီး ဈေးတန်းများလည်း စတင်ခင်းကျင်းနေလေပြီ ။ သူတို့ကတော့ ဆောင်းနံနက်ခင်းလေးရဲ့အလှအား ခံစားမိကြမည်မထင် ။ သို့နှင့်ကျွှန်တော်လျှောက်သွားရင်း အလွန်သင်းပျံ့လှသော စံပယ်ပန်းရနံ့ကလေးက ကျွှန်တော့ကို ကလူလေသည် ။ ကျွှန်တော်လည်းစံပယ်ပန်းလိုချင်မိသဖြင့် ထိုစံပယ်ရုံအတွင်းကပ်လျှက် နှစ်ပွင့်သုံးပွင့်ကောက်အပြီးမှာ စံပါယ်ရုံအတွင်းထဲတွင် အကောင်လေးတစ်ကောင်၏ အတောင်အားတွေ့လိုကမိသည် ။ ကျွှန်တော်လည်း စိတ်က ထိုအကောင်ကလေးအား စိတ်ဝင်စားသွားပြီး လက်ဖြင့်ကိုင်ပြီး ယူမိလိုက်သည် ။ ကျွှန်တော်အကောင်ထင်ထားသည်မှာ အကောင်တစ်ကောင် မဟုတ်ဖဲ လူသေးသေးလေးတစ်ယောက် ဖြစ်နေသဖြင့် များစွာ အံ့အားသင့်သွားမိသည် ။
ကျွှန်တော်ထို ငါးလက်မကလေးအား တွေ့မိချိန်တွင် သူ၏ခြေထောက်တွင် သူ့အနေဖြင့် အတော်ကြီးသော ဒဏ်ရာတစ်ခုရထားလေသည် ။ သူကားယောက်ျားလေးဖြစ်ပြီး အဝတ်မဝတ်ထားသဖြင့် သိသာလှသည် ။ ကျွှန်တော့်လက်တွင်းအရောက်တွင် သူကားရုန်းနေသေး၏ ။ နောက်တော့ အားမသန်မာန်လျှော့သွားသည်ထင် ငြမ်သွားသဖြင့် သူ့အားခေါ်ပြီးအိမ်ပြန်လာလေသည် ။ အခန်းတံခါးတွေ ပိတ်ပြီး သူ့ရဲ့ဒါဏ်ရာကိုလည်း ကျွှန်တော့်တွင်ရှိသော ဆေးကလေးနည်းနည်းဖြင့် ကုသပေးလိုက်သောအခါ သူ့မှာ ကျွှန်ုပ်အား အလွန်ကျေးဇူးတင်နေတယ်ထင်ပါတယ် သူကျွှန်တော့်ထံမှ ထွက်ပြေးရန် မကြိုးစားတော့ပါ ။ သူပြောသောစကားများမှာ လွန်စွာတိုးလွန်းသဖြင့် သူကြယ်ကြယ်ပြောတာကိုပင် ကျွှန်တော့မှာ သူ့အနားကပ်ပြီးနားထောင်နေရသည် ။ သူမြန်မာစကားတတ်နေသဖြင့် ကျွှန်တော်နှင့်စကားပြောရသည်မှာ အဆင်ပြေပြီး သူမြန်မာစကားတတ်သည်ကို ကျွှန်တော် အလွန်အံ့အားသင့်နေမိသည် ။
သူရောက်လာတာနဲ့ ကျွှန်တော်လည်း သူ့အတွက် အလုတ်ရှုတ်မိသလို ပါဘဲ ဒါပေမဲ့ သူနဲ့တွေ့ရတာ ပျော်နေမိပါတယ် သူကလည်း လူသိမခံချင်ဆိုတော့ ကျွှန်တော် ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပါဘူး ။ သူနဲ့အဆင်ပြေစေရန် အရုပ်သေးသေးလေးအတွက်ဆိုပြီး အဝတ်ကလေးတွေ ဝယ်ပေးထားရပါတယ် ။ သူစားဖို့ရန်အတွက် ပန်းပွင့်လေးတွေလည်းခူးပေးရပါတယ် ။ ကျွှန်တော် နဲ့ ဆယ်ရက်လောက် နေပြီးသူ ပြန်တော့မဲ့အကြောင်းပြောလာပါတယ် ။ ကျွှန်တော်ကတော့ မခွဲချင်သေးပါ ဒါပေမဲ့ သူတို့တိုင်းပြည် သူတို့မိသားစု ရှိနေသေးတော့ သူလဲလွမ်းနေမှာပေါ့ဗျာ ။
သူပြန်သွားပြီး နောက်တွင်တော့ ငါးလက်မလေးတို့ရဲ့ နေထိုင်ရာ နေရာဒေသ လေးကို စိတ်ကူးဖြင့် သူပြောပြေသော နေရာအကြောင်းကလေးကို ပုံဖော်နေမိသည် ။ သူတို့မှာ နေထိုင်ရာနေရာရှိပြီး သူတို့က မြေအောက်ထဲတွင် နေထိုင်ကြပါတယ် ။ ည အချိန်တွင် အစာရှာထွက်လေ့ရှိပြီး အချိန်ကြာကြာ စားသုံးနိုင်ရန်နှင့် အစာမရှာနိုင်သူများအတွက်ပါ သယ်ဆောင်သွားတတ်ကြပါသည် ။ သူတို့ နေထိုင်သော မြေအောက်တွင်ကား ကျွှန်ုပ်တို့ လူများကဲ့သို့ပင် နေထိုင်ကြသည် ဟူ၍ ပြောပြပါသည် ။ သူတို့၏ အတောင်မှာ အသုံးမလိုချိန်တွင် ခန္တာကိုယ် အတွင်း ဖွက်ထား၍ ရပြီး သူဒဏ်ရာပျောက်သွားချိန်မှာ အတောင်မရှိတော့တာကိုလည်း တွေ့ဖူးခဲ့ပါသည် ။ ထို့ပြင် လပြည့်ညများဆိုလျှင် အရန်းပျော်စရာကောင့်သဖြင့် အုပ်စုလိုက် ဆော့ကစားခြင်းများပင်ရှိသည်ဆိုသဖြင့် ကျွှန်တော်ကြားဖူးသော မှင်စာဆိုတာ သူတို့လေးတွေကိုများ ခေါ်လေသလားထင်မိသော်လည်း လူအများပြောကြသော မှင်စာ၏ အရွှယ်အစားမှာ သူတို့နှင့်ယှဉ်လျှင်ကြီးနေသေးသည် ။
မြေအောက်တစ်နေရာတွင် ငါးလက်မလေးတို့၏ နေထိုင်ရာနေရာကား ကြီးကျယ်ခန်းနားနေမည်လား တွေးတောရင်း နောက်တစ်ခါဆုံချင်ပါသေးတယ် ငါးလက်မလေးရေ ။
Photos credit; Google Image