ဒီတစ်နေ့တော့ ကိုဟင် ပြောသွားသည့် SNAX Tokin အကြောင်းကို ပြောချင်ပါတယ် ။ ပြောချင်သည် ဆိုသည်က ပြောချင်လို့ပါ ။ တစ်ကယ်တော့ အကုန်လုံးသိရှိပြီးသားလဲ ဖြစ်ပါသည် ။ snax.one တွင် wallet ပြုလုပ်ကာ မိမိရဲ့ twitter account ဖြင့် ချိတ်ဆက်လျှင် 50 SNAX ရပါပြီ ။ အဆင့်ဆင့် ပြုလုပ်ပုံများကိုလည်း အားလုံး သိပြီးသား ဖြ်းကြပါသည် ။
သိပြီးသားကို ဘာလို့များ လျှာရှည်ပြီး ရေးနေရပါလိမ့် ။ လျှာရှည်ပြီး ရေးတော့လဲ post တစ်ပုဒ် ရတာပေါ့ဗျာ ။ post တစ်ပုဒ် တင် သက်သက်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး ။ snaxbountyprogram ဆိုတာလေ ရှိပါသေးတယ် ။ ထိုအရာလေး ပါရှိနေသည့်အတွက် ရေးသားခြင်း ဖြစ်ပါသည် ။ အင်္ဂလိပ်လိုဘဲ ရေးရမည် ဟူ၍ အချို့သော အရာများကဲ့သို့ ကန့်သတ်ထားခြင်း မရှိသည့်အတွက် SNAX လေးများ ထပ်တိုးဦးမလား ရေးပါသည် ။
မသေချာမရေရာ သည့် အလုပ်ဖြစ်သဖြင့် တိုးမည် မတိုးဘူး ဆိုသည်ကိုတော့ အာမမခံနိုင်ပါ ။ မရတော့ဘဲ steemit မှာ post တစ်ခု တိုးသွားသည်ပေါ့ဗျာ ။ ရတယ်ဆိုတော့လဲ ဝါသနာပါသော သူများ လိုက်တင်ကြလို့ရတာပေါ့ ။
ယခင်ယခင် hunt တွေ future တွေ တုန်းကလဲ ကျွှန်တော်တို့မှာ လက်နှေးသည့်သူ များ ဖြစ်ကြသည့်အတိုင်း မယ်မယ်ရရ ရရှိခဲ့သူ မဟုတ်ပေ ။ ယခုတစ်ခါ တွင်တော့ အနည်းငယ် ဖြစ်ဖြစ် ရအောင် ကြိုးစားမည်ဆိုတဲ့ စိတ်ကလေးဖြင့် SNAX တွေ ရရှိဖို့ တတ်နိုင်သလောက်ကြိုးစားပါရစေ ။ ထို bounty အတွက်က steemit follower အရေအတွက်ဖြင့် ပေးမည် ထင်ပါသည် ။ twitter အရေအတွက်လား steemit အရေအတွက်လား သေချာမသိသေးပါ ။
steemit bounty ဟု ဆိုသော်လည်း ကျွှန်တော်တို့ရဲ့ snax wallet များဟာ twitter ဖြင့်သာ ချိတ်ဆက်ထားခဲ့ကြပါသည် ။ steemit ဖြင့် မည်သို့ snax များ ဝင်လာမည်ကို မသိရှိသေးသော်လည်း စမ်းသပ်ခြင်းဖြင့် တင်လိုက်ပါသည် ။ ရခဲ့ရင် snax အကြောင်း post တွေ ဘယ်သူတွေရော တင်ကြဦးမလဲ ဟင် ။
MSC - 9