ဒီညတော့ ရေးစရာ အကြောင်းအရာ ကောင်းကောင်းရပြီ ဆိုပြီး တွေးမိလိုက်တယ် ။ Steemit Messamger လေး အကြောင်းပါ သူတို့ Steem Messanger ကို ပြုလုပ်ထားတဲ့ အကြောင်းလေး ဖတ်လိုက်ရတယ် ။ အဆင်ပြေပြီပေါ့ အဲ့ဒီ အကြောင်းလေး ပြောပြမယ် ဆိုပြီး ကောင်းကောင်းတွေးနေတယ် ။ ကြည့်လိုက်တော့ android အတွက်က မပါဘူး ဖြစ်နေပါရော ။ ဒါနဲ့ ဖုန်းနဲ့ မရတော့ တော်လေး ခက်သွားတယ် ။ ဖုန်းဘဲ ကိုယ်တွေဆီက အသုံးများကြတာကိုး ။ ဒါပေမဲ့ ရေးမည်းကိစ္စရေးတော့ ရေးမှကို အဆင်ပြေမည် ။ ဒါကြောင့် ရေးကို ရေးမည်ပေါ့ ။
သူက android အတွက်မပါသော်လည်း windows အတွက်တော့ ပါတယ်လေ ။ ဒါကြောင့် အဲ့ဒီ Messamger မရရအောင် ဆွဲလိုက်သည် ။ ထို့နောက် computer နှင့် ဖွင့်လိုက်လေသည် ။ လွဲပြန်ပြီ တစ်ခါ windows 64 bit ဖြစ်မှ ရပါမည်တဲ့ ။ Download ဆွဲလိုက်တဲ့ဟာလေးတွေတော့ လေထဲ လွင့်ပါသွား ဆိုသည့် အတိုင်း ဖြစ်ချေပြီ ။ ဒါနဲ့ဘဲ Steemit Messamger ဇာတ်လမ်းလေး အဲ့ဒီမှာတင် ပြီးဆုံးသွားခဲ့ပါပြီ ။ ပြီးတာတော့ ပြီးသွားခဲ့လေပြီ ။ ခက်တာက post အတွက်ဘာမှ မတင်ရသေး ။ အော် ရရင်ရတဲ့ အကြောင်းတင်မလို့ဟာ မရတော့လည်း မရတဲ့ အကြောင်းတင်မယ် ဆိုပြီး ခုတော့ တင်ချလိုက်ပါတော့သည် ။
အဲ့သည် Steemit Messamger အကြောင်းကို ဖတ်ချင်ရင် https://steemit.com/utopian-io/@therealwolf/introducing-steem-messenger-beta မှာ သွားပြီးတော့ ဖတ်လို့ ရပါတယ် ။
MSC . 9