ကျွှန်တော့် နံမည်က မုန်းမရ ဂွေးမြင်ကုန်းမှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားပါတယ် ။ အသောက်အစားကင်းရှင်းပြီး ဝင်ငွေလေးလဲ အနည်းငယ် မဆိုးဘူးပေါ့ဗျာ ။ ကျွှန်တော့်မှာ မွှေ့ရာဇာ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လူလွန်မျိုးဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ် ။ တစ်ခြား သူငယ်ချင်းတွေလဲ ရှိပေမဲ့လို့ အခု အဓိက ပြောချင်တာက သူတို့နှစ်ယောက်အကြောင်းလေးပါ ။
မွှေ့ရာဇာ မိဘတွေက အချမ်းသာကြီးမဟုတ်ပေမဲ့ ရွှာမှာတော့ မျက်နှာကြီးပါ ( ဖောပြီးယောင်နေတယ် မဟုတ်ပါဘူး ) မြို့က သူဋ္ဌေးတွေလို ကျိကျိတက် မဟုတ်ပေမဲ့ ဂွေးမြင်ကုန်းရွှာကလေးမှာတော့ လူချမ်းသာပါဘဲလေ ။ လယ်တွေယာတွေ အများကြီးပိုင်ဆိုင်ထားပြီး သဘောကောင်း မနောကောင်း အလှူအတန်းလဲ ရက်ရောကြတယ် ။ တစ်ခုရှိတာက သူတို့ သမီးချောလေးမွှေ့ရာဇာကိုတော့ အလွန်စစ်စီတိုကြတယ် ။ ငယ်ငယ်ထဲက အလိုလိုက် စောင့်ရှောက်ထိမ်းသိမ်းကြပါတယ် ။ သူ့အကို တွေကလည်း ကျားဆိုးကြီး သဖွယ်ဆိုတော့ အနားကပ်ဝံ့သူ ခပ်ရှားရှားရယ် ။ ကျွှန်တော်ကတော့ ကိုယ့်ဆိုင်လေး အဆင်ပြေအောင် တွေ့ရာလူနဲ့တည့် အောင်ပေါင်းနေရတော့ လူချစ်လူခင် ပေါများသူတစ်ယောက်သဖွယ်ပါ ။ မုန်းမရဆိုလျှင် ဘယ်သူက မုန်းလို့မရအောင် တစ်ခါတည်းမိတ်ဆွေဖြစ်ဆေးတွေပါ ဆောင်ထားရတယ်လေ ။
လူလွန်မျိုးကတော့ တစ်မျိုး တစ်ခါတစ်ရန် ပြောမကောင်းဆိုမကောင်း လူကလည်းအရက်သမား ဒါပေမဲ့ သူအမေကိုတော့ အတော်ချစ်ရှာတာ ။ အမေတစ်ခု သာတစ်ခုကိုဗျာ ။ သူ့အမေကလည်း သူ့သားကို အရန်းချစ် ။ တစ်ခုရှိတာ အရက်သောက်တယ် မူးရင်အိပ်တယ် အလုပ်မလုပ်ချင်ရင် ခိုင်းမရတော့ဘူး ဘယ်လောက်ပေးပေး ။ သူသာလုပ်ချင်စိတ်ရှိရင် အလုပ်လုပ်ကောင်းချက် ဘယ်သူမှ လိုက်မမီ ။ ဘာမှ မရချင်နေ အလကားကူရမလား ဖြစ်တယ် ။ သူက အဲ့ဒီလို သူ့မှာ အရက်ကြိုက်တတ်တာလေးရှိပေမဲ့ ကျန်တာအကုန်ကောင်း ။ သူနဲ့ ငယ်ငယ် ကတည်းနဲ့ မတည့်တာဆိုလို့ ဟို မွှေ့ရာဇာရဲ့ အကိုနှစ်ယောက် ။
အချိန်တွေကြာလာတော့ လူတွေလည်း အချိုးတွေ ပြောင်းလဲလာသည်ထင် ။ လူလွန်မျိုး နဲ့မွှေ့ရာဇာ ရည်းစားတွေဖြစ်သွားကြလေပြီ ။ ကျွှန်တော်လဲ ဘာလိုလိုနဲ့ ကြားထဲကနေ စာပို့သမားဖြစ်ရ သတင်းပေးသမားဖြစ်ရနဲ့ ။ တစ်ကယ်တော့ မွှေ့ရာဇာ မိဘတွေ အကိုတွေက လူလွန်မျိုးနဲ့ အပေါင်းသင်းလုပ်တာကိုပင် မကြိုက်ချင်လှ မွှေ့ရာဇာကလည်း အတော်လှသားဗျာ ရှေးအခါကဆိုရင်တော့ ကွမ်းတောင်ကိုင်လို့ပြောကြမပေါ့ ။ မျက်နှာ အနေထားက ပြောမပြတော့ပါဘူး ကိုယ့်ဖာကိုယ်သာ ကိုယ့်အမျိုးသမီးရုပ် သတိရကြည့်လိုက်ပါ ။ အဲ့စလို လှတာ ကောင်မလေးဆိုလည်း မှန်ထောင်လို့ မြင်ယောင်လိုက်ပါလေ ။
ဟို လူလွန်မျိုးက ခပ်ပေပေတေတေ လူက ဘာမဟုတ်သလိုနဲ့ ဟို ကျားဆိုးဆိုတဲ့နှစ်ကောင် ရွှာမှာ လူမိုက်လိုလိုနေတာပင် သူ့ကို မယှဉ်နိုင် ။ လက်ကလည်းအသွက်သား မွှေ့ရာဇာနှင့် သမီးရည်းစားဖြစ်သွားသည်ပင် ကျွှန်တော်မသိလိုက် ။ ဟုတ်မှာပါလေ သူက အရက်သမားတာဆိုတယ် စကားတော့ အကြွယ်သား စာရေးဆရာပင် လုပ်စားလို့ရနိုင်သည် ။ လူလွန်မျိုး အမေကတော့ ဘာဖြစ်မလဲ နဂိုကလဲ သူ့သားသဘော သားရှင်ကိုဗျာ နော့် မသိတာလည်းဖြစ်ချင်ဖြစ်မှာပါလေ ။ သူတို့နှစ်ယောက်ကြားကျွှန်တော်လည်း ကန့်လန့်ကန့်လန့် ပါနေရပါတော့တယ် ။
သမီးရည်းစားတို့ထုံးစံအတိုင်း တစ်နေ့တော့ မိဘတွေ သိသွားကြချိန် သူတို့ အေးအေားဆေးဆေး ထင်ထားပေမဲ့ ပြသနာက မွှေ့ရဇာ တစ်မျိုးလုံးက လူလွန်မျိုးနဲ့ သဘောမူကြ အတော် ကို သဘောမတူရာကနေ သူတို့နှစ်ယောက် ခိုးပြေးဖို့ အကြောင်းက ဖန်လာပါတော့တယ် ။ ခိုးပြေးတဲ့ နေရာမှာ မဖြစ်မနေ လိုက်ပါလုပ်ပါလုပ်ဆောင်ဖို့ ကျွှန်တော် တာဝန်ကျလာပါတော့တယ် နှစ်ယောက်လုံး သူငယ်ချင်းရင်းကြီးတွေ ဘဲလေ ဆိုပြီး ကူညီရပါတယ် ကားလက်မှတ် သွားဖြတ်ပေးရတယ် လိုက်ပို့ပေးရတယ် အစစ အရာရာ ဆိုပါတော့ ။ အတော်ဆိုးတဲ့စုံတွဲဗျာ ။
ကားဂိတ်မှာ စောင့်နေရင်း လူလွန်မျိုး ''အိမ်သာသွားအုံးမယ် အရက်သွားဝယ်ရင်းနဲ့ဆို ထွက်သွားပါရော ။ သူထွက်သွားတယ်ဆိုရင်ဘဲ မွှေ့ရာဇာတစ်မျိုးလုံး ဘယ်က ရောက်တယ်မသိ ကျွှန်တော်တော်တော် စိုးရိမ်သွားပါတယ် မွှေ့ရာဇာဆို မျက်နှာငယ်လေးနဲ့ ။ " သြော်ကွယ် သားတို့ ဒါမျိုး လုပ်စရာမလိုပါဘူးကွယ် မုန်းမရရဲ့ ငါ့သားလေးနဲ့ အမေက သဘောတူပါတယ်ကွယ် လာလာအိပြန်ကြရအောင် မင်္ဂလာ ရက်ရွှေးကြပေါ့ကွယ် ပြီးမှ အလည်အပတ်ထွက်ချင်ထွက် ခုတော့ အိမ်သွားကြရအောင် " မွှေ့ရာဇာ မိခင်ကြီးရဲ့ စကားလုံးများအောက်တွင် ကျွှန်တော် ဆွံ့အစွာ အတော် နှင့် မလှုတ်ရှားနိုင်သေး "လာဟေ့ ယောက်ဖကြီး အိမ်ပြန်မယ်ဆို ဘေးက ငနာ နှစ်ကောင် လာတွဲပြီး သူတို့အိမ် ခေါ်သွားကြလေသည် တစ်လမ်းလုံးအကြောက်အကန် ငြင်းဖို့ရာ အိမ်ရောက်မှ အေးအေးဆေးဆေးပြောရအောင် ဆိုတာနဲ့ဘဲ ပိတ်ထားလိုက်ပါတယ် အိမ်ရောက်တော့ ကျွှန်တော်ရော မွှေ့ရာဇာပါ ငြင်းတဲ့ကြားထဲက ကျွှန်တော်နဲ့ မွှေ့ရာဇာကို သူတို့သဘောကျ စီစဉ်လိုက်ကြတယ် ။မွှေ့ရာဇာက သူချစ်တာ လူလွန်မျိုးပါလို့ ဘယ်လိုပင်ပြောပေမဲ့ ဒါကလည်း မွှေ့ရာဇာတို့ မိဘတွေ သူ့သမီးမသိအောင် အစီစဉ်ဆွဲထားတာပါဘဲဆိုတာ နောက်တော့ သိခဲ့ပါတယ် ။
ကလေးတွေ လည်တာ သူတို့ လူကြီးအတွက် အသာလေးပေါ့ ။ လူလွန်မျိုး အရက်သမားနဲ့စာရင် မုန်းမရလေးက မှ တော်ပါသေးရဲ့ဆိုပြီး သူတို့ စီစဉ်ခဲ့တာတဲ့လေ ။ ကျွှန်တော်က သူတို့တွေ ကြားထဲက မြေမဇာပင်လေးအဖြစ်နဲ့ အိမ်ထောင်ကျသွားရရှာတာပေါ့ ဘယ်တတ်နိုင်မှာလဲလေ ။လူလွန်မျိုးလဲ ခု အရက်ပြတ်သွားပြီး ကလေး နှစ်ယောက် အဖေ ဖြစ်နေပါပြီ ။ ကျွှန်တော့ သမီးလေး သက်မြတ်နိုး ခုတော့ ဆော့ပြီးမောမောနဲ့ အိပ်နေ ရှာပါတယ် ။ အိပ်နေတဲ့ပုံစံက ကို မိန်ကလေးတန်မဲ့ အရက်သမား လူလွန်မျိုး မျက်ခွက်နဲ့ ။ ဒါပေမဲ့ ကျွှန်တော့ သမီးလေးကို ကျွှန်တော် အရန်းချစ်ပါတယ်ဗျာ ။
Photos credit; Google Image