သိပ်မကြာခင် အချိန်ခဏက ရွှေကူ အနီးနားမှ ရွှာကလေးများသို့ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း သွားရောက်နိုင်ရန် နိုးဆော် ဖိတ်ကြားရင်း ရောက်ဖြစ်ခဲ့ပါသည် ။ ထိုသင်တန်းမှာ ဗန်းမော်တွင် ပြုလုပ်မည်ဖြစ်ပါသည် ။ ရွှာများသို့ သွားရောက်ရင်း လိုက်ပါမည့် ဆရာ ဆရာမများအားသွားရောက် ဖိတ်ကြားသည်ဆိုသော်လည်း ကျွှန်တော်က ရေပေါ်စီးပါ ။ သွားရင်းနဲ့ကလည်း ဟိုရိုက်ဒီရိုက် ကောင်းကောင်းတောင် မရိုက်ခဲ့ရပါဘူးလေ ။ အနည်းငယ်နားတဲ့အချိန်တော့ ဖုန်းလေးနဲ့ ဟိုရိုက်ဒီရိုက်ပေါ့ ။ ရွှေကူမှ ထိုနေ့က ပန်းတင် မြိုင်သာ ရွှာများမှ တစ်ဆင့် စီသောင်သို့ နောက်ဆုံးရောက်ပါသည် ။ ထိုစီသောင်မှပင် မိမိနေထိုင်ရာနေရာသို့ ပြန်လာခဲ့ကြပါသည် ။
ဒီပုံလေးကတော့ ခေါလဲ ရွှာမှာရိုက်လာတာပါ ။ ရှေ့က သရုပ်ဆောင်က ဖယ်ခိုင်းလိုက်ရင် ရန်လုပ်လုပ်နေလို့ သူ့ပါ ထည့်ထားပေးပါတယ် ။ ယခုဆိုလျှင် ရွှေကူမှ ရွှာကလေးများလဲ လျှပ်စစ်မီးများ ရှိနေလေပြီ ။ ကျေးရွှာများသို့ လျှပ်စစ်မီးရောက်ရှိသည်မှာ နှစ်နှစ်ကျော်ခန့်တော့ရှိလောက်ပြီထင်ပါတယ် ။ တိုင်တွေကတော့ လျှပ်စစ်ထက် အသက်ကြီးမှာပါ ။
ဘုရားစေတီလေးများနှင့် အေးချမ်းဖွယ်ရွှာကလေးများ ဖြစ်ပါသည် ။ အလုပ်များကတော့ သိပ်မအေးလှပါ နေပူပူ လယ်ကွင်းထဲ စပါးခင်း လယ်ကွင်းများ ပဲခင်းများအကြားတွင် မိသားစုအတွက် ကြိုးစားရုန်းကန်ကြရမည်ပင် ။ မည်သို့ပင်ဖြစ်စေ မြို့ကြီးထက် ဆိပ်ငြိမ် သာယာနေသည် ထင်ပါသည် ။ အေးအေးလူလူ အတွေးလေးများဖြင့် စာရေးရလျှင် အလွန်ကောင်မည်ဟူ၍ပင် စဉ်းစားမိလိုက်ပါသေးသည် ။ ငှက်ကလေးများရဲ့ အော်မြည်သံလေးများကိုလည်း ထိုနေရာတို့တွင် ကောင်းစွာ သောတဆင်နိုင်ပါသေးသည် ။
ထို့နောက် တာလီ စင်းဖုတ် အစရှိသော ရွှာများသို့လည်း ရောက်ရှိခဲ့ပါသေးသည် ။ ယခင်ကလည်း ရောက်ခဲ့ဖူးသော နေရာများဖြစ်သည့်တိုင် ယခုအခါမှာတော့ ဆောင်းပါးအတိုလေး လေးတစ်ပုဒ်ဖြစ်အောင် ရေးတင် နိုင်ခဲ့ပါပြီ ။
MSC . 9
Photos credit; Google Image