မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ ပွဲလမ်းသဘင်များ တွေ့ရတတ်ပါတယ် ။ ထိုပွဲလမ်းသဘင်ရှိလျှင် ရန်ဖြစ်ရမည်ဆိုသော အတွေးများအချို့ သူများတွင် တွေ့ရတတ်ပါသည် ။ အလွှန်ဆိုးသော ဓလေ့ပါ ။ ဘယ်လိုအကြောင်းကြောင့် သတ်မှတ်ခဲ့တယ်ဆိုတာ မသိနိုင်ပေမဲ့ အချို့သူများကြားတွင် အလေ့အထ တစ်ခုသဖွယ် ရိုးရာ ဓလေ့ တစ်ခုသဖွယ် ဖြစ်နေသလို မြင်မိပါသည် ။
ရန်ဖြစ်တဲ့ ဓလေ့အကြောင်းပြောချင်တာတော့မဟုတ် အဲ့ဒီ ဓလေ့လိုဘဲ ဖြစ်လာတဲ့ ဓလေ့တစ်ခုအကြောင်းပါ ။စာရေးရမည်ဆိုလျှင်လည်း မည်သူက စလိုက်မန်းတော့မသိ ကူးရေးတတ်သည့် အကျင့်များအများအပြား ၊ ကြံရင်းဖန်ရင်း တစ်ယောက်တစ်လေ လုပ်ကြသည်မဟုတ် ဘယ်ကနေစပြီး အလေ့အထတစ်ခု အစပြုခဲ့သည်တော့ မသိတတ်ပါ ။ အမျာစုကတော့ ကူးနေကြပါသည် ။ စာရေးရမည်ဆို copy and paste နိပ်သည်မှာ အလွှန် များပါသည် ။ အခြားသူများကရော copy နဲ့ paste ကို မနိပ်တတ်၍မဟုတ်ပါ ။ အခြားတစ်ယောက်ရဲ့ လုပ်ဆောင်ချက်နဲ့ နာမည်ယူရမှာ ရှက်တတ်ကြ၍ပါ ။ ရှက်တတ်သူမည်မျှ ရှိပါသနည်း ။ အခြားသူတစ်ယောက်ကြိုးစားထားသော အရာတစ်ခုကို မိမိ လုပ်ခဲ့ပါသည် ဆိုပြီး ဝင်ငွေရချင်လို့ နာမည်ကျော်ချင်လို့ မိမိနာမည်ကြီးတတ်ပြီး ကြေငြာတာဟာ ကောင်းလား မကောင်းလား ဆိုတာတော့ အများက သိပါလိမ့်မယ် ။
အများရဲ့ ယုံကြည်မှုကို လိမ်လည် vote ယူပြီး အမှန်တစ်ကယ် ကြိုးစားသူများနဲ့ထပ်တူ နုနယ်သေးတဲ့ MSC အလယ်မှာ vote ယူနေခြင်းမှာ အလွန်ဝမ်းမြောက် ဂုဏ်ယူဖွယ်များဖြစ်နေပြီလား စဉ်းစားစရာပင် ။ အချို့က စာမရေးနိုင်ကြဘူး ရပါတယ် မရေးနိုင်ရင် မရေးပါနဲ့ ရေးနိုင်သလောက်ပဲ ရေးပါ ဆယ်ရက်မှ တစ်ပုဒ်လဲ ဘာမှ မဖြစ်သွားပါဘူး ။ လူဆိုတာတော့ လောဘ ရှိကြသည်ချဉ်းသာ ကျွှန်တော်တို့လဲ လောဘရှိပါတယ် လိုချင်ပါတယ် အခြားသူတွေလည်း လိုချင်ကြပါတယ် ဒါပေမဲ့ ကိုယ်မရေးနိုင်ဘဲတော့ ကူးပြီး မတင်ကြပါဘူး ။ မြန်မာကပါဆိုပြီး မြန်မာ tag ကြီး တပ်ပြီး အောက်မှာ cheetah comment ကြီး တစ်ကားကားနဲ့ တင်တဲ့သူတော့ မသိပါ သူများတွေ မြန်မာကလူတွေ cheetah မိထားတယ်ဆို ကျွှန်တော်တို့ ကတော့ ကိုယ့် account မဟုတ်ဖဲတောင် ရှက်မိပါတယ် ။
browser လေးဖွင့် ကိုယ်တင်ချင်တဲ့စာ ကိုယ့်စိတ်ထဲရှိတဲ့ အကြောင်းလေးရှာ copy လေးကူးလာပြီး အေးအေးဆေးဆေး steemit ထဲ paste ရုံကို အတော်များများ လုပ်တတ်ကြလိမ့်မယ်ထင်ပါတယ် ။ ကူး တာတစ်ကယ်တေ့ သိပ်မကြာပါဘူး ကူးချင်ရင် post ပေါင်းများစွာ ကူနေလို့ရပါတယ် ။ admins တွေ လည်းpost နဲ့ပတ်သက်ပြီး နေရာတစ်ကာ အဆင်ပြေအောင် များများရအောင် လုပ်ပေးကြရတယ် promotion ရအောင် လုပ်ပေးကြတယ် ။ အားလို့ယားလို့ လုပ်နေကြတယ်များ ထင်ပါသလား ။ ဒီလို လုတ်ပေးနေလို့ sbd တွေ steem တွေများပိုရသွားသလား ကိုယ်တိုင်လေ့လာကြည့်ပါ ။ သူများတွေထက် ဖုန်းဘေ ကုန်တယ်ဆိုတာတော့ အရင်ဆုံးတွေ့ပါလိမ့်မယ် ။ သူတို့ လဲ အေးအေးဆေးဆေး post တင် မန့် လေးပေး vote ပြီး နေရုံ နဲ့ နေချင်ကြမှာပါဘဲ ။ Post လေးတစ်ခုတောင် ကိုယ်ပိုင် အစွမ်းအစနဲ့ မရေးနိုင်ရင်တော့ steemit မှာ ရှေ့ဆက်ဖို့ ခက်ပါလိမ့်မယ် ။
နော်ထပ်တစ်မျိုးရှိပါသေးတယ် post တင်ထားမယ် လာ vote ကြ commet ပေးကြ ငါကတော့ ဆရာကြီးမို့ ၊ ဘယ်နေရာမှာ ဘာမို့ ၊ သူများတွေထက် မအားလို့ ၊ မပေးနိုင်ပါဘူးဆိုသူများလဲ ရှိနေပါတယ် ။ သူများရဲ့ vote ကိုကျ ယူပြီး သူများကိုကျ vote မပေးချင်ပါ ။ သူ့ ပေးမဲ့ vote ကို သူများသွားပေးရင်တောင် မျော်လင့်ချက်ရှိပါသေးတယ် ။ ကျွှန်းကိုင်းမှီ ကိုင်းကျွှန်းမှီ လုပ်နေရတဲ့ နေရာမှာ ကိုယ့် ဆီက အသွားဘဲရှိပြီး ကိုယ်က မန့်ထားတဲ့ စာလေးကိုမှ အရေးမလုတ် ဝင်မကြည့်သူကို ဘာလို့ အားပေးနေမှာလဲ ။ အားပေးလို့လဲ ဘာမှ အကျိုးမထူး သလိုဖြစ်နေမယ် ။ သူ့ vote မဲ့ အစား power များတဲ့သူ သွားကပ်ဖားတာကမှ ဟိုက အားနာနာနဲ့ လာ vote ရင် ကိုယ်ရနိုင်ပါသေးတယ် ။
နောက်ထပ် ဘာသာပြန်ဆရာများ ကိုလည်း သူများပြန်ပြီးသားတွေထက် steemit ထဲမှာ steemit အကြောင်းကို မြန်မာတွေ သိဖို့ ဘာသာပြန်စရာတွေ အများကြီးကျန်ရှိနေသေးကြောင်း ပြောပြပါရစေ ။ သူများပြန်ပြီးသားတွေကိုပြန်ပြန်နေတာက မြန်မာလို ဖတ်ချင်သူတွေ ရှာဖတ်လို့ရနိုင်ပါတယ် ။ steemit အကြောင်းတွေကျ မြန်မာလို ကျွှန်တော်တို့ နားမလည်ကြလို့ ပြန်ပေးကြစေလိုပါတယ် ။ ဟိုနေ့က delegation အကြောင်းကို သိချင်လို့ လိုက်ကြည့်တယ် အင်္ဂလိပ်လို နားမလည်လို့ ကိုယ်တိုင်လိုက်စမ်းလုပ်ရင်း အတော်ရွှာ လည်ပြီးမှ လုပ်ရတယ် ။ post တော့ ပြန်တင်ထားပါတယ် ။ steemit နဲ့ ပတ်သက်ပြီး ကျွှန်တော်တို့ မဖတ်တတ်လို့ သိဖို့ လိုအပ်နေတဲ့ ဘာသာပြန်စရာဆောင်းပါတွေ အများကြီးရှိနေပါသဖြင့် steemit အကျိုးကို ကြည့်ပေးကြဖို့ တောင်းဆိုပါတယ် ။
ပြောချင်တာတွေတော့ ပြောပြီးပြီ ကုန်ကြမ်းရှာမရလို့ ရေးစရာရအောင်ရေးတယ်ဘဲ သဘောထားကြပါ ။ မကြေနပ်ကြရင်လဲ ပြောကြပါ ။ အရင်က facebbook မှာ သုံးကြတဲ့ စကားလုံး တစ်ခုအတိုင်းပြောရရင်တော့ အလှုတ်ရှုတ်ခံပြီး အပြုံးမပျက် အဆဲခံနိုင်မှ MSC admin team ထဲ ဝင်လာပါပေါ့နော် ။
MSC . 9
Photos credit; Google Image