သီိချင်းလေး တစ်ပုဒ် မတော်တဆ နားထောင်မိလိုက်တယ် ပြိုင်ပွဲ ပြိုင်ထားတာလေးပေါ့ ။ ပုံမှန် ဆိုပုံနဲ့ မတူဘဲ ကွဲနေပြီး နားထောင်ရတာလဲ ကောင်းနေတာနဲ့ လိုက်ပြီး comment တွေ ဖတ်ရင်းနဲ့ တွေ့လိုက်တာက သီချင်းနာမည် yodeling လို့ဆိုပါတယ် ။ ဒါနဲ့ ဘယ်သူတွေ အစက ဆိုထားတာလဲ သိချင်တာနဲ့ youtube ထဲ လိုက်ရှာ ကြည့်လိုက်တယ် ။ သူဆိုထားတဲ့ သီချင်းက တစ်ခြားလူ ဆိုထားတာတော့ မတွေ့မိဘူး ။ ကျွန်တော် မရှာတတ်တာလဲ ပါမှာပေါ့ ။ ဒါပေမဲ့ သူဆိုထားတာတင် နားထောင်ရ ကောင်းနေပါပြီ ။
နောက်ပြီး လိုက်ရှာရင်း တွေ့မိတာက yodeling ဆိုတာ သီချင်းနာမည် မဖြစ်နိုင်ဘူး ။ သီချင်း အမျိုး အစား ဖြစ်မယ် ထင်တယ် ။ ဒီလို ဆိုထားတဲ့ သီချင်းလေးတွေ အများ ကြီး တွေ့မိတယ် ။ ကျွန်တော်တို့ ဆိုရင်တော့ လျှာတွေ ဂျွမ်းပြန်သွားလိမ့်မယ် ထင်ပါတယ် ။
နောက်ပြီး တစ်ယောက် ပုံစံ တစ်မျိုးစီပေါ့ ဒါပေမဲ့ သံစဉ်လေး တွေ က ခပ်ဆင်ဆင်လေးတွေ ဖြစ်နေ လိမ့်မယ် ထင်ပါတယ် ။ သေချာနားထောင်ကြည့်ရင် မြန်တဲ့နေရာကလဲ သူ့သီချင်းနဲ့သူ မတူပါဘူး ။
ဟိုရှာ ဒီရှာ လိုက်ရှာရင်း တွေ့မိတွေ့ရာ ပေါ့ ။ အစကတော့ download လုပ်ပြီး dtube က နေ ပြန်တင်ပေးမလို့ပါဘဲ ဒါပေမဲ့ youtube က သူများ တင်ထားတဲ့ link ကိုဘဲ ထည့်လိုက်ပါတော့တယ် ။ ကောင်းနိုးရာရာပေါ့ နားဆင်ကြည့်ပါဦး ။
MSC - 9