ကစား သမား အပြောင်းအရွှေ့ ၀ယ်ရောင်းကတော့ အပြင်က ပုံစံအတိုင်းပင်။ August 31 မှာ ဈေးကွက် ပိတ်ပြီး January လမှာ တကြိမ် အပြောင်းအရွှေ့ ပြန်ဖွင့်ပေး၏။ လူဝယ်သည့် နေရာမှာလည်း အခြားဂိမ်းများမှာလို ချက်ချင်း ၀ယ်လို့ မရပေ။ အခုဝယ် အခု မရပေ။ ဆွေးနွေးနေရသေး၏။ ခု ၀ယ်ထား တပွဲ ကန်ပြီးမှ ရ၏။ တခါတလေ ဈေးတိုးပေးရခြင်း၊ လစာတိုးပေးရခြင်းမျိုး ရှိ၏။ မိမိ ၀ယ်ယူလိုသည့် ကစားသမားကို လွယ်လွယ်ကူကူ ခေါ်ယူနိုင်ခွင့်သည် အပြောင်းအရွှေ့ မန်နေဂျာနှင့်လည်း ဆိုင်၏။
ထို မန်နေဂျာ၏ level မြင့်နေမှသာ မိမိ ခေါ်ယူလိုသည့် ကစားသမားကို လွယ်လွယ်ကူကူနှင့် ခေါ်ယူနိုင်မည် ဖြစ်၏။ ထို မန်နေဂျာက level မြင့်နေရုံနှင့် ရပြီလားဆိုတော့ မရပေ။ ပိုက်ဆံ ရှိဖို့ကလည်း လိုသေး၏။ ထို့ကြောင့် ကျနော်တို့က ပိုက်ဆံ အများကြီး ရှိအောင်၊ ရအောင် ဂိမ်းကို mod လိုက်ခြင်း ဖြစ်၏။ အရောင်း အ၀ယ် မန်နေဂျာ အပြင် အခြား သက်ဆိုင်ရာ မန်နေဂျာများလည်း ရှိသေး၏။ အားလုံး၏ level ကတော့ 10 ဖြစ်၏။ ပိုက်ဆံ အများကြီး ရှိပြီး ရပြီးသွားလျှင်တော့ ထို level များ အားလုံးကို တပါတည်း မြှင့်လိုက်လို့ ရပြီ ဖြစ်၏။ ပိုက်ဆံများများ ရှိမှ အဆင်ပြေပေလိမ့်မည်။
နောက်ခံ ကြေငြာသူ၏ စကားသံတော့ မပါပေ။ ဒါကလည်း မခက်ပေ။ online ကနေ download ဆွဲလိုက်လျှင် ရ၏။ setting ထဲမှာ ၀င်ပြီး down လိုက်ရုံပင်။ ဂိမ်း level က အဆင့် (၅) ဆင့် ရှိ၏။ Beginner, Amateur, Semi-Pro, Professional, World Class အစရှိသဖြင့် ဖြစ်၏။ Beginner ကတော့ အလွယ်ဆုံး အဆင့် ဖြစ်၏။ အစပိုင်း တပွဲ နှစ်ပွဲလောက်သာ Beginner အဆင့်နှင့် ကန်ဖို့လိုမည် ထင်၏။ နောက်ပိုင်းတွင်တာ့ မိမိ လိုသလို အဆင့်များ ချိန်းပြီး ကစားသွားလို့ ရမည် ဖြစ်၏။ ကောင်းတာ တခုက ကန်နေရင်းနှင့်ကို ထို level များကို လိုသလို ချိန်းလို့ ရ၏။ ကောင်းလည်း မကောင်းဘူးပေါ့။
ပွဲတပွဲ၏ ကြာချိန်ကိုလည်း အနည်းဆုံး (၂) မိနစ်ကနေ (၃) မိနစ်၊ (၄) မိနစ်၊ (၆) မိနစ်၊ (၈) မိနစ်၊ (၁၀) မိနစ် အစရှိသဖြင့် ပြောင်းလို့ ရ၏။ ကိုယ်ကြိုက်သည့် အချိန်အတိုင်း ကန်ပေါ့။ တခါတလေ မိမိ ကိုယ်တိုင် မကန်ချင်လည်း ဒီအတိုင်း ပွဲကို ကန်ခိုင်းလိုက်လို့ ရ၏။ မန်နေဂျာ ဂိမ်းတွေလိုပေါ့။ ကန်နေပုံတွေကိုတော့ မပြပေ။ ဒီအတိုင်း ဘာက ဘာလို ဖြစ်သွားတယ်၊ ဘယ်လို ကန်လိုက်တယ်၊ ဘယ်လို လွဲသွားတယ်၊ ပြစ်ဒဏ်ဘော ဖြစ်တယ် စသည်ဖြင့်တော့ ပြောပေး၏။ တချို့ မကန်ချင်သည့် အခါမျိုး၊ မြန်မြန် ပွဲပြီး စေချင်သည့် အခါမျိုးမှာ ထို နည်းလမ်းကို သုံးလို့ ရ၏။
ဘောလုံးဂိမ်းကို ဆော့ဖူးသူ အများစု အဖို့ သိပ် အခက်အခဲကြီးတော့ မဟုတ်ဟု ထင်ပါ၏။ ဆော့ကစားကြည့်ရင်း ရသွားလိမ့်မည်ဟု ထင်၏။ ကိုယ့်အကြိုက်နှင့်ကို သူ့အကြိုက်နှင့် သူ ဆိုပေမယ့် ကျနော်ကတော့ ယခု FIFA ဂိမ်းလေးကို တော်တော်လေး ကြိုက်၏။ အပျင်းပြေ ကစားလို့ ကောင်းသည့် ဂိမ်းကောင်းလေး တခု မဟုတ်လား။ ကဲ ဂိမ်း ဆော့လိုက်ပါဦးမယ်ဗျာ။
Don Jaun
MSC 31