ဈေးတန်ပေမယ့် ကျနော့်မှာတော့ မလိုက်နိုင်ပေ။ (၆) သိန်းဆိုသည့် ပမာဏက တကယ်တမ်းကျ နည်းမှ မနည်းဘဲ။ သို့နှင့် one+ အိပ်မက်ကို လက်လျှော့လိုက်ရ၏။ ထို့ကြောင့် အခြား brand ပဲ ရွေးစရာ ရှိတော့၏။ Huawei, Mi, Vivo, Oppo တို့သာ ကျန်တော့၏။ Vivo နှင့် Oppo ကိုတော့ မကြိုက်ပေ။ သို့နှင့် Huawei နှင့် Mi သာ ကျန်တော့၏။ လက်ရှိ ကျနော်သုံးနိုင်သည့် ပမာဏမှာ ချိန်ထိုးကြည့်လိုက်တော့ Mi က ပေးနိုင်သည့် အရာတွေက ပိုပြီး သာနေတော့၏။ သို့နှင့် Mi ကိုသာ ရွေးဖို့ ရှိတော့၏။ (၃) သိန်း ဝန်းကျင်သာ ပေးရသည့် Mi CC9 ကို ရွေးလိုက်၏။
Mi CC9 (6/128) လေး ဝယ်ဖြစ်၏။ အရောင်ကတော့ အပြာရောင်လေးပေါ့။ အပြာရောင်က ပိုပြီး လှနေ၏။ camera (3) လုံးပြူး၊ သူ့အနေအထားနှင့်သူတော့ မဆိုးလှပေ။ selfie camera က (32) MP ဖြစ်၏။ selfie ကတော့ တော်တော်လေး ကောင်း၏။ မိန်းကလေးတွေ အတွက်တော့ တော်တော်လေး သဘောကျစရာပင်။ ကျနော်က selfie မှ သိပ်မရိုက်ဖြစ်ဘဲ။ battery ကလည်း မဆိုးဟု ပြောလို့ ရ၏။ (4030) mph ဖြစ်၏။ daily use အတွက် ကောင်းကောင်း လုံလောက်၏။ ML လောက်သာ ဆော့သူ ကျနော့်အဖို့ တခါ အားသွင်းထားလျှင် (၂) ရက် နီးပါး အသုံးခံ၏။
Flyme နှင့် အသားကျနေခဲ့ပြီးသည့် အခြေအနေကနေ MIUI ကို ပြောင်းသုံးရတော့ အနည်းငယ်တော့ ပြာယာခတ်လှ၏။ အယောင်ယောင် အမှားမှားနှင့်။ data တွေ ရွှေ့ဖို့အတွက်လည်း လုပ်ရသေး၏။ data တွေ ရွှေ့နေရင်းနှင့် ဒါကြောင့် phone အမျိုးအစား တမျိုးတည်း သုံးချင်တာ ဆိုပြီး ရေရွတ်မိနေသေး၏။ Brand တခုထဲက Phone ကို ရွေးလိုက်လျှင် data ရွှေ့သည့် ကိစ္စတွေမှာ ခုလောက် အလုပ်မများ၊ မရှုပ်တော့ပေ။ အသားကျနေသည့် အခြေအနေတခုကနေ ပြောင်းလဲရသည့် အဖြစ်က တကယ်တမ်းတော့ မလွယ်လှပေ။
နောက်တချက်က Meizu မှာတုန်းက Zawgyi သုံးနေခဲ့ပြီး ယခု Mi မှာ Unicode ဖြစ်နေသဖြင့် Note ထဲက မှတ်ထားသည့် စာများကို Unicode ပြောင်းဖို့က လုပ်ရသေး၏။ မှတ်ထားတာတွေက များနေသဖြင့် အကုန်လုံး တပါတည်း မပြောင်းနိုင်တော့ဘဲ နောက်လိုအပ်မှ ကြုံမှပဲ ထပ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တော့၏။ ယခု ရက်ပိုင်းမှာတော့ ထို phone အသစ်နှင့် ကျနော် ဗျာများ၊ အလုပ်ရှုပ်လို့ နေတော့၏။ ရှာလိုက်၊ ဖွေလိုက် ကလိလိုက်နှင့်။ MIUI ၏ အားသာချက်၊ ကောင်းမွန်မှု၊ လုပ်ဆောင်ချက်များကို လိုက်လံ ရှာဖွေ မှတ်သားနေရ၏။
မကြာမီတော့ အသားကျသွားဖို့ မျှော်လင့်မိ၏။ ခုထိတော့ နည်းနည်း လည်နေတုန်းပင်။ ယခုရက်ပိုင်း သုံးကြည့်သည့် အတွေ့အကြုံ အရတော့ တော်တော်လေး အဆင်ပြေသည်ဟု ပြောလို့ ရ၏။ ကျနော့် ရွေးချယ်မှု မှန်ကန်သည်ဟု ပြောလို့ ရမည် ထင်၏။ နောက်ထပ် ကျနော် တော်သည့် အချက်က လက်ရှိ ကျနော် ဝယ်ကိုင်သည့် phone တိုင်း၏ တန်ဖိုးက (၃) သိန်းထပ် မကျော်နေခြင်းပင် ဖြစ်ပေ။ ဝယ်ကိုင်ဖူးခဲ့သည့် phone အလားလုံး နီးပါးက (၃) သိန်အောက်တွေသာ ဖြစ်၏။ လောလောဆယ်တော့ Mi CC9 လေး ကိုင်ကြည့်ရင်း နောက်ရက်မှ အတွေ့အကြုံလေးတွေကို ပြန်လည် မျှဝေပါဦးမည်။
ဆက်ပါဦးးမည်
Don Jaun
MSC 31