Steem ဈေးတွေကလည်း ကျနေ၏။ ကျနေသည်မှာ တော်တော်ကို ကြာနေပြီ ဖြစ်၏။ steem ဈေးကျနေလို့ပဲလား၊ ရေးစရာ ရှာနေ၊ ရှားနေလို့ပဲလား မသိ MSC တွင် ယခင်လောက် post တင်သူ မများတော့ပေ။ ရေးသူ နည်းလာတော့ ဖတ်စရာက နည်းလာ၏။ ဒါနဲ့ပဲ super8ball လေးသွားဆော့မယ် တွေးလိုက်၏။ စာရေးသူ နည်းနေတော့ Game များ ဆော့နေကြသလားပေါ့။ 8ball ထဲမှာလည်း လူမရှိပေ။ ယခင်လောက် ကိုယ်နှင့် ကစားမည့် ကစားဖော်၊ ကစားဖက်ကို မြန်မြန်ဆန်ဆန် မတွေ့ရပေ။ တော်တော်စောင့်ယူ၊ တော်တော် ရှာယူနေရ၏။
ကျနော်ကတော့ နေ့စဉ် ပုံမှန် စာရေးလိုက်၊ တင်လိုက်၊ vote, comment ပေးလိုက်နှင့် အချိန်တို့ကို ကုန်လွန်စေ၏။ တခါတလေတော့ 8ball လည်း သွားသွားဆော့ဖြစ်၏။ အထက်မှာ ဆိုခဲ့သည့်အတိုင်း 8ball မှာလည်း ကစားဖက်က မတွေ့ပေ။ ယခင် ကိုယ့်အချင်းချင်းတွေ ခဏ ခဏ တွေ့ပြီး နိုင်ငံခြားသားများနှင့် မကြာမကြာ တွေ့ရလေ့ရှိသော 8ball သည်လည်း အလွန်ပဲ ခြောက်ကပ်လို့နေလေတော့၏။ ဘယ်အချိန်ပဲ ၀င်ကြည့်ကြည့် ကစားဖော် တော်တော်နှင့် မတွေ့ပေ။
သို့နှင့် Moscow မှာပင် ပျော်မွေ့နေသော ကျနော်လည်း Tokyo သို့ အရဲစွန့်ပြီး သွားမိ၏။ (၂) ခေါက်တည်းပါ။ Tokyo က Moscow ထက် စရိတ်ကြီးသည် မဟုတ်လား။ သို့ပေမယ့် ပြန်ရသည့် ဆုကြေးကလည်း မနည်းပေ။ သို့နှင့် မည်မျှပင် ခက်ခဲလည်း အရဲစွန့်ပြီး Tokyo သို့ သွားဖြစ်၏။ အများကြီး မဟုတ် (၂) ခေါက်ထဲ ဖြစ်၏။ တခေါက်သာ အောင်ပွဲ ဆင်နိုင်ခဲ့ပြီး တခေါက်မှာ အရှုံးပေးခဲ့ရ၏။ Tokyo မှာက ကိုယ့်ထက် ဆရာကျသူတွေများ၏။
မည်သို့ပင် ဆိုစေ တချိန်ချိန်မှာတော့ Tokyo မှာ ကောင်းကောင်း ခြေချနိုင်အောင် ကြိုးစားရမည်။ Game ဆော့လေ့ ဆော့ထ သိပ်မရှိသော ကျနော့်အဖို့ 8ball သည် အပျင်းပြေစေ၏။ ထို့ပြင် SBD လည်း ရသည် မဟုတ်လား။ အချိန်အားလျှင် အားသလိုတော့ 8ball လေးကို ဆော့ကစား ဖြစ်နေဦးမည်မှာ အသေအချာပင် ဖြစ်၏။
Don Jaun
MSC 31