ဒီနေ့ ကိုဟင် ပိုစ့်အရ (၃) လလောက်နေလျှင် steemit က ပြန်လာမည် ပြောထား၏။ စောင့်နေရမလား၊ မစောင့်နေရဘူးလားပေါ့။ စာရေး ပိုစ့်တင်တာကိုတော့ hive မှာပဲ လုပ်ဖြစ်နေမည် ဖြစ်၏။ ပြောရလျှင် steemit ကိုတောင် သိပ်မလှည့်ကြည့် ဖြစ်တော့ပေ။ မကြည့်ဖြစ်ဘူး ဆိုပေမယ့် appics မှာတော့ ပိုစ့်တွေ (photo) တင်ဖြစ်နေသေး၏။ steemit account ထဲမှာ ရှိသည့် steem power (SP) တွေကိုတော့ မထိရသေးပေ။ ခုချိန်ထိ ပါဝါ မ down ရသေးပေ။
ပါဝါကိုက တမင် မ down ချင်သေးလို့ မ down သေးခြင်း ဖြစ်၏။ လောလောဆယ်လည်း မလိုသေးဘူးကိုး။ ကျနော့်အတွက် မလိုသေးခြင်း ဖြစ်၏။ တချိန်ချိန် လိုအပ်လာပါက down ပါမည်။ လောလောဆယ်တော့ စောင့်ကြည့်ချင်သေး၏။ steemit က ဘာအပြောင်းအလဲတွေနှင့် ပြန်လာဦးမလဲပေါ့။ ဒီအချက်ကိုတော့ စိတ်ဝင်စားမိ၏။ ထို့ကြောင့်လည်း ပါဝါ မ dwon သေးပဲ စောင့်ကြည့်လိုခြင်း ဖြစ်၏။
တဖြည်းဖြည်းနှင့် Hive မှာလည်း အသားကျလို့ နေပြီ ဖြစ်၏။ ထို့ပြင် ပိုအဆင်ပြေသွားတာ တခုက esteem ကနေလည်း hive မှာ ပိုစ့်တင်လို့ ရနေပြီ ဖြစ်၏။ ထို့ကြောင့်ပဲ PeakD မှာ ဆက်မတင်ဖြစ်တော့ပဲ esteem မှာ ပိုစ့်တွေ တင်ဖြစ်နေခြင်း ဖြစ်၏။ esteem ကနေ တင်လျှင် boost လုပ်လို့ ရသည်ကိုး။ လက်ထဲမှာ ရှိနေသည့် esteem coin တွေကလည်း အများသားကိုး။ ထို့ကြောင့် ဒီအတိုင်း ထားထားမည့် အတူတူ boost လုပ်ဖို့ နေရာမှ သုံးလိုက်လျှင် ပိုကောင်းပေလိမ့်မည်။
တနေ့ တနေ့လည်း စာရေးလိုက်၊ ပိုစ့်တင်လိုက်နှင့်သာ အချိန်ကုန်နေတော့၏။ ဘယ်မှ လည်း မသွား ဖြစ်ပေ။ သွားလို့လည်း မရပြန်ဘူးကိုး။ နေ့လည်နေ့ခင်း တခါတလေ ပစ္စည်းတွေ ဘာတွေ ထွက်ဝယ်သည့် အခါမျိုးမှာတောင် လမ်းတွေက ရှင်းလို့။ မြို့က ယခင်နှင့်ကို မတူပေ၊ လမ်းတွေ ရှင်းသည့် အရှင်းက တခါသားမှ ယခုလောက်အထိ မရှင်းဖူးပေ။ ညဘက်တွေမှာတောင် ခုလောက်ထိ လမ်း မရှင်းဖူးပေ။ covi အစွမ်း အံမခန်းပင်။
လူလည်း အိမ်ထဲမှာပဲ နေပြီး စားလိုက်၊ အိပ်လိုက်နှင့် ကြာလျှင် ဖက်တီး ဖြစ်ပေတော့မည်။ futsal ကလည်း မကန်ရဘူးကိုး။ ကွင်းတွေ အကုန်လုံး ပိတ်ထားပြီ ဖြစ်၏။ အိမ်တွင်း လေ့ကျင့်ခန်းလေး ဘာလေးလောက်တော့ လုပ်ထားမှ ဖြစ်ပေလိမ့်မည်။ စာရေးရင်း၊ steem ဈေး၊ Hive ဈေး အတက်ကို စောင့်ရင်း home stay နေနေရပေလိမ့်ဦးမည်။