ငါ
..... ..... ..... ..... .....
ငါ နေထိုင်တဲ့ အရပ်မှာ
အသက်မဲ့နေတဲ့ ရုပ်ကြွင်းတွေရှိတယ်
ကိုယ့်အိမ်ရှေ့က ဗွက်အိုင်ကို
ဖြည့်ပေးနိုင်တဲ့ ကျောက်တုံးထက်
အဝေးက နေရဲ့အကူအညီယူနေရတဲ့
ကြယ်တွေကို ငါတို့က
ပိုမိုနှစ်သက် နေရာပေးကြတယ်
အချိန်တန်တော့ အိမ်ပြန်ရမှာပဲလေ
ဒါနဲ့ မင်း ဘယ်မှာနေတာလဲ?
ငါ့မှာ ပုပ်သိုးသွားတဲ့ ပန်းသီးတွေရှိတယ်
မင်းမှာ ဘာရှိလဲ?
စက္ကူပေါ်မှာ ဂဏန်းတွေ နှိပ်ထားတဲ့
စာရွက်ပိုင်းလေး လောက်နဲ့တော့ တက်မလာနဲ့
အဲ့ဒါက ပျော်ရွှင်မှု အစစ်အမှန်ကို
ဝယ်လို့ မရဘူး
ငါဟာ ရေစုန်မှာ မမျောသလို
ရေဆန်လည်း မတက်ခဲ့ဘူး
ငါက သိပ်အပျင်းကြီးတဲ့ကောင်
အလျော်အစားကြီးတဲ့ ဘ၀မှာ
မင်းနှလုံးသားကို မင်း ချထိုးရဲလို့လား
ခပ်ပျင်းပျင်းရှိတဲ့ တစ်နေ့တော့
ပန်းခြံထဲမှာ အေးအေးလူလူထိုင်ပြီ
ငါ့အိပ်မက်တွေကို
စိမ်ပြေနပြေ ပယ်ပယ်နယ်နယ်
ငါ ရိုက်ပစ်ချင်တယ်
သိဟ် (သုတ)
ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။
photo from ZEDGE
Don Jaun
MSC 31