Weekend Movie :: Udaan
ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံသိမ်မွေ့ပါတယ်။ တယောက်နဲ့ တယောက် နားလည်မှု မရှိရင် ချစ်ခြင်းမေတ္တာဟာ ပင်းပန်းမှု၊ စိတ်ဒုက္ခတွေနဲ့ ဘ၀ တဆစ်ချိုး အပြောင်းအလဲတွေပါ ဖြစ်ပေါ်စေပါတယ်။ မိဘနှင့် သားသမီး ကြားမှာလည်း နားလည်မှုဟာ အရေးကြီးပါတယ်။ တခါတလေ မိဘတွေရဲ့ အတ္တတွေကြောင့် ကလေးတွေမှာ မိမိအိပ်မက်တွေကို သစ္စာဖောက်ရတဲ့ အခိုက်အတန့်မျိုးတွေအထိ ဖြစ်လာခဲ့ရပါတယ်။ ဒါဟာ အလွန်မှပဲ ဆိုးလှပါတယ်။ ယနေ့ ခေတ်မှာ အိမ်တွင်းတိုက်ပွဲတွေက အများကြီးပါပဲ။ လူမသိ သူမသိ ဖြင့် လူငယ်တွေရဲ့ အိပ်မက်တွေ သေဆုံး ခဲ့ရပါတော့တယ်။
Rohan (Rajat Barmecha) နဲ့ အခြား သူငယ်ချင်း (၃) ယောက် ဟာ ကျောင်းမှာ ကျောင်းစည်းကမ်းကို မလိုက်နာပဲ မကြာမကြာ ချိုးဖောက်ကြလေ့ ရှိပါတယ်။ တနေ့မှာ ထုံးစံအတိုင်း သူတို့ဟာ စည်းကမ်းချိုးဖောက်မှု ထပ်လုပ်ပါတော့တယ်။ သူတို့ ကျောင်းကနေ ထုတ်ပြီး အိမ်ပြန်ပို့ ခံရပါတော့တယ်။ Rohan ရဲ့ အိမ်ပြန်ခရီးဟာ မလှမပ အေးစက်နေခဲ့ပါတယ်။ သူ့ ဖခင်ဟာ သူ့ကို ဘူတာရုံမှာ လာကြိုပေးခဲ့ပါတယ်။ အေးစက်စက် သိပ်ဆန်ပါတယ်။ အိမ်မှာ သူ မသိတဲ့ လူတယောက်လည်း ရောက်နေခဲ့ပါတယ်။ (၆) နှစ်အရွယ် ကလေးတယောက်ပါ။ Rohan ရဲ့ အဖေတူ အမေကွဲ ညီ ဖြစ်ပါတယ်။ Arjun (Aayan Boradia) လို့ ခေါ်ပါတယ်။
photo from Google
Rohan ရဲ့ အဖေဟာ တင်းမာခက်ထန်ကြမ်းတမ်းသည့် အရက်ချိုးသမား ကြီး တဦး ဖြစ်ပါတယ်။ သူ့သားတွေကို သူ့ကို အဖေလို့ မခေါ်ခိုင်းပဲ Sir ဆရာ ဟု ခေါ်ခိုင်း၏။ သူ၏ ပြုမူ ဆက်ဆံပုံတွေမှာ မေတ္တာတရားကို နည်းနည်းမှ မခံစားမိပဲ ယခုသား (၂) ယောက်အပေါ် ပြုမူဆက်ဆံပုံတွေက တာဝန်ဝတ္တရား အရ ဆိုသည့် အခြေအနေမျိုးထက်ကို မပိုခဲ့ပေ။ သူသည် Rohan ကို သူ့ စက်ရုံမှာ အလုပ်လုပ်ခိုင်းပြီး မြို့မှာ ရှိသည့် Engineer ကျောင်းတွင် တက်ခိုင်း၏။ စာပေးရေးသားခြင်းနှင့်သာ စိတ်အားထက်သန် ၀ါသနာထုံသည့် Rohan အဖို့ ထို ကိစ္စသည် မည်သို့မှ လက်ခံနိုင်စရာ အခြေအနေတခု မဟုတ်ခဲ့ပေ။ သို့သော် Rohan သည် သူ့ အဖေကို လွန်ဆန်နိုင်ခြင်း မရှိပေ။ သူ၏ နေ့စဉ် ဘ၀သည် စက်ရုပ်ဆန်ဆန် ဖြတ်သန်းနေရ၏။ သို့ပေမယ့် အားလျှင် အားသလို စာတိုပေစ ရေးသားခြင်းဖြင့် သူ့ဘ၀ အမောတွေကို ဖြေခဲ့၏။
အစကတည်းက စာပေရေးသားခြင်းကိုသာ ၀ါသနာပါသော Rohan အတွက် Engineer ကျောင်းသည် ပျော်ရွှင်မှု မပေးနိုင်မခဲ့ပေ။ စိတ်ဝင်စားမှု မရှိသောကြောင့် ကျောင်းလည်း မှန်မှန် မတက်၊ စာလည်း မှန်မှန် မလုပ် ပေ။ ထို့ကြောင့်ပင် စာမေးပွဲ၌ ရလဒ်ကောင်းမရပေ။ ထိုအကြောင်းကို Rohan ဖခင် သိသွားရာမှ ပြဿနာ တက်တော့၏။ ဖခင်၏ သူ့အပေါ် ချမှတ်ထားသော လမ်းစဉ်နှင့် သူ့ အိပ်မက်တို့ ထိပ်တိုက်တွေ့တော့၏။ တချိန်မှာတော့ သူတို့ သားအဖ အပြင်းအထန် အကြီးအကျယ် အငြင်းအခုန် ဖြစ်တော့၏။ Rohan နှင့် သူ့ ဖခင်၏ ဆက်ဆံရေးသည် မည်သို့ မည်ပုံ ဖြစ်မည်နည်း။ Rohan သည် သူ့ဖခင် ပုံသွင်းသည့်အတိုင်း ဖြစ်လာမည်လား၊ သို့မဟုတ် သူ့ အိပ်မက်တွေနောက် လိုက်ရန် တွန်းလှန်မှု တစုံတရာ လုပ်နိုင်မည်လား၊ သူ့ ရဲ့ Arjun ကကော မည်သို့ ပါဝင်ပတ်သက်မှု ရှိလာမည်ကို ပိတ်ကားထက်မှာ ဆက်လက် ကြည့်ရှု ခံစားနိုင်ပါတယ်။
photo from Google
ဒီဇတ်ကားမှာ မင်းသမီးချောချောလေး မပါပါဘူး။ ကြည်နူးဖွယ်ကောင်းသည့် အကအလှများလည်း မပါပါဘူး။ ဒီလိုတွေပြောနေလို့ ပျင်းဖို့ ကောင်းတဲ့ ဇာတ်ကားတခုလို့ မထင်မှတ်စေလိုပါဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပညာပေး ဇတ်ကားကောင်း တကား ဖြစ်တယ်ဆိုတာကို ကိုယ်တိုင် ကြည့်ရှုပြီးတဲ့အခါ သိရှိသွားပါလိမ့်မည်။
Director
Vikramaditya Motwane
Cast
Rajat Barmecha, Ronit Roy, Ram Kapoor, Manjot Singh, Aayan Boradia, Anand Tiwari, Raja Hudda, Varun Khettry, Akshay Sachdev
Don Jaun
MSC 31