ကျွန်တော်တို့ နေ့စဉ်တွေ့ကြုံနေရသည် အကြောင်းအရာတစ်ခုမှာ ဒေါသနှင့် ရင်ဆိုင်ရခြင်းဖြစ်ပါသည်။ ဒေါသနှင့်ရင်ဆိုင်ရလျှင် ကျွန်တော်တို့ အမှားအမှန်မခွဲခြားတက်တော့ပါဘူး။ သွေးပူနေသည့် အချိန်မှာ တစ်ဇွတ်ထိုးလုပ်လိုက်ပြီဆိုလျှင် သေချာပေါက်နှောင်တ ရကြပါတော့မည်။
ကျွန်တော်၏Telecom လုပ်ငန်းမှာ လူအများနှင့် ပြောဆိုဆက်ဆံရသလို/ Money Exchange Service မှာလဲ သုံးစွဲသူများစွာဖြင့် စကားပြောဆိုဆက်ဆံရပါသည်။ တစ်ခါတစ်လေ လူအနည်းစုကြောင့် စိတ်တို ဒေါသထွက်စရာများ ရင်ဆိုရပါသည်။ ကျွန်တော် ဒေါသတွေကို ဘယ်လို ထိန်းသလဲ လေ့လာကြည့်ရအောင်
Plz follow and Vote
(၁) မျှတွေးပေးပါ
ဟုတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်မှန်သလို သူဘက်ကလည်းမှန်နေတက်ပါတယ်။ မိမိမှန်တယ်ထင်ပြီး ဘာကိုမှ တစ်ဖက်စောင်းနင်းမပြောမိပါစေနဲ့။
(၂) နှောင်တမရအောင်လုပ်ပါ
နှောင်တဆိုသည်မှာ မရအောင်လုပ်လျှင်အကောင်းဆုံးဖြစ်ပါသည်။ ဒီတော့ ဘာမှမလုပ်ခင် နှောင်တမရအောင် လုပ်ပါ။
(၃) အသက်ပြင်းပြင်းရှူပါ
ဒီနည်းကတော့ ကျွန်တော် ဒေါသထွက်တိုင်းလုပ်ဖြစ်သည့် နည်းလမ်းတစ်ခုပါ။တစ်ခါတစ်လေ ဒေါသထွက်လာလျှင် အသက်ပြင်းပြင်းနှင့် မှန်နှန်လေးရှူသည် က ဒေါသကို သက်သာစေပါသည်။
(၄)နံပတ်များ ရေတွက်ပါ
ဒေါသထွက်နေချိန်မှာ နံပတ်များရေတွက်ဖို့ခက်ခဲပင်မဲ့ နံပတ်များရေတွက်ခြင်းသည် ဒေါသပြေလျော့စေမည့်အကောင်းဆုံးအချက်တစ်ခုဖြစ်ပါသည်။
ဒေါသကြောင့် အမှားမပါရလေအောင် ဒေါသကိုတက်နိုင်သမျှထိန်းနိုင်ကြပါစေလို့ တိုက်တွန်းရင်း
English Version Will be soon
Photo credit- Google
D Pa Kyaw
https://www.dpakyaw.com