၃၁ဘုံလောက၌
ဖြစိတည်ခဲ့ကြ
ဤလူ့ဘဝ
ကံ၏အစွမ်း
ဖန်တီးမှူကြောင့်
ရရှိရသော
ရုပ်နှင့်နာမ်အား
ကုသိုလ်ထုံမွန်း
လုံ့လပြု၍
ဘဝဆေးရောင်
လှအောင်ချယ်ကြမယ်။
ဣသာဝန်တို
ဤအကုသိုလ်စေတသိတ်အား
မုဒိသာလက်နက်ကုသိုလ်
ပစ်ခွင်း၍
စိတ်ကိုလှအောင်ချယ်ကြမယ်။
အကုသိုလ်စိတ်ဒေါသမီးအား
ငြိမ်းချမ်းမေတ္တာရေကိုသုံး၍
ငြိမ်းအောင်အမြဲ
ကြိုးစားမယ်။
လိုချင်ခဲ့ကြမတော်လောဘစိတ်အား
လှူ ဒါန်းပေးကမ်းခြင်းဖြင့်
နည်းအောင်အမြဲကြိုးစားမယ်။
စိတ်ကိုအမြဲ
ကုသိုလ်စိတ်ဖြင့်
နှလုံးသွင်း၍
အနာဂါတ်ဘဝ
အမြဲလှအောင်
ကြိုးစားစို့ကွယ်။
MSC No.173
Credited from google images.
့