အချစ်တဲ့ထူးဆန်းပေစွ
နားမလည်နိုင်ပါ
ဤအဓိပ္ပာယ်အား
ဘဝတလျှောက်လုံး
ကံခေလှသူ
သို့ပေမယ့်လည်း
အိပ်ပျော်နေသော
ကိုယ့်နှလုံးသားအား
လှူပ်နိုးလုလု
နလုံးသားတံခါး
ပွင့်လုနီးနီး
ဤခံစားချက်အား
အလွမ်းတွေနဲ့
အဆုံးသတ်ခြင်းမှ
ကင်းဝေးစေကြောင်း
အခါခါပင်ဆုတောင်းခဲ့။
ရင်တွင်းဆန္ဒတခုအား
လျှို့ ဝှက်၍
တိတ်တခိုးမျှော်လင့်ရင်း
အားငယ်မှူသာစိုးမိုးလျက်
ဝဋ်ကြွေးဟူသမျှ
ဤဘဝဤမျှသာ
ဖြစ်ပါစေကြောင်း
ဆုတောင်းနေမိခဲ့ပြီ။
ကဗျာသည်ကဗျာသာဖြစ်ပေသည်။စာရေးသူ၏ခံစားချက်အစစ်အမှန်မဟုတ်ပါ။
အိအိခိုင်ရေးဖွဲ့သည်။
MSC No.173.
Credited from google images.