ယင်ဖိုမသန်းအပျိုကြီးသီသီအကြောင်း စာရှူသူများ အားလုံး အပိုင်း(၁)၌ ဖတ်ရှူပြီး ဖြစ်ပါလိမ့်မည်။
အဖြစ်အပျက်ကတော့ဖြင့် သီသီအတွက်ဒီလိုဒီပုံဖြင့် စတင်ခဲ့လေသတည်း။အရင်တုန်းကကြိုးဖုန်းများပင်သူများအိမ်၌ ပိုက်ဆံပေး၍ အသုံးပြုခဲ့ရသော မြန်မာနိုင်ငံတွင် ၁၅၀၀တန်ကဒ်ဟုခေါ်တွင်သော ဖုန်းများပေါ်ပေါက် လာလေသတည်း။
အပျိုကြီးသီသီလည်း အများသူငှာနည်းတူစွာ ထို၁၅၀၀တန် ဖုန်းများအား ကိုင်သုံးပြီးနောက် facebookဟုခေါ်တွင်သော social media ကြီးအားစတင်သုံးစွဲမိလေသတည်း။
ထိုsocial mediaကြီး၌ ပုရိဿ ကျားများက ပုံစံအမျိုးမျိုးဖြင့် ဖွန်ကြောင်ကြလေသတည်း။
ှ စာ ရေးနိုင်လွန်းသူဟုထင်မြင်ခံရသူ MSC ဟုခေါ်တွင်သော အပေါက်အစပ်များပြဿ နာများစွာ ရှူပ်ထွေးပွေလီလှသောရွာမှ ရွာသူကျွန်မမှ မဟုတ်မမှန် ကော်ပီမသောက်အခန်းဆက်ဝတ္ထု ဟု ယူဆချင်လည်း ယူဆနိုင်သောကိုယ်တွေ့မဟုတ် စိတ်ကူးယဉ်၍ပေါက်ကရလျောက်ရေးသော ယင်ဖိုမသန်းသူအပိုင်း(၂)စာစုကြီးအား ရေးသားတင်ပြပါတော့မည်။
အပျိုကြီးသီသီလည်း အစပထမ၌ သူ၏မူအတိုင်း ရှက်ရွှံ့  ရွှံ့ ဖြင့် နေလာခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည်လည်း သဲကိုးဖြာရွာမှ မသဘာဝအတိုင်း အီသလိုကလီသလိုဖြင့် ဖုန်းထဲ၌ အပြင်နှင့်ခြားနားစွာ ပြုမူနေထိုင်လေတော့သတည်း။
ပထမဆုံးသူမပြန်၍ အီစီကလီလုပ်မိသူကတော့ မလေးရှားကကောင်ကလေးတစ်ယောက်ဖြစ်ပေသည်။
ထိုကောင်ကလေးသည်messengerက ဖုန်းခေါ်လာ၍
သူမလည်းလက်ခံစကားပြောခဲ့လေသည်။
" ဟဲလို မလား"
ထိုအသံကိုကြားမိသွားသော သူမမှာ ရှူးရှူးများပင် ထွက်ကျမလိုဖြစ်သွားလေတော့သည်။ သို့ပေမယ့်လည်း ငါသည်မိန်းမ သတ္တိမနည်း။သူများနည်းတူ onlineမှာ ရည်းစားလေးတစ်ယောက်တော့ရအောင်ထားမည်ဟု
အားတင်းကာစတင်၍ အကြူဇယားခင်းလေတော့သည်။
"ဟုတ်မပါမောင်"
"အချစ်မောင်လေမဓာတ်ပုံလေးကိုမြင်ပြီး အိပ်မပျော်နိုင်ဘူးမရယ်မြင်မြင်ချင်းချစ်မိတယ်ဆိုတာ ဒါပဲလားဟင်"
"မဘက်ကမောင့်ကို ဘယ်လိုသဘောထားပါသလဲဟင်"
တစ်ဖက်ကကောင်လေး၏ အသံကအညာသားလိုလို အသံမျိုးဖြစ်သည်။သူမလည်း မရှိမဲ့ရှိမဲ့ သဲကိုးဖြာသော မာယာများအား စတင်၍သုံးလေတော့သည်။
"အချစ်လည်းတူတူပါပဲ။မောင့်ကို သဲလို့ခေါ်ချင်တယ်ရမလား။"
"သဲကိုလည်း အချစ်ကမြင်မြင်ချင်းချစ်ခဲ့မိတာပါအချစ်ရယ်။"စသဖြင့် ချစ်ခွန်းချွေကာ အပြန်အလှန် ဇာတ်လမ်းစခဲ့ကြလေတော့သတည်း။
ညတိုင်းညတိုင်းအိမ်ကကြီးတော်ကြီးမသိအောင် အပျိုကြီးသီသီမှာ ခိုး၍ဖုန်းပြောရလေသည်။ မနက်ဆိုလည်း မလေးရှားစံတော်ချိန်ကိုတွက်ကာအစောကြီး ထအိမ်ကလူများမသိအောင်ချစ်ခွန်းဆိုရလေတော့သည်။
"ညည်းမလဲကုန်လိုက်တဲ့ဖုန်းဘေအေ။ ဘာတွေများ ဒီလောက်တောင်သုံးနေတာမို့လို့လဲအေ။"
"ကြီးကြီးကလည်းသမီးမှာဒီfbသုံးတာလေးပဲ စိတ်အပန်းဖြေစရာရှိတာကို။"
ဖုန်းဘေများကုန်လွန်း၍ ကြီးတော်ကပင်ပြောယူ ရပါသည်။
ဒီလိုနှင့် အီစီကလီစီလုပ်နေရင်းမှ ထိုကောင်လေးမှာ သီသီအားစာလည်း မပြန်ဖုန်းလည်းမကိုင်တော့ပေ။
အပျိုကြီးမှာ စာတွေရေးဖုန်းတွေခေါ်ကာဖြင့်စိတ်သော
ကရောက်နေပေတော့သည်။
ထိုကောင်ကလေးဆီမှနောက်ဆုံးစာပြန်ခဲ့သည်မှာကား
" အန်တီစိတ်မရှိပါနဲ့။အန်တီကို ဘယ်လိုမှခံစားလို့မရတော့လို့ပါ။"ဟူသောစာနှင့်အတူ
သူမအကောင့်အားBlockပြီး ဖုန်းနံပါတ်ကိုလည်း blacklistလုပ်ထားလေတော့သတည်း။
ထိုအချိန်မှစ၍ ယင်ဖိုမသန်းအပျိုကြီးသီသီသည်လည်း အသည်းကွဲသည်ဟုခေါ်တွင်အပ်သောစားမဝင်အိပ်မပျော်ဖုတ်လှိုက်လှိုက်ဝေဒနာကြီးအား မည်သူမှမသိအောင်ခံစားနေရလေတော့သည်။
အချစ်ဝေဒနာသည်သီသီအားကြီးတော်အပျိုကြီးမှ
" ဒီကောင်မလေးတော့ ဘာမှမစားမသောက် အခန်းထဲမှမထွက်"ဟုဆိုတာ တဖျစ်တောက်တောက်ဖြင့်မြည်တွန်တောက်တည်းနေလေတော့သတည်း။
သူမ၏ အလုပ်မှာလည်း သူမ၏ဆရာ လူပျို ကြီး ကိုဟင်နရီအောင်မှ "မသီသီခင်ဗျားဘာဖြစ်နေတာလဲ။"
"စာရင်းတွေအမှားတွေချည်းပဲ။အလုပ်ကိုအလုပ်နဲ့တူအောင်သေသေချာချာမလုပ်ဘူး။"ဟုဆိုကာ
မြည်တွန်တောက်တည်းနေလေတော့သတည်း။
မသီသီသည်လည်းထိုအသဲကွဲဝေဒနာကြီးအား မျက်ရည်စက်လက် ဘယ်သူမှမသိအောင်ကြိတ်မှိတ်ခံစားနေ
ပါတော့သည်။
"ကျားဟူသည်မှာအလွန်မာယာ ကြွယ်ကောက်ကျစ်ကြသကိုးအေ။"
"ကျုပ်တော့ ယင်ဖိုမသန်းဖြူဖြူ စင်စင်အပျိုကြီးဘဝပဲ ကျုပ်နဲ့ကိုက်ညီပါ့အေ။"ဟုတွေးတောမိနေပါတော့ သတည်း။
အပိုင်း(၃)အား ဆက်ရန်ရှိပါကြောင်း။
MSC No.173
Credited from google image
အတွေးတစ်စဖြင့်တွေးမိတွေးရာတွေး၍ပေါက်ကရလျောက်ရေးမိသည့် ကျွန်မ၏အခန်းဆက်ဝတ္ထုအား အားပေးဖတ်ရှုသူများအားကျေးဇူးအမျာကြီးတင်မိပါသည်။