ယနေ့ ဈေးကွက် အခြေအနေအရ Steem နှင့် SBD တို့ မှာ ပုံမှန် 1.5$ နှင့် 2$ ကြားတွင် ဝယ်ရောင်း လျက် ရှိကြပါသည်။ Bittrex အတွင်းရှိ Steem ဈေးကွက်မှာ ၂၄ နာရီ အတွင်း USD $1.97 သို့ အမြင့် ဆုံး ဈေးကို ရောက်ရှိသကဲ့သို့ ၂၄ နာရီအတွင်း အနိမ့် ဆုံး ဈေးမှာ USD $1.70 အထိ ကျဆင်းသွားခဲ့ပါသည်။ လက်ရှိအချိန်တွင် USD $ 1.70 ဝန်းကျင်တွင် ဝယ်ရောင်း လျက်ရှိပါသည်။
ထို့ အတူ Bittrex အတွင်းရှိ SBD ဈေးမှာလည်း ၂၄ နာရီ အတွင်း USD $ 2.04 သို့ အမြင့် ဆုံး ရောက်ရှိခဲ့ ပြီး အနိမ့်ဆုံး ဈေးအနေဖြင့် USD $ 1.78 အထိ ကျဆင်းခဲ့ပါသည်။ လက်ရှိ အချိန်တွင် USD $ 1.80 ဝန်းကျင်တွင် ဝယ်ရောင်းလျက်ရှိပါသည်။
နောက် ၂၄ နာရီ အတွက် ခန့်မှန်းချက်မှာ Steem အနေဖြင့် USD $ 1.50 ခန့် အထိ ဆက်လက် ကျဆင်း နိုင်ပြီး SBD မှာ USD $ 2$ ဝန်းကျင်ခန့်တွင် ဆက်လက် တည် ရှိနေနိုင်ပါသည်။ ဤသည်မှာ ခန့် မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက် အခြေအနေမှာ အချိန်နှင့် အမျှ ပြောင်းလည်း နေပါသည်။
Steem နှင့် SBD တို့၏ မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းများကို msc-exchange.com တွင် ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။ ဤ msc-exchange.com တွင် ဖေါ်ပြထားသော steem&SBD ဈေးနှုန်မှာ ပျမ်းမျှ ဈေးနှုန်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်နှင့် အမျှ ပြောင်းလည်းလျက်ရှိပါသည်။
MSC ၏ မှာ trading site ဖြစ်သော Bittrex ဖြစ် ချိတ်ဆက်ထားခြင်း ဖြစ်သဖြင့် မိမိတို့ ဝယ်ရောင်းလိုသော Steem & SBD တို့အား Bittrex ဈေးနှုန်းအတိုင်း တွက်ချက်ပေးမည် ဖြစ်၍ Steem & SBD တို့အား Steemit Exchange Account ဖြစ်သော
မှ wallet to wallet transfer ပေးပို့ မည်ဖြစ်ပါသည်။ MSC Members များအနေဖြင့် msc-exchange.com သို့ ဝင်ရောက်၍ မိမိတို့ ဝယ်ရောင်းလိုသော steem & SBD တို့အား buy and sell order form ဖြည့်၍ ပေးပို့ရမည် ဖြစ်ပါသည်။
အထူး သတိထားရန် လိုသည် မှာ
1 - မည်သည့် ဘဏ်အကောင့် ကိုမျှ ငွေကြို မလွဲပါနှင့်။ မိမိ ၏ mail သို့ order conformation email ဝင်ရောက်လာသော အခါ မှသာ မည်သည့် ဘဏ်သို့ ငွေလွဲရန် ညွန်ကြားချက်ပါလာမည် ဖြစ်ပါသည်။ မည်သို့သော ကြိုတင် ငွေလွဲမှုများ အတွက် MSC-Exchange မှ တာဝန်ယူမည်မဟုတ်ပါ။
2 - Buy & Sell order ဖြည့်သွင်းရာတွင် သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာရန်နှင့် မိမိ ၏ order conformation အား မိမိ ဖြည့်သွင်းလိုက်သော email သို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ ဤတွင် မိမိတို့ order ပေးပို့ပြီးလျင် exchange.msc@gmail.com မှ နောက်တကြိမ် Buy & Sell order မှာယူ နိုင်ပါပြီ ဟူသော email လက်ခံရရှိမှ သာလျင် နောက်ထပ် order ပေးပို့ ရမည် ဖြစ်ပါသည်။
3 - အဘယ်ကြောင့် ဆိုသော် Steemit account နှင့် email account တခုတည်းမှ တရက်တည်း ၂ ကြိမ်ထက် ပိုသော order ပေးပို့လျင် MSC-exchange order inbox မှ ထို အကောင့် ပိုင်ရှင်အား Auto Block လုပ်လိုက်မည် ဖြစ်၍ ထို အကောင့် ပိုင်ရှင် ၏ မည်သို့ သော Order မှ MSC-exchange inbox အတွင်းသို့ ရောက်လာတော့မည် မဟုတ်ပါ။ တနည်းအားဖြင့် blacklist သွင်းလိုက်မည် ဖြစ်ပါသည်။
4 - ထို့ကြောင့် မိမိ Order အား စနစ်တကျ ပေးပို့ နိုင်ရန် လိုအပ်ပါသည်။ ထို့အတူ စည်းကမ်းနှင့် မညီသော order form များအားလည်း လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။ မိမိ order ပေးပို့၍ ၂ နာရီအတွင်း order conformation email လက်ခံရရှိခြင်း မရှိလျင် MSC admin များသို့ ချဉ်းကပ်၍ အကူအညီ တောင်းနိုင်ပါသည်။
MSC-Exchange