အမေ့လက်ကို ဆုပ်ကိုင်ဖို့ မေ့နေကြတယ်
ချစ်သူလက်ကို ဆိုပ်ကိုင်ထားတယ်
အမေ့ကို နမ်းဖို့မေ့နေကြတယ်
ချစ်သူကိုတော့ တဖွဖွနမ်းကြတယလ
အမေနေမကောင်းတဲ့အခါ
မေးဖို့ မေ့နေတတ်ကြတယ်
ဒါပေမယ့်
ချစ်သူကိုကြတော့ အရမ်းဂရုစိုက်ကြတယ်
အမေ့မွေးနေ့ မေ့နေတတ်ကြတယ်
ချစ်သူမွေးနေ့ သတိတရ မှတ်ထားတယ်
အမေ့အတွက်လက်ဆောင် ဆိုတာမရှိခဲ့ဘူး
ချစ်သူအတွက် လက်ဆောင်ဆိုတာဘဲရှိတယ်
အမေ့ကိုချစ်တယ်လို့ ပြောဖို့ ၀န်လေးနေကြတယ်
ချစ်သူကိုကြ တဖွဖွပြောတယ်
ဘာလဲ အမေတွေကို ချစ်သူတွေလောက်တောင်
တန်ဖိုးမထားကြတော့ဘူးလား လောကမှာ အမေဟာ
မေတ္တာတရား အကြီးမားဆိုး ပုဂ္ဂိုလ် တွေပါ
အမေတွေကို ဘယ်တော့မှ မမေ့ပါနဲ့
အမေ့လက်လေးကိုပဲ မြဲမြဲဆုပ်ကိုင်ပေးထားပါ
အမေဟာ ဘာနဲ့မှ မလဲနိုင်တဲ့အရာပါ အမေရှိတုန်း
တန်ဖိုးထားပေးပါ အမေ့အတွက် အမှတ်တရနေ့တွေကို
သတိတရ တန်ဖိုးထားပေးပါ
အမေဟာ သားအတွက်တော့
ဒုတိယနေတစ်စင်းပါပဲအမေ
အမေချစ်သူများအတွက် အမေများကို တန်ဖိုးထားပေးပါ
အမေ့ကို သတိရကြပါ
အမေချစ်တဲ့သားလေး ရဲထက်ကျော်