သူတို့နှစ်ဦးလုံးက အားလုံးသိပြီးသား …
တစ်ဦးက အားလုံးရဲ့ နှလုံးသားထဲက လေးစားခြင်း အဖြူဓာတ်ခံလေးထဲမှာ ကိန်းဝင်နေပြီး ….
ကျန်တစ်ဦးက အားလုံးရဲ့ မနှစ်မြိုမှု အမုန်းစိတ်လေးထဲမှာ အိမ်ဖွဲ့တည်နေပါတယ် …
ကိုယ့်လူမျိုးတွေရဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့် .. ကိုယ့်လူမျိုးရဲ့ ဂုဏ် … ပြီးတော့ လွှမ်းမိုးနိုင်ခွင့် … အကောင်းဆုံး အခြေအနေမှာ ရှိရမယ် … ဆိုတဲ့ အတွေးက တကယ်ဆိုရင် နှစ်ဦးစလုံးရဲ့ တူညီတဲ့ စိတ်ကူးဆန္ဒ …
ဒါပေမယ့် … အဲ့သည့် စိတ်ကူးကို ပုံဖော်တဲ့ လမ်းကြောင်းက အရမ်းကွာသွားတယ် …
တစ်ဦးက လူသားအချင်းချင်း နားလည်မှု ရှိရမယ် … ငြိမ်းချမ်းရေးစိတ်ဓာတ် နဲ့ ၀ံဿာနု ခံယူချက် လေးတွေပေါင်းပြီးတော့ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို မြှင့်တင်တယ် … ကိုယ့်လူမျိုးတွေရဲ့ လုပ်ပိုင်ခွင့်ကို အကောင်းဆုံး တောင်းဆိုတယ် …
တစ်ဦးက ကိုယ့်မျိုးနွယ်စုဟာ လူသားမျိုးနွယ်စု အားလုံးရဲ့ အထက်နေရာမှာ ရှိနေခဲ့ရင် … ကိုယ်ပိုင်လုပ်ပိုင်ခွင့် များမယ် … လူမျိုးဂုဏ် မြှင့်တင်ရာရောက်တယ် … အားလုံးကို လွှမ်းမိုးခြယ်လှယ် နိုင်ခွင့် ရှိတယ် … လို့ ခံယူတယ် … ခံယူချက် အတိုင်း … ကိုယ့်လူမျိုးမှ တပါး ကျန်တာတွေကို ဖိနှိပ်တယ် … နင်းခြေ တယ် … လူမျိုးကြီးဝါဒ စွဲကိုင်ပြီး ကမ္ဘာကြီးကို စစ်မီးလောင်စေတယ် ….
ရလဒ်ကတော့ …
တစ်ဦးက လက်ခုပ်သံတွေနဲ့ အတူ အောင်ပွဲခံတယ် …
တစ်ဦးက လက်ညိုးထိုး ရှုံ့ချချက်တွေနဲ့ ကျရှုံးရတယ် …
ပစ္စည်းဥစ္စာ ဆုံးရှုံးရရင် .. ဘာမှ ဆုံးရှုံးရတာ မဟုတ်သေးဘူး …
ကျန်းမာရေးဆုံးရှုံးရရင် … အချို့အချို့သော အရာတွေ ဆုံးရှုံးရတယ် …
စာရိတ္တဆုံးရှုံးရရင်တော့ … တစ်သက်တာအတွက် အရာရာအားလုံး ဆုံးရှုံးရတယ် …
ဒါတွေထက် … အတွေးအခေါ် ဆုံးရှုံးရတာက ပိုပါတယ် …
အတွေးလွဲ … အယူမှားခြင်းက … ဒီတစ်ဘ၀စာ အတွက် အရာအားလုံးကို လက်လွှတ်လိုက်ရ နိုင်သလို …
သံသရာ တစ်ခုလုံးအထိပါ ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ် ….
မှန်ကန်သော အယူဝါဒနှင့် ဖြောင့်မတ်သော အတွေးအမြင် ရှိနိုင်ပါစေ ……